ပညာရှာဖွေလိုသူ လူငယ်များအတွက် စိတ်ချရတဲ့ GYS Online Classes ဆိုတာ….

လက်ရှိလူငယ်များအနေနဲ့ ပညာရေးပိုင်းဆိုင်ရာတွေမှာ လေ့လာသင်ယူဖို့အတွက် အလုပ်တစ်ဖက်နဲ့အချိန်မပေးနိုင်ကြပါဘူး။ အဲ့ဒီအတွက်ကြောင့်လည်း Online ပေါ်မှာ ဖွင့်လှစ်တဲ့ သင်တန်းတွေများစွာထဲက ကိုယ်ဝါသနာပါတဲ့ သင်တန်းတွေကို အား လပ်ချိန်တွေမှာ တက်ရောက်သင်ယူလာကြပါတယ်။ သင်တန်းကြေးနည်းနည်းနဲ့ တက်ရောက်သင်ယူချင်တိုင်းအတွက် ဒါက လည်းအခွင့်အရေးတစ်ခုလို့ဆိုနိုင်ပါတယ်။ အဲ့လိုဖွင့်လှစ်တဲ့ သင်တန်းကျောင်းတွေထဲမှာ လူငယ်တွေအတွက် အားထားရာ GYS Online Classes ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။
GYS Online Classes ကို လူငယ်တွေရဲ့ အနာဂတ်တိုးတက်မှုအတွက် ၂၀၁၈ ခုနှစ်ထဲကစပြီး Seminar များ Event များကို မြန်မာနိုင်ငံတဝှမ်းမှာ စီစဉ်ဟောပြောခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အင်တာနက်ရတဲ့ မြန်မာနိုင်ငံသားတိုင်းအတွက် အသိပညာ ဗဟုသုတများ၊ Soft-skill များ အပြင် ဘာသာစကား များ သင်ကြားပို့ချနိုင်ဖို့ အတွက် GYS Online Classes ကို စတင်တည်ထောင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။
GYS Online Classes မှာ သင်တန်းပေါင်း ၃၀ ကျော် ရှိပါတယ်။ ဒါပေမဲ့ ခြုံပြောရမယ်ဆို ဘာသာစကား၊ စီမံခန့်ခွဲမှု၊ စီးပွားရေး နှင့် ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုသင်တန်းများ ဆိုပြီး ၄ မျိုးခွဲထားပါတယ်။ IT ပိုင်းဆိုင်ရာသင်တန်းများကိုလဲ ဖွင့်လှစ်ထားပါတယ်။

Photo Source https://www.facebook.com/GYS.OC

မိမိရဲ့ အရည်အသွေးမြင့်မားဖို့အတွက် GYS Online Classes မှာသင်တန်းတက်တော့မယ်ဆိုရင် ကျောင်းသားဖက်က 50 ရာခိုင်နှုန်း သင်တန်းဖက်က 50 ရာခိုင်နှုန်းဆိုပြီး ရှိပါတယ်။ ကျောင်းသားဖက်က 50 ရာခိုင်နှုန်း မှာ စာပုံမှန်လုပ်ရမယ်၊ အိမ်စာတွေပုံမှန်ထပ်ရမယ်၊ နေ့စဉ်ပုံမှန်လေ့ကျင့်ရမယ်။ ဒါတွေကိုလုပ်ထားမယ်ဆို သင်တန်းဖက်က သင်ကြားပို့ချ ထားတဲ့သင်ခန်းစာပိုင်းနဲ့ သင်ကြားမှု စနစ်ပိုင်းများကို ရာနှုင်းပြည့်တာဝန်ယူပေးပါတယ် မတတ်မချင်းသင်ပေးမှာဖြစ်ပါတယ်။
GYS Online Classes မှာဆိုရင် ဘာသာစကားသင်တန်းတွေအနေနဲ့ English, Korea, Thai, Japan, Chinese နဲ့ French ဘာသာစကားတွေကို အခြေခံကနေပြီး အမြင့်တန်းတွေအထိသင်ကြားပေးနေတာလည်းဖြစ်ပါတယ်။ English မှာဆို ကလေးတွေက စပြီးတက်လို့ရတဲ့ အတန်းတွေကစပြီး Business English အထိ အဆင့်များစွာရှိပါသေးတယ်။ HR, Marketing, Sales, Project Management အစရှိတဲ့အတန်းတွေ အပြင် Time Management, Effective Communication အစရှိတဲ့ Soft Skill အတန်းတွေ Money IQ, Personal Goal Setting အစရှိတဲ့ GYS မှာပဲ ဖွင့်တဲ့အတန်းတွေလဲရှိသလို Facebook Marketing, Master Online Selling လိုမျိုး Online business တွေအတွက် အတန်းတွေလဲရှိပါတယ်။ သင်တန်းကြေးက တစ်ကြိမ်ထဲ သွင်းပြီး မတတ်မချင်းလေ့လာလို့ရမှာလည်းဖြစ်ပါတယ်။
GYS Online Classes အနေနဲ့လည်းနောက်ပိုင်းမှာ IT ပိုင်းဝါသနာပါတဲ့ လူငယ်တွေအတွက် IT ပိုင်းမှာ လိုအပ်တဲ့အတန်းတွေကို ထပ်မံဖွင့်လှစ်သွားအုံးမှာဖြစ်ပါတယ်။
သင်ကြားရေးအပိုင်းကိုပြောပြပါဆိုရင်တော့ Facebook Private Group မှာ Video File နဲ့ အခြေ ခံကစပြီး စနစ်တကျ သင် ကြားပေးတာပါတယ်။ သင်တန်းတက်ရောက်တဲ့သူတွေအတွက် မရှင်းတာရှိရင် ပြန်မေးလို့ရအောင်လဲ သက်ဆိုင်ရာ Chat Box ကနေ ဆရာ/ဆရာမနဲ့တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်အောင်ဖို့စီစဉ်ပေးထားပေးပါသေးတယ်။ ဘာသာစကားအတန်း တွေမှာဆို ကျောင်းသားတွေချိတ်ဆက်လို့ရတဲ့ Group တွေပြုလုပ်ထားပေးတဲ့အပြင် Zoom Meeting တွေ Live တွေလဲ ရှိပါသေးတယ်။

Photo Source https://www.facebook.com/GYS.OC

GYS Online Class မှာတော့ကျောင်းသားတွေအတွက် Language ပိုင်းဗဟုသုတရမဲ့အကြောင်းအရာတွေ၊ ဘာသာစကား လေ့လာနည်းတွေ အပြင် General Knowledge ပိုင်းတွေလဲ ဝေမျှပေးနေပါတယ်။ လောလောဆယ် Website နဲ့ တင်ဆင်သွားဖို့ ကြိုးစားနေပါတယ်။ နောက်ပိုင်းမှာတော့ သင်ယူရတာပိုအဆင်ပြေအောင် Application ကိုလည်း ပြုလုပ်သွား အုံးမှာပါ။
GYS မှာ သင်တန်းတက်ရောက်သူတွေအနေနဲ့ သင်တန်းပြီးဆုံးတဲ့အခါ သင်တန်းပြီးဆုံးကြောင်းအသိအမှတ်ပြု Certificate ပေးပါတယ်။ GYS ရဲ့ သင်တန်းကြေးအနည်းဆုံးကတော့ Basic Computer 9000 ကျပ် ဖြစ်ပြီး အများဆုံးကတော့ Side Hustle (Start your own business) 120000 ကျပ်ဖြစ်ပါတယ်။
သင်တန်းကြေးပေးသွင်းတဲ့အခါ K Pay/Wave နဲ့ အများဆုံးလက်ခံပြီး KBZ,AYA,CB,YOMA အစရှိတာတွေအပြင် CB Pay, AYA Pay, UAB Pay, True Money, Bangkok Bank တွေနဲ့လက်ခံပေးပါတယ်။
လူငယ်တွေအနေနဲ့ အချိန်မရွေးနေရာမရွေး ပညာရှာချင်တယ် စိတ်ချယုံကြည်ရတဲ့ သင်တန်းမျိုးကိုရှာနေတယ်ဆိုရင် သင်တန်းသားပေါင်း ၃၀၀၀၀ ကျော်တက်ရောက်သင်ကြာပြီး Review ကောင်းတွေနဲ့ ရပ်တည်နေတဲ့ GYS မှာသင်တန်း တက်ဖို့ အကောင်းဆုံးနေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။