Grab Myanmar မှ တစ်နာရီအတွင်း အိမ်အရောက်ပို့ဆောင်ပေးနိုင်မည့် GrabMart ဝန်ဆောင်မှုအသစ်ကိုမိတ်ဆက်

အရှေ့တောင်အာရှ၏ ထိပ်တန်း နေ့စဉ်သုံး App တစ်ခုဖြစ်သော Grab မှ နေ့စဉ်မရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်သည့် စား သောက်ကုန်များအား အိမ်အရောက်ပို့ဆောင်ပေးမည့် GrabMart ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
GrabMart တွင် စားသောက်ကုန်ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ၊ ကျန်းမာရေးနှင့်အလှအပရေးရာ အသုံးအဆောင်များနှင့် လက်ဆောင်ပစ္စည်းများကို Grab App အသုံးပြု၍ ရန်ကုန်မြို့ရှိ ရာပေါင်းများစွာသော ဆိုင်များမှ အဆင်ပြေလွယ်ကူစွာ တိုက် ရိုက်ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ GrabMart မှ မှာယူမှုတစ်ခုစီတိုင်းကို တစ်နာရီအတွင်ငး အိမ်အရောက်ပို့ဆောင်ပေးမည်ဖြစ် ကာ မိမိတို့၏ အမှာအော်ဒါ လက်ခံပို့ဆောင်မှုအဆင့်ဆင့်ကို ဝယ်ယူသည့်နေရာမှ လက်ဝယ်ရသည်အထိ အချိန်နှင့်တစ်ပြေး ညီ စောင့်ကြည့်နိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/GrabMM/

နိုင်ငံအတွင်း လက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကပ်ရောဂါအား ဟန့်တားကာကွယ်နေချိန်တွင် ပြည်သူများပိုမို အားထားအသုံး ပြုလာကြသည့် အိမ်အရောက်ပို့ဆောင်ခြင်း ဝန်ဆောင်မှုကို အချိန်ကိုက် ပံ့ပိုးပေးရန်ရည်ရွယ်ပြီး GrabMart ဝန်ဆောင်မှုကို မိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။ Grab ၏ အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုဖြစ်သော GrabFood က ပြည်သူ ထောင်ပေါင်းများစွာအတွက် နေ့စဉ်အစားအသောက်များ အိမ်အရောက်ပို့ဆောင်ကာ ဝန်ဆောင်မှုပေးလျက်ရှိသကဲ့သို့ GrabMart တွင်လည်း သုံးစွဲသူများအနေဖြင့် ၎င်းတို့၏ ရုံးခန်းနှင့် အိမ်များအတွက် (သို့မဟုတ်) ချစ်ခင်ရသူများအတွက် နေ့ စဉ် မရှိမဖြစ်လိုအပ်သည့် အသုံးအဆောင်များကို လွယ်လင့်တကူမှာယူနိုင်ပြီဖြစ်သည်။
“COVID-19 ကြောင့် ရန်ကုန်မှာ အိမ်အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုတွေ အသုံးပြုမှုက ပိုပြီးများလာတဲ့အပြင် ပြည်သူ တွေအနေနဲ့လည်း ဒီလိုအိမ်အရောက်မှာယူရတဲ့ ဝန်ဆာင်မှုတွေနဲ့ ပိုမြန်မြန် အသားကျလာကြတာကြောင့် Grab အနေနဲ့ ရှိပြီးသားနည်းပညာတွေ၊ အိမ်အရောက်ပို့ဆောင်မှုကွန်ရက်နဲ့ လုပ်ငန်းဆောင်ရွက်မှုလမ်းကြောင်းတွေကို အဆင့်မြှင့်တင်ပြီး GrabMart ကို မိတ်ဆက်ဖို့ဖြစ်လာခဲ့တာပါ။ COVID-19 အလွန်ကာလ ပုံမှန်အခြေအနေကို ပြန်ရောက်လာရင်တောင် အိမ် အရောက်ပို့ဆောင်တဲ့ ဝန်ဆောင်မှုလိုအပ်ချက်က ဆက်ပြီးမြင့်တက်နေဦးမယ်လို့ ကျွန်မတို့ခန့်မှန်းထားပါတယ်။ ကျွန်မတို့ အနေနဲ့ သုံးစွဲသူတွေရဲ့ ဈေးဝယ်ဖို့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကျွန်မတို့ရဲ့ ပို့ဆောင်ရေးမိတ်ဖက်တွေအ တွက် အလုပ်အကိုင်အခွင့်အလမ်းတွေပိုပြီး ဖန်တီးပေးနိုင်အောင်နဲ့ လူသုံးကုန်ပစ္စည်းရောင်းချတဲ့ မိတ်ဖက်စတိုးဆိုင်တွေအ တွက် အရောင်းမြှင့်တင်ပေးနိုင်အောင် GrabMart ဝန်ဆောင်မှုကို ချဲ့ထွင်ဖို့ အရင်ထက်နှစ်ဆ ကြိုးစားအားထုတ်သွားမှာပါ” ဟု Grab Myanmar မှ Country Head ဖြစ်သူ Cindy Toh က ပြောကြားခဲ့သည်။

Photo Source https://web.facebook.com/GrabMM/

GrabMart ၏ မိတ်ဖက်လုပ်ငန်းစတိုးဆိုင်များစာရင်းတွင် ရပ်ကွက်တွင်း မီနီမတ်များ၊ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ ထုပ်ပိုးပြီး လူသုံးကုန်ပစ္စည်းများနှင့် ကုန်စိမ်းအရောင်းချသူ မိတ်ဖက်များပါဝင်ပါသည်။ GrabMart တွင်းရှိ Essentials ဆိုင်သည် မြန်မာ နိုင်ငံတွင်း စတိုးဆိုင်ခွဲအများဆုံးနှင့်ဦးဆောင်နေသည့် G & G နှင့်ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်သည်။ အဆိုပါ ပူးပေါင်း ဆောင်ရွက်မှုအရ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း ၁၁ ခုဖြစ်သော ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား၊ လှိုင် နှင့် မြေနီကုန်းတောင်ဘက်မြို့နယ်များတွင် နေထိုင်ကြသည့် အိမ်ထောင်စုများမှာ ထောင် ချီသည့် အမှတ်တံဆိပ်အမျိုးမျိုးနှင့် နေ့စဉ်မရှိမဖြစ်လိုအပ်သည့် လူသုံးကုန်ပစ္စည်းများကို GrabMart မှတစ်ဆင့် ဝယ်ယူနိုင်ပြီ ဖြစ်သည်။ နို့်နှင့် နို့ထွက်ပစ္စည်းများ၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ သွားရည်စာမုန့်များ အစရှိသည့် စားသောက်ကုန်များသာမ က သောက်ရေသန့်၊ ဆိုဒါကဲ့သို့သော သောက်သုံးစရာများနှင့် အဖျော်ယမကာများကိုလည်း မှာယူနိုင်မည်ဖြစ်သည်။
ယခုအခါ GrabMart ၏ မိတ်ဖက်လုပ်ငန်းစတိုးဆိုင်များသည် အွန်လိုင်းမှ ရရှိလာမည့် စားသုံးသူအသစ်များ အမြတ်ငွေတိုး တက်လာမည့် အခွင့်အလမ်းနှင့်မှာယူမှုများအား စီမံနိုင်ရန် Grab ၏ နည်းပညာပလက်ဖောင်းကို အသုံးပြုခွင့်များမှ အကျိုး ခံစားရတော့မည်ဖြစ်သည်။ ထို့ပြင် မှာယူမှုအရေအတွက် မြင့်မားလာစေရန် အထူးလျှော့ဈေးများနှင့် အရောင်းမြှင့်တင်ခြင်း နည်းလမ်းများပါဝင်သည့် GrabMart ၏ ဈေးကွက်ချဲ့ထွင်ရေးစွမ်းရည်ကို အမှီပြုကာ စားသုံးသူအသစ်များကို ပိုမိုဆွဲဆောင် ပြီး ထုတ်ကုန်များ ပိုမိုရောင်းချနိုင်တော့မည်ဖြစ်သည်။ နောက်လများတွင် များစွာသော ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို GrabMart ၏ မိတ်ဖက်လုပ်ငန်းစတိုးဆိုင်များအဖြစ် Grab Platform ပေါ်တွင် ထည့်သွင်းပေးတော့မည်ဖြစ်သည်။
“GrabMart နဲ့ပးပေါင်းဆောင်ရွက်ရတဲ့အတွက် ကျွန်တော်တို့တကယ်ကိုပဲ ဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်။ ဒီပူးပေါင်း ဆောင်ရွက်မှုကတစ်ဆင့် ကျွန်တော်တို့အတွက် စားသုံးသူအသစ်တွေဆီကို ရောက်ရှိနိုင်မယ့် လမ်းကြောင်းအသစ်ကိုသာမ ကဘဲ လက်ရှိ စားသုံးသူမိတ်ဆွေတွေအတွက်လည်း ဝန်ဆောင်မှုအသစ်တစ်ခုကို ထပ်ပြီးပံ့ပိုးပေးနိုင်စေပါတယ်။ အခုလိုမျိုး ယုံကြည်စိတ်ချစွာအသုံးပြုနိုင်တဲ့ နည်းပညာပလက်ဖောင်းတစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လာတာက ကျွန်တော်တို့နဲ့ ကျွန် တော်တို့အလေးထားရတဲ့ စားသုံးသူမိတ်ဆွေတွေကြားက ဆက်ဆံရေးမှာ အကျိုးရလဒ်ကောင်းတစ်ခု ရှိလာမယ်လို့ မျှော်လင့်ပါတယ်”ဟု GrabMart ၏ အဓိက မိတ်ဖက်တစ်ဦးဖြစ်သည့် G & G စတိုးဆိုင်လုပ်ငန်းများ ဆောင်ရွက်နေသော Capital Diamond Star Group Retail ၏ စီအီးအို Mr. Gabor Dolmanyos က ပြောကြားသည်။

Photo Source https://web.facebook.com/GrabMM/

GrabMart ကို သုံးစွဲရန်အတွက် App အသစ်တစ်ခုဒေါင်းလုတ်ရယူရန် မလိုအပ်ဘဲ Grab App ၏ ပင်မစာမျက်နှာတွင် Mart အိုင်ကွန်ကို ရွေးချယ်ရုံဖြင့် ဝန်ဆောင်မှုအသစ်ကို စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် မိတ်ဖက်လုပ်ငန်း စတိုင်းဆိုင်စာရင်းမှ မိမိတို့နှစ်သက်ရာဆိုင်ကို ရွေးချယ်ကာ ဝယ်ယူလိုသည့် ပစ္စည်းများကို ဈေးခြင်းတောင်းအတွင်း ထည့် သွင်းနိုင်သည်။ မိမိတို့ဝယ်ယူထားသည့် ပစ္စည်းအမျိုးအမည်များနှင့် အရေအတွက်ကို စိစစ်ခြင်း၊ ပြင်ဆင်ခြင်း ပြုလုပ်လိုပါက View Basket ကိုနိုပ်ကာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့နောက် Place Order ကိုနိုပ်ကာ မှာယူခြင်း ပြုလုပ်ပြီးပါက အမှာ တည်ပြုစာတိုကို ရရှိမည်ဖြစ်သည်။
GrabMart သုံးစွဲသူများသည် မှာယူမှုများကို တစ်နာရီအတွင်း အိမ်အရောက်လက်ခံရယူနိုင်မည်ဖြစ်ပြီး ၎င်းက ယခုကဲ့သို့ မိုးတွင်းကာလတွင် သုံးစွဲသူများအတွက် ပိုမိုအဆင်ပြေလွယ်ကူစေမည်ဖြစ်သည်။ မှာယူမှုပြီးမြောက်ပါက Grab သုံးစွဲသူများ သည် အမှာအော်ဒါခြေရာခံခြင်း၊ လာရောက်ပို့ဆောင်သူထံတိုက်ရိုက်စာတိုပေးပို့ခြင်း၊ ဖုန်းခေါ်ခြင်းများကို Grab App တွင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ပြင်အကူအညီလိုအပ်ပါက ၂၄ နာရီပိတ်ရက်မရှိ အသင့်ရှိနေသော Grab ၏ သုံးစွဲသူ အတွေ့အကြုံ ဝန်ဆောင်မှုအဖွဲ့ကိုလည်း ဆက်သွယ်နိုင်သည်။
အများသုံးနေရာများတွင် mark တပ်ဆင်ရမည်ဆိုသည့် လိုအပ်ချက်ကို Grab သုံးစွဲသူများ လိုက်နာနိုင်ကြရန် ရည်ရွယ်ကာ ပရိုမိုကုဒ် MASKS ကိုအသုံးပြုကာ သတ်မှတ်အရည်အသွေးပြည့်ဝပြီး အလွှာသုံးခုပါဝင်သော ဆေးရုံသုံး နှာခေါင်းစည်းများ ကို သယ်ယူပို့ဆောင်ခ မြန်မာကျပ်ငွေ ၁၀၀ ဖြင့်သာ မှာယူရရှိနိုင်စေရန် Grabmart က အထူးလျှော့ဈေးကို ပြင်ဆင်ပေးထား သည်။
လက်ရှိအချိန်တွင် Grab က အရှေ့တောင်အာရှ ဒေသတွင်းရှိ မြို့ပေါင်း ၅၀ တွင် ဒေသခံဈေးဝယ်စင်တာနှင့် စတိုးဆိုင်ပေါင်း ၃၀၀၀ ကျော်တို့နှင့် လက်တွဲကာ GrabMart ဝန်ဆောင်မှုပေးအပ်လျက်ရှိသည်။ GrabMart ဝန်ဆောင်မှုကို မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ နှင့်မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံတွင် ရယူသုံး စွဲနိုင်ပြီဖြစ်သည်။