Feature အသစ်တွေနဲ့အတူ အသုံးပြုသူတွေအတွက် ပိုပြီးအဆင်ပြေလာစေမဲ့ Google Docs

Google Docs ဆိုတာကတော့ အားလုံးသိထားကြတဲ့အတိုင်း Microsoft Word လို Text Document တွေကို ဖန်တီးနိုင် ပြင်ဆင်နိုင်တဲ့ Google ရဲ့  Special Software တစ်ခုဖြစ်ပါတယ်။ Microsoft Word နဲ့မတူတာကတော့ Software တွေ Application တွေထည့်သွင်းစရာမလိုဘဲ ကိုယ့်ရဲ့ Web Browser ကနေအသုံးပြုရမှာ ဖြစ်ပါတယ်။ အင်တာနက်ကနေအသုံးပြုရမှာ ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ Phone, Tablet, PC နဲ့ Laptop တွေကနေပါ အသုံးပြုလို့ ရနိုင်ပါတယ်။ အခမဲ့အသုံးပြုနိုင်သလို အချင်းချင်း Sharing ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်တွေလည်း ပါဝင် ပါသေးတယ်။ Google အနေနဲ့လည်း Google Docs ကိုအသုံးပြုရပိုအဆင်ပြေလွယ်ကူစေဖို့အတွက် Feature အသစ်တွေကို ထပ်မံထည့်သွင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

Photo Source https://workspaceupdates.googleblog.com/

စာသားတွေနဲ့ စာပိုဒ်တွေကို ဖျက်တာပဲဖြစ်ဖြစ်၊ မိတ္တူကူးတာပဲဖြစ်ဖြစ်၊ ပြင်ဆင်တာပဲဖြစ်ဖြစ် စုပေါင်းပြီး Select လုပ်တာက အလုပ်ကိုပိုပြီး မြန်မြန်ပြီးမြောက်စေပါတယ်။ Google Docs မှာအရင်က Select ပြုလုပ်ရင် တစ်ခုပဲ ပြုလုပ်လို့ရပေမယ့် မကြာခင်မှာ တစ်ချိန်တည်းမှာပဲ Select အများအပြားပြုလုပ်နိုင်မဲ့ Multiple Text Selection အသစ်ကို ထည့်သွင်းပေးတော့မယ်လို့ Google ရဲ့ Workspace Update Post မှာဖော်ပြထားပါတယ်။ Multiple Text Selection လုပ်ဆောင်ချက်ဟာ Google Docs အတွက် default feature အဖြစ်ပါဝင်လာမှာ ဖြစ်ပါတယ်။

Photo Source https://workspaceupdates.googleblog.com/

 

Google ရဲ့ Software တစ်ခုကိုအသုံးပြုလိုက်တာနဲ့ သူ့ရဲ့ဆက်စပ် Software တွေကိုပါတစ်ခါတည်း တစ်နေရာတည်းအသုံးပြုနိုင်အောင် လုပ်ဆောင်ပေးလေ့ရှိတာကတော့ Google ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ Google Docs ကို Team အနေနဲ့စုပေါင်းပြီး အသုံးပြုကြတဲ့အခါ ဆွေးနွေးရလွယ်ကူအောင် Google Meet ကို တစ်ခါတည်း ထည့်သွင်းပေးထားပါတယ်။ Document ကိုပြုပြင်နေတာပဲဖြစ်ဖြစ် ဆွေးနွေးနေကြတာပဲ ဖြစ်ဖြစ် Google Meet နဲ့ဖုန်းခေါ်ဆိုပြီး တစ်ချိန်တည်းမှာ တိုင်ပင်နိုင်မှာ ဖြစ်ပါတယ်။ Google Meet ကို Google Docs တင်မကပါဘူး Google Spreadsheet နဲ့ Google Slide မှာပါထည့်သွင်းပေးထားပါသေးတယ်။

Photo Source https://workspaceupdates.googleblog.com/

Team နဲ့အလုပ်အတူတွဲလုပ်ကြတဲ့အခါ Feedback တွေကအရေးပါ ပါတယ်။ Creative ဖြစ်ပြီး ရိုးရှင်းတဲ့ Feedback တွေပေးနိုင်ဖို့အတွက် Google Docs မှာ Comment Section အပြင် Emoji တွေအသုံးပြုပြီး Reaction ကိုလည်း ပေးနိုင်ပြီ ဖြစ်ပါတယ်။ Third Party Emoji တွေကိုအသုံးပြုစရာမလိုတော့ဘဲ Google အနေနဲ့ Emoji နောက်ဆုံး Version တစ်ခုဖြစ်တဲ့ Emoji 14.0 ကို Built-in အနေနဲ့ထည့်သွင်းပေးထားပါတယ်။ စာလုံးတစ်လုံးစီ စာတစ်ကြောင်းစီအလိုက် Feedback ပေးချင်တဲ့အကြောင်းအရာကို Select ပြုလုပ်ပြီး Emoji Reaction တွေပေးနိုင်မှာပါ။ Emoji Reaction လုပ်ဆောင်ချက်ဟာ အသုံးပြုသူတိုင်းအတွက် Default အနေနဲ့  ထည့်သွင်းထားမှာဖြစ်ပြီး အသုံးပြုသူတွေအနေနဲ့ Disable ပြုလုပ်ထားလို့မရပါဘူး။