ရောင်းဝယ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းများအတွက် အသုံးဝင်လွန်းတဲ့ ABS Accounting Software

ရောင်းဝယ်ရေးနှင့် ဖြန့်ဖြူးရေးလုပ်ငန်းသုံးများအတွက် Itstar Software က ထုတ်လုပ်လိုက်တဲ့ ABS Accounting Software ကလည်း လုပ်ငန်းရှင်များအတွက် အရေးပါလွန်းတဲ့ Software တစ်ခုဖြစ်ပါတယ်။
ငွေကြေး Currency (Kyats, Dollar, Yuan, Baht, စသည်ဖြင့် အမျိုးမျိုး အသုံးပြုနိုင်သည့်အပြင်ကုန်ပစ္စည်းထိန်း Inventory နှင့် ပတ်သတ်၍ ကုန်ပစ္စည်း ဝယ်ဈေးပေါ် မူတည်၍ အမြတ်ရာခိုင်နှုန်း (သို့မဟုတ်) Formula များဖြင့် ဈေးနှုန်းသတ်မှတ်ထားနိုင်ခြင်း၊ ကုန်ပစ္စည်းတစ်ခုချင်းကို Multiple Barcode သတ်မှတ်အသုံးပြုနိုင်ခြင်း၊ ပစ္စည်းထား ဂိုဒေါင်များ အကန့်အသတ်မရှိ ခွဲခြားထားနိုင်ခြင်း၊ ဂိုဒေါင် တစ်ခုမှ တစ်ခုသို့ အရွှေ့အပြောင်းစာရင်းများ ထိန်းချုပ်နိုင်ခြင်း၊ ကုန်ပစ္စည်း အသွင်ပြောင်းကဏ္ဍ ပါဝင်ခြင်း၊ ကုန်ပစ္စည်း စာရင်းညှိကဏ္ဍ ပါဝင်ခြင်း၊ ဂိုဒေါင်တစ်ခုချင်း/ကုန်ပစ္စည်းအုပ်စုတစ်ခုချင်းအလိုက် လက်ကျန်စစ်ဆေးနိုင်သည့် Stock Ledger ပါဝင်ခြင်း တို့ပဲဖြစ် ပါတယ်။

Photo Source https://www.facebook.com/ITSTARCoLtd/posts/4457976674256890

ကုန်ဝယ် Purchase နှင့် ပတ်သတ်၍ Software စတင် အသုံးပြုချိန်တွင် – Supplier တစ်ဦးချင်းစီသို့ ပေးရန်ရှိ Opening များ စာရင်းဖွင့်တင်နိုင်ခြင်း၊ Supplier တစ်ဦးချင်းစီသို့ ဘောက်ချာတစ်စောင်ချင်း ငွေပေးချေမှု (သို့မဟုတ်) အကြွေးလုံးပေါင်း ပေးချေနိုင်သည့်စနစ် ပါဝင်ခြင်း၊ ၎င်းကဲ့သို့ ငွေပေးချေမှုများကို မည်သည့် ငွေစာရင်းမှ အသုံးပြုသည်ကို တပါတည်း ရွေးချယ်နိုင်ခြင်း၊ Supplier များထံမှ ဝယ်ယူသည့်ပစ္စည်းများကို ပစ္စည်းဝင်ဂိုဒေါင်နှင့် တပါတည်း ချိတ်ဆက်နိုင်ခြင်း၊ ပုံသေပိုင် (Fixed Asstes) ကဏ္ဍ အသုံးပြုနိုင်ခြင်း၊ Fixed Assets များကို Disposal စာရင်း ပြန်လည်သွင်းနိုင်ခြင်း၊ Supplier တစ်ဦးချင်းထံသို့ ပေးရန်ကျန်များကို ရက်/လ/နှစ်အလိုက် ပြန်လည်စစ်ဆေးနိုင်ခြင်း၊ ဝယ်ယူလိုက်သည့် ကုန်ပစ္စည်းများ၏ Product Code (eg. IMEI) များကို အလုံးရေနှင့်တကွ စာရင်းသွင်းနိုင်ခြင်းတို့ကို အသုံးပြုနိုင်ပါတယ်။
ကုန်ရောင်း Sales နှင့် ပတ်သတ်၍လည်း၊ Software စတင် အသုံးပြုချိန်တွင် Customer တစ်ဦးချင်းထံမှ ရရန်ရှိ Opening များ စာရင်းဖွင့် တင်နိုင်ခြင်း၊ Customer တစ်ဦးချင်းကို အကြွေးသတ်မှတ်ချက် (ငွေပမာဏ / ဘောက်ချာစောင်ရေ) များဖြင့် ကန့်သတ်ထားနိုင်ခြင်း၊ Customer တစ်ဦးချင်း (သို့မဟုတ်) ကုန်ရောင်းဘောက်ချာတစ်စောင်ချင်းတွင် Due Date သတ်မှတ်ထားနိုင်ခြင်း၊ မိမိပစ္စည်းများ ဖြန့်ဖြူးရောင်းချနေသည့် Region/City များ သတ်မှတ်ထားနိုင်ပြီး၊ Customer နှင့် Region/City များကို ချိတ်ဆက်ထားနိုင်ခြင်း၊ Region/City အလိုက် ရောင်းအားများ ပြန်လည်စစ်ဆေးနိုင်ခြင်း၊ Customer တစ်ဦးချင်းထံမှ ဘောက်ချာတစ်စောင်ချင်း ငွေပေးချေမှု (သို့မဟုတ်) အကြွေးလုံးပေါင်း ငွေလက်ခံနိုင်ခြင်း၊ ၎င်းကဲ့သို့ ငွေရရှိမှုများကို မည်သည့်ငွေစာရင်းမှ အသုံးပြုသည်ကို တပါထည်း ရွေးချယ်နိုင်ခြင်း၊ ကုန်ရောင်းဘောက်ချာများကို ပစ္စည်းထွက်ဂိုဒေါင်နှင့် တပါတည်း ချိတ်ဆက်နိုင်ခြင်း၊ Customer တစ်ဦးချင်း၏ ရရန်ကျန်များကို ရက်/လ/နှစ် အလိုက် ပြန်လည်စစ်ဆေးနိုင်ခြင်း၊ ရောင်းချလိုက်သည့် ကုန်ပစ္စည်းများ၏ Product Code (eg. IMEI) များကို အလုံးရေနှင့်တကွ စာရင်းသွင်းနိုင်ခြင်း၊ အရောင်းဝန်ထမ်းများ သတ်မှတ်ထားနိုင်ပြီး၊ အရောင်းဝန်ထမ်းအလိုက် ရောင်းချခဲ့သည့် ပစ္စည်းများ/ဘောက်ချာများကို ပြန်လည်စစ်ဆေးနိုင်ခြင်း
ငွေစာရင်း Cash Account နှင့် ပတ်သတ်၍လည်း Software စတင်အသုံးပြုချိန်အတွင် ငွေစာရင်း Account များကို စာရင်းဖွင့်ရှိငွေ Opening များ တင်နိုင်ခြင်း၊ အသုံးစရိတ် နှင့် အခြားဝင်ငွေစာရင်းများ အသုံးပြုနိုင်ခြင်း၊ အသုံးစရိတ်များတွင် လုပ်ငန်းသုံး / ကိုယ်ပိုင်သုံး / ဂျူတီခ ပေးဆောင်မှုများ စသဖြင့် ခွဲခြားထားနိုင်ပြီး၊ အုပ်စုအလိုက် ပြန်လည်စစ်ဆေးနိုင်ခြင်း၊ ငွေစာရင်း Account တစ်ခုမှ တစ်ခုသို့ လွှဲငွေစာရင်းများ အသုံးပြုနိုင်ခြင်း၊ သွင်းကုန်လိုင်စင် (ဂျူတီ)/ကားခ သုံးစွဲမှုဇယား ပါဝင်ခြင်း တို့ကို အသုံးပြုနိုင်ပါတယ်။

Photo Source https://www.facebook.com/ITSTARCoLtd/posts/4457976674256890

စာရင်းချုပ် Report များနှင့် ပတ်သတ်၍လည်း လုပ်ငန်းတစ်ခုလုံးအတွက် မရှိမဖြစ်လိုအပ်သည့် Report ပေါင်း (100) ကျော် ပါဝင်သည့်အပြင် Final Statement Report များဖြစ်သည့် အစမ်းရှင်းတမ်း၊ လက်ကျန်ရှင်းတမ်း၊ အရှုံးအမြတ်စာရင်း များ ပါဝင်ခြင်းတို့ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ABS Accounting Software တွင် အထက်ပါ စာရင်းပိုင်းကဏ္ဍများ ပြည့်စုံစွာ ပါဝင်ခြင်းအပြင်၊ Software အသုံးပြုသူ Login User များကို အကန့်အသတ်မရှိ ခွဲခြားထားနိုင်ပြီး၊ Software အသုံးပြုသူ တစ်ဦးချင်းစီကို အသေးစိတ် ထိန်းချုပ်နိုင်သည့် User Permission Control ပါဝင်ခြင်း၊ Software အသုံးပြုသူ တစ်ဦးချင်းစီကို မည်သူက စာရင်းသွင်းသွားသည် မည်သူက ဖျက်သွားသည် စသည့် History များကို ပြန်လည် စစ်ဆေးနိုင်ခြင်း၊ Sale Person ကို အရောင်းသီးသန့် ပေးသုံးနိုင်သည့် ABS POS [Point Of Sale] Software ပါဝင်ခြင်း၊ Barcode Printing နှင့် Scanning စနစ် ပါဝင်ခြင်း၊ Member Card စနစ် အသုံးပြုနိုင်ခြင်း တို့ဖြစ်ပါတယ်။
ABS Accounting Software ကို Cloud Database ဖြင့် အသုံးပြုနိုင်ပြီး၊ Cloud Database ၏ အားသာချက်များမှာ လုပ်ငန်းရှင်အနေဖြင့် ဆိုင်သို့ သွားရောက်စရာမလိုဘဲ လုပ်ငန်းတစ်ခုလုံးကို Control လုပ်နိုင်ခြင်း၊ မည်သည့်နိုင်ငံ မည်သည့်ဒေသသို့ ရောက်ရှိနေသည်ဖြစ်စေ ဆိုင်မှ စာရင်းသွင်းလိုက်သည့်အရာအားလုံးကို မည်သည့် ပေါင်းစပ်ခြင်းမျှ ထပ်မံလုပ်ပေးရန်မလိုအပ်ဘဲ (no need sync) အချိန်နှင့်တပြေးညီ စစ်ဆေးနိုင်ခြင်း၊ လုပ်ငန်းတစ်ခုအတွက် တိကျသည့် စာရင်းပိုင်းကဏ္ဍများပါဝင်ပြီး၊ Software တစ်ခုတွင် မရှိမဖြစ် ပါဝင်သင့်သည့် Feature များ ပြည့်စုံစွာ ပါဝင်သောကြောင့် ABS Accounting Software ဟာ အသုံးဝင်လွန်းတဲ့ Software တစ်ခုပဲဖြစ်ပါတယ်။
လက်ရှိမှာလည်း လုပ်ငန်းပေါင်း 1000 ကျော်တွင် ABS ကို အသုံးပြုလျက်ရှိပါတယ်။ အောက်ပါ Link မှာဝင်ရောက်လေ့လာ နိုင်ပါတယ်။
https://www.facebook.com/ITSTARCoLtd/posts/4457976674256890