AB Programming Training Center မှ Web Development Course (March Batch) အတန်းသစ် ဖွင့်စတင်ဖွင့်လှစ်

ဂျပန် နည်းပညာ ITကုမ္ပဏီ Aluto Benli Company ၏ AB Programming Training Center မှ Web Development Course (March Batch) အတန်းသစ် ဖွင့်စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
AB Programming Training Center သင်တန်းကျောင်းမှ အခြေခံကနေစပြီး တတ်မြောက်သည်အထိ တာဝန်ယူ သင်ကြားပေးနေတဲ့ သင်တန်းတစ်ခုဖြစ်ကာ Frontend Development ဖြစ်တဲ့ Web Foundation Course + Backend Development ဖြစ်တဲ့ PHP Web Development Course 2မျိုးလုံးကို ပေါင်းပြီး Web Development Full Courseအနေနဲ့ သင်ရမယ့် အတန်းတစ်ခုဖြစ်ပါတယ်။

Photo Soruce https://web.facebook.com/alutobenlitraining/posts/5040268692675122?_rdc=1&_rdr

ဂျပန်နိုင်ငံမှာ (သို့) နိုင်ငံခြားမှာ Web Developer အနေနဲ့ အလုပ်လုပ်ချင်သူများ၊ ပြည်တွင်းရှိ Outsourcing ရေးပေးသော ဂျပန်ကုမ္ပဏီများနှင့် IT Companyများမှာ Web Developer ၊ Web Designer အနေနဲ့ လုပ်ငန်းခွင်ဝင်လိုသူများ၊ Web Development လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုလုပ်လိုသူများ၊ Web Development ကိုအခြေခံမှစ၍တတ်မြောက် လိုသူများ၊ Web Developer အဖြစ်ရပ်တည်လိုချင်သူများ၊ PHP web developmentအပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping websiteရေးဆွဲချင်သူများအနေနဲ့ မဖြစ်မနေ တက်ရောက်သင့်တဲ့ Web Development Course တစ်ခုလည်းဖြစ်ပါတယ်။
သင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၂ ရက်မှာ စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ Web Development Full Course တွင် သင်ကြားမည့်ဘာသာရပ်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Web Foundation (HTML, CSS, Javascript, JQuery, Bootstrap)
(၂) Website တစ်ခုအတွက်အခြေခံအကျဆုံး ဖြစ်သော HTML
(၃) Website တစ်ခုကို ပိုပြီးလှပတင့်တယ်စေမဲ့ CSS
(၄) Website တစ်ခုရဲ့ action အလုပ်တွေကိုလုပ်ဆောင်ပေးတဲ့ Javascript
(၅) Responsive web design တွေကိုဖန်တီးပေးနိုင်မယ့် HTML5 and CSS3
(၆) Web design responsive frameworkဖြစ်တဲ့ bootstrap
(၇) World wide web အကြောင်း
(၈) Dynamic website အကြောင်း
(၉) PHP Web Development
(၁၀) PHP Environment & Operations & Syntax
(၁၁) Database Technology-MySQL (Real World တွင် မဖြစ်မနေ အသုံးဝင်မည့်ဘာသာရပ်)
(၁၂) OOP Concept (Programmerလု်ပမည့်သူများအတွက် မရှိမဖြစ်သိထားရမည့်ဘာသာရပ်)
(၁၃) SQL Query
(၁၄) JQuery
(၁၅) Laravel Framework (Framework introduction) စသည်တို့ဖြစ်ပါတယ်။

Photo Soruce https://web.facebook.com/alutobenlitraining/posts/5040268692675122?_rdc=1&_rdr

ကွန်ပျူတာအခြေခံသုံးတတ်ရုံဖြင့် Programming အခြေခံမရှိသူများလဲ တက်ရောက်နိုင်သော အခြေခံမှစ၍ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ၊ ကိုယ်တိုင်Website၊ Design၊ Project တစ်ခုရေးဆွဲဖန်တီးနိုင်တဲ့အထိ Trainပေး သင်ကြားပေးမယ့် Web Development Course တစ်ခုဖြစ်ပါတယ်။ Frontend Development ဖြစ်တဲ့ Web Foundation, Web Design ရော backend Development ဖြစ်တဲ့ PHP ပါ သင်ယူရမယ့် WEB DEVELOPMENT Course အတန်းသစ် တစ်ခုလည်းဖြစ်ပါတယ်။
Overseas ထွက်ပြီး Developerအနေနဲ့ အလုပ်လုပ်ဖို့ရည်ရွယ်ထားသူများ၊ Web Developerအနေနဲ့ လုပ်ငန်းခွင်ဝင် လိုသူများ၊ Web Developingလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းပြုလိုသူများ၊ Web designer အဖြစ် အသက်မွေးဝမ်း ကြောင်းပြုလိုသူများ၊ ကိုယ်ပိုင်Websiteရေးဆွဲလိုသူများ၊ Website တစ်ခုကိုကိုယ်တိုင်designရေးဆွဲပြီး ကိုယ်တိုင် ဖန်တီးချင်သူများ၊ Website ကို design လှပသေသပ်စွာဖြင့်ဆွဲတတ်လိုသူများ ၊ PHP web development အပိုင်းကို စနစ်တကျ သင်ယူချင်သူများ၊ PHP ကို အသုံးပြု၍ ကိုယ်ပိုင် Website, Online shopping website ရေးဆွဲချင်သူများ အတွက် မဖြစ်မနေ တက်ကို တက်ရောက်သင့်တဲ့ သင်တန်းဖြစ်ပါတယ်။
ပထမဦးဆုံး စာရင်းသွင်းသူ (၃)ဦးက discount 20000 ကျပ် ထပ်ရမှာဖြစ်ပြီး သင်တန်းကြေး ၁၃၀,၀၀၀ ကျပ်နဲ့ပဲ တက်ရောက်နိုင်တဲ့ အခွင့်အရေးရရှိအုံးမှာဖြစ်ပါတယ်။ သင်တန်းကို ၂၀၂၂ ခုနှစ် မတ်လ (22) ရက်နေ့ အတန်းသစ် စမှာဖြစ် ပြီး ၁ပတ်/၂ရက် (Tuesday, Thursday) မှာသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းချိန်ကတော့ ( 6:00 PM ~ 9:00 PM ) အထိဖြစ်ပြီး သင်တန်းကာလ ၃ လကြားမြင့်မှာဖြစ်ပါတယ်။ ဆရာကိုယ်တိုင် Zoom နဲ့ Live Face to Face သင်ကြားပေးတဲ့အတန်းဖြစ်သလို သင်တန်းကြေး 150,000 ကျပ် ကျသင့်မှာဖြစ်ပါတယ်။
ပုံမှန် inclass သင်တန်းကြေး 300,000 ကျပ်ကို အခုကာလ ခက်ခဲနေကြတဲ့အချိန်ဖြစ်တဲ့အတွက် နည်းပညာကိုလေ့လာလိုသူများ၊ အနာဂတ်မှာ လုပ်ငန်းခွင်ဝင်ကြမယ့်လူငယ်များအတွက် အဆင်ပြေလွယ်ကူစွာ တက်ရောက်နိုင်စေရန် သင်တန်းကြေးကို အသက်သာဆုံးဖြင့် သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကြေးခွဲသွင်းလိုတဲ့ ကျောင်းသားများအတွက် ခွဲသွင်းနိုင်အောင် စီစဉ်ပေးထားပါတယ်။ online paymentဖြင့်လဲ လက်ခံပေးသွားမှာဖြစ်ပါတယ်။
Zoom Live နဲ့ သင်ကြားတာဖြစ်လို့ ထိထိရောက်ရောက် သင်ကြားပေးနိုင်ဖို့ လူဦးရေ အများကြီးလက်မခံပါဘူး။ လူဦးရေ အကန့်အသတ်နဲ့ပဲသင်မှာပါ။ online class ဖြစ်ပေမယ့်လဲ သတ်မှတ်ထားတဲ့ သင်ကြားချိန်ပြည့်မှီပါက AB Programming Training Centerရဲ့ Certificate ရမှာဖြစ်ပါတယ်။ သင်တန်းသားအများအနေနဲ့ သင်ပြီးသားသင်ခန်းစာတွေကို ပြန်လည်ကြည့်ရှုနိုင်ဖို့လဲ Video Recording Fileတွေ စီစဉ်ထားပါတယ်။ သင်တန်းကို join ဖို့ Zoom software ကို မသုံးတတ်သူများအတွက် သင်တန်းက သုံးပုံသုံးနည်းပြောပြပေးပြီးမှ သင်တန်းစမှာဖြစ်ပါတယ်။
စုံစမ်းမေးမြန်းရန်နှင့် သင်တန်းအပ်နှံလိုပါက ဖုန်း 09- 759 646 802 သို့ ဖုန်းဆက်၍ဖြစ်စေ၊ Page Messengerမှ ဖြစ်စေ ဆက်သွယ်အကြောင်းကြား၍ Wave Pay, KBZ Pay, AYA, CB စသည့် payment များဖြင့် သင်တန်းအပ်နှံနိုင်ပါတယ်။ သင်တန်းလိပ်စာနှင့်ဖုန်းနံပါတ်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
No.77, Room 2B, Dhammazedi Road, Myaynigone,
Sanchaung Township
Phone : 09- 759 646 802