OnDoctor အပလီကေးရှင်း Asia Smart App Awards 2020 ပြိုင်ပွဲတွင် Merit Award ဆုရရှိ

ပြည်တွင်းက ကျန်းမာရေးစောင့်ရှောက်မှုမိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်သည့် OnDoctor သည် Asia Smart App Awards 2020 ပြိုင်ပွဲတွင် “Public Sector Distinction” အမျိုအစားဖြင့် “Merit Award” ဆုရရှိခဲ့ကြောင်းသိရသည်။
Asia Smart App Awards (ASA) 2020 ကို Hong Kong Wireless Technology Industry Association (WTIA) ကစီစဉ်ကျင်းပခြင်းဖြစ်ပြီး ခုနစ်ကြိမ်မြောက်ဆုပေးပွဲဖြစ်သည်။ ဆုကိုဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသမှ Create Hong Kong (CREATEHK) ၏ရန်ပုံငွေဖြင့် ထောက်ပံ့ထားခြင်းဖြစ်ပါသည်။ ပြိုင်ပွဲတွင် ကမ္ဘောဒီးယား၊ အစ္စရေး၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ သီရိလင်္ကာ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများမှ ပြိုင်ပွဲဝင်များပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပွဲ၏ ရည်ရွယ်ချက်မှာ Smart Application နယ်ပယ်တိုးချဲ့ရာမှာ ဖွံ့ဖြိုးမှုတိုးတက်မှုအားပေးဖို့ဖြစ်သည်ဟု သိရသည်။ ပြိုင်ပွဲဝင်များက ၎င်းတို့၏အပလီကေးရှင်းကို Public Sector Distinction၊ Business and Commercialနှင့် Lifestyle, Social and Entertainment အမျိုးအစားသုံးခုနှင့် ယှဉ်ပြိုင်ခဲ့ကြသည်။
ဆုများကို Asia Smart App Awards Summit တွင် Virtual Award Presentation အခမ်းအနားနှင့် ချီးမြှင့်မည်ဖြစ်ပြီး အဆိုပါ Summit တွင် WTIA ၏ဒေသဆိုင်ရာမိတ်ဖက်များထဲမှ Speaker များက အာရှမှ မိုဘိုင်း App များ၏ဖွံ့ဖြိုးတိုးတက်မှုနှင့်ပတ်သက်ပြီး ၎င်းတို့၏အမြင်ကိုဝေမျှမည်ဖြစ်သည်။
Asia Smart Awards Summit နှင့် Award Presentation Ceremony ကို စက်တင်ဘာလ ၁၇ ရက် မွန်းလွဲ ၂း၃၀ နာရီမှ ညနေ ရး၃၀ နာရီအထိ (GMT+8) ထိ ကျင်းပသွားမည်ဟု သိရသည်။

Photo Source https://web.facebook.com/OnDoctor/

OnDoctor သည် ဆရာဝန်များနှင့်ဆက်သွယ်ပြီး အကြံဉာဏ်ရယူနိုင်သလို ကျန်းမာရေးအသိပညာများ ရယူနိုင် သည့် မိသားစုကျန်းမာရေးစောင့်ရှောက်မှုမိုဘိုင်းအပလီကေးရှင်းတစ်ခုဖြစ်ပါသည်။ ၂၀၁၆ တွင်စတင်တည်ထောင်ခဲ့ပြီး အာဆီယံ အမှတ်တံဆိပ်များစွာလည်း ရရှိထားပါသည်။ လက်ရှိအချိန်တွင် Android ဖုန်းများတွင် တွင်ကျယ်စွာအသုံးပြုနိုင်နေပြီ ဖြစ်ပါသည်။ App ကို အသုံးပြုပြီး ဆရာဝန်များနှင့် ဆက်သွယ်စကားပြောခြင်း၊ Video Call ပြောဆိုခြင်းတို့အပြင် လူနာ၏ကျန်းမာရေးနှင့် ဆေးကုသမှုဆိုင်ရာအခြေအနေများ ထိန်းသိမ်းပေးထားခြင်းတို့ကိုလည်း လုပ်ဆောင်နိုင်သည်။
ထို့ပြင် အသုံးပြုသူများအနေဖြင့် ဆရာဝန်များ၊ အထူးကုများကိုယ်တိုင် ပုံမှန်တင်ဆက်ပေးနေသည့် ကျန်းမာရေး ဆောင်းပါးများ၊ ဗဟုသုတအစီအစဉ်များကို အပလီကေးရှင်းအတွင်းမှာပင် ကြည့်ရှုနိုင်ပါသည်။ မကြာသေးခင်ကာ လကလည်း Ondoctor နှင့် Samsung Myanmar တို့ ပူးပေါင်းပြီး Samsung Member များအတွက် ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုများကို အထူးနှုန်းထားဖြင့် ပေးဆောင်သွားရန်အတွက် အတူတကွပူးပေါင်းဆောင်ရွက်ခဲ့ကြ သည်။ ၂၀၂၀ ဇူလိုင် ၃ ရက်ကစတင်သည့် ယင်းအစီအစဉ်တွင် Samsung Member များအနေဖြင့် OnDoctor App တွင် Bonus Point များ ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

Photo Source https://web.facebook.com/OnDoctor/

အသုံးပြုသူများအနေဖြင့် ဆရာဝန်များ၊ အထူးကုများကိုယ်တိုင်ရေးသည့် အမျိုးသား/အမျိုးသမီး ကျန်းမာရေးအကြောင်း၊ ကလေးသူငယ်ကျန်းမာရေးအကြောင်း၊ ရာသီအလိုက်ဖြစ်တတ်သည့်ရောဂါများ စသည့် ကျန်းမာရေးဆောင်းပါး ပေါင်းများစွာကိုလည်း ပုံမှန်ဖတ်ရှုနိုင်ပါသည်။ ထို့ပြင် အသုံးပြုသူများအနေဖြင့် ရောဂါမျိုးစုံ၏လက္ခဏာများ၊ ဆေးပညာ ဆိုင်ရာအသုံးအနှုန်းနှင့် ဆေးဝါးဆိုင်ရာသတင်းအချက်အလက်များအကြောင်း အစုံအလင်သိရှိနိုင်သည့် အပလီကေးရှင်း တစ်ခုလည်းဖြစ်သည်။ ondoctor website တွင်လည်း ကျန်းမာရေးဆိုင်ရာဗဟုသုတရစေသည့်ဆောင်းပါးများ၊ ကျန်းမာရေး အသိပညာပေးစာပေများကိုလည်း ဝင်ရောက်ဖတ်ရှုနိုင်မည်လည်းဖြစ်သည်။
OnDoctor App သည် ကျန်းမာရေးဆိုင်ရာဗဟုသုတများကို အချိန်ကုန်သက်သာစွာ ဆရာဝန်များနှင့် Online မှတိုက်ရိုက် ဆွေးနွေးနိုင်သည့်အတွက်လည်း ပြည်သူများအတွက် အကျိုးရှိစေသော App တစ်ခုလည်းဖြစ်သည်။
OnDoctor App ကို အောက်ပါ Link တွင် ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။
https://onelink.to/ondoctor