Web Version ထွက်ရှိလာတဲ့ Adobe ရဲ့ Photoshop နဲ့ Illustrator

Creativity နဲ့ပက်သက်လာရင် အသုံးပြုသူတွေအတွက် အမြဲမပြတ် ထောက်ပံ့ပေးနေတဲ့ Adobe အနေနဲ့ သူ့ရဲ့ Software တွေထဲကတစ်ခုဖြစ်တဲ့ Adobe Photoshop ကို Web မှာ အခမဲ့အသုံးပြုခွင့်ပေးဖို့ စီစဉ်နေပြီ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကနေဒါနိုင်ငံမှာ Photoshop Web Version ကို စမ်းသပ်အသုံးပြုနေပြီဖြစ်ပြီး နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးကိုပါ အသုံးပြုနိုင်ဖို့ ချပြပေးတော့မှာ ဖြစ်ပါတယ်။

Adobe အနေနဲ့ ၂၀၂၁ ခုနှစ်ကတည်းက Photoshop နဲ့ Illustrator web-based version ကို စတင်အသုံးပြုခွင့် ပေးခဲ့ပေမဲ့ Layer အဖွင့်အပိတ်နဲ့ Comment တွေလောက်ပဲ အသုံးပြုလို့ရတာပါ။ ဒါ့အပြင် web version ဟာ Creative Cloud subscriber တွေပဲ အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ အခု Adobe Blog Post မှာ ကြေငြာပေးခဲ့တဲ့ web version ကတော့ အခမဲ့ဖြစ်ပြီး မကြာခင် ကမ္ဘာတစ်ဝှမ်းကအသုံးပြုသူတွေအားလုံး ဝင်ရောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ 

Photo Source blog.adobe.com

Adobe ရဲ့ Creator တွေအတွက် အများကြီးအထောက်အပံ့ဖြစ်စေတဲ့ Illustrator နဲ့ Photoshop ကို web version (beta) စတင်လိုက်ပြီ ဖြစ်ပါတယ်။ web version ဖြစ်တဲ့အတွက် application download ပြုလုပ်စရာမလိုဘဲ အခြေခံပြင်ဆင်တာလောက်ကို Browser ကတစ်ဆင့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Photoshop web version ဟာ low-powered computer တွေမှာပါ အသုံးပြုနိုင်လောက်အောင် လုပ်ဆောင်ချက်စုံလင်ပြီး အသုံးပြုနိုင်စွမ်းရှိမဲ့ web version ဖြစ်လာမှာ ဖြစ်ပါတယ်။

Web version ရဲ့အားသာချက်အနေနဲ့ Adobe Cloude ပေါ်မှာ သိမ်းထားတဲ့သက်ဆိုင်ရာဖိုင်တွေကို Access ပြုလုပ်ပြီး ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါ တွဲဖက်အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ Comment တွေလဲ အသုံးပြုနိုင်မဲ့အပြင် အခြေခံအသုံးပြုဖို့လိုအပ်တဲ့ Editing Tools တွေကို Application တွေမဖွင့်ဘဲ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။