JOOX မှ World Music Day ဂီတပွဲတော်ကို JOOX App မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်မည်

မြန်မာနိုင်ငံတွင် ရေပန်းစားလူကြိုက်များသောအင်တာနက်မှ သီချင်းနားထောင်နိုင်သည့် JOOX အက်ပလီကေးရှင်းသည် နှစ်စဉ်ကျင်းပလျက်ရှိသော JOOX World Music Day 2020 ဂီတပွဲတော်ကိုဒုတိယအကြိမ်အဖြစ် ကျင်းပမည်ဖြစ်ပြီး Social Distancing စည်းမျဉ်းစည်းကမ်းများအတိုင်းလိုက်နာကာ COVID-19 ရန်ပုံံငွေပွဲအဖြစ် အွန်လိုင်းမှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
“The Sound of Happiness” ဟုအမည်ပေးထားသည့် အဆိုပါဂီတပွဲတော်ကိုဇွန်လ ၂၁ရက်၊ တနင်္ဂနွေနေ့၊ နေ့လယ် တစ်နာရီမှ စတင်ကာကျင်းပသွားမည်ဖြစ်ပြီး JOOX အက်ပလီကေးရှင်းမှ တစ်ဆင့် LIVE ထုတ်လွှင့်သွားမည်ဖြစ်သည်။
ပရိသတ်များမှ မိမိသဘောကျနှစ်သက်သည့် အနုပညာရှင်များကို JOOX အက်ပလီကေးရှင်းရှိ Coin များကိုလက်ဆောင် အနေဖြင့် ပေးပို့ခြင်းဖြင့် ပါဝင်လှူဒါန်းနိုင်မည်ဖြစ်သည်။ Coin လက်ဆောင်တစ်ခုလျှင် မြန်မာကျပ်ငွေ ၂၀ ကျပ် ကျသင့်မည်ဖြစ်ပြီးဤကမ်ပိန်းမှ ရရှိသည့် Coin စုစုပေါင်းလက်ဆောင်များ၏ငွေကြေးများအားလုံးကို UNICEF သို့ လှူဒါန်းသွား မည်ဖြစ်သည်။
JOOX က လက်ဆောင်အနေဖြင့်ရရှိသည့် စုစုပေါင်းငွေပမာဏကို UNICEF မှ အပြည်ပြည်ဆိုင်ရာ COVID-19လုပ်ငန်းဆောင်ရွက်ချက်တွေအတွက် အသုံးပြုသွားမည်ဖြစ်သည်။

Photo Source https://web.facebook.com/JOOXMyanmar/

“JOOX အနေနဲ့ သီချင်းချစ်သူတွေအတွက် သူတို့ ကြိုက်နှစ်သက်တဲ့ သီချင်းတွေကိုစိတ်ကြိုက်ခံစားနိုင်မယ့် နည်းလမ်း သစ်တွေပေးနိုင်ဖို့ အမြဲကြိုးစားနေပါတယ်။ မနှစ်ကကျင်းပခဲ့တဲ့ JOOX World Music Day 2019 ဂီတပွဲတော်ကလည်း အထူးအောင်မြင်ခဲ့ပါတယ်။ ဒီနှစ်မှာစိတ်မကောင်းဖွယ် အခြေအနေတွေရှိပေမယ့် ဒုတိယမြောက်ပွဲကိုတစ်မူထူးခြားတဲ့ နည်းလမ်းတွေနဲ့ ပရိသတ်ကြီးဆီကိုသယ်ဆောင်လာပြီဆိုတဲ့ အကြောင်းကိုဂုဏ်ယူစွာနဲ့ ပြောကြားလိုပါတယ်။ LIVE လွှင့်နေချိန်အတွင်းမှာSurprise ဖြစ်စေမယ့် အစီအစဉ်လေးတွေလည်းထည့်ပေးထားပြီးကိုယ်ကိုတိုင် ဘေးကင်းတဲ့ အကွာအဝေးကနေသီချင်းတွေရဲ့ အင်အားနဲ့ဆက်သွယ်နိုင်အောင် အားလုံးကိုဖိတ်ခေါ်လိုက်ပါတယ်။ ကြည့်ရှုသူတွေကို လည်းဒီကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေအတွက် စီစဉ်ထားတဲ့ Coin လက်ဆောင်တွေ ပေးပို့ရင်းထောက်ပံ့လှူဒါန်းပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု JOOX Myanmar ၏ Country Manager ဖြစ်သူ Mr. John Zhang က ပြောကြားသည်။
“The Sound of Happiness” ဂီတပွဲတော်တွင် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ဝေလ၊ Big Bag၊ ဖြူဖြူကျော်သိန်း၊ ရွှေထူး၊ အိမ့်ချစ်၊ ဖြိုးပြည့်စုံ၊ မေနှင့် ချမ်းမြေ့မောင်ချိုတို့ကပါဝင်ဖျော်ဖြေသွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံတကာမှ အဆိုတော်များဖြစ်သည့် Ruel၊ Alexander 23၊ Circa Waves၊ Mxmtoon၊ Conor Matthews၊ Gracie Abrams၊ Griff၊ JC Stewart နှင့် Maximillian တို့လည်းပါဝင်မည် ဖြစ်သည်။ Pop၊ R&B၊ Hip Hopနှင့် Rock စသည့် ခေတ်ပေါ်တေးဂီတအမျိုးအစားများစွာနှင့် ဖျော်ဖြေသွားမည်ဖြစ်ပြီးစမတ်ဖုန်းအမှတ်တံဆိပ်တစ်ခုဖြစ်သောrealmeမှလည်း ဤ ရန်ပုံငွေပွဲတော်အတွက် ပါဝင်ကူညီလှူဒါန်းသွားမည်ဖြစ်သည်။ အထက်တွင် ဖော်ပြထားသောမြန်မာနိုင်ငံနှင့် နိုင်ငံ တကာမှ အနုပညာရှင်များအပြင် ကြည့်ရှုသူများအတွက် ကမ္ဘာ့ DJ အဆင့် (၁၄) ရှိနာမည်ကျော် DJ R3hab ကလည်းအထူး အစီအစဉ်အနေတစ်ခုအနေဖြင့် ဖျော်ဖြေသွားမည်ဖြစ်သည်။
၁၉၈၂ ခုနှစ်တွင် နိုင်ငံတကာတေးဂီတပွဲတော်နေ့ကိုပြင်သစ်နိုင်ငံ၌ စတင်ပြုလုပ်ကျင်းပခဲ့ပြီးနှစ်စဉ် ဇွန်လ ၂၁ ရက်နေ့တိုင်း ကျင်းပပြုလုပ်ခဲ့သည်။ ပြီးခဲ့သောနှစ်များတွင် ကမ္ဘာတစ်ဝန်းမြို့ပေါင်းတစ်ထောင်ကျော်ရှိ အများပြည်သူကြည့်ရှုနိုင်သည့် နေရာများတွင် အခမဲ့ တေးဂီတပွဲတော်ကြီးများကိုကျင်းပပြုလုပ်ခဲ့သည်။
JOOX သည် “Freemium” အခမဲ့ သီချင်းနားထောင်နိုင်ရသည့် အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီးဟောင်ကောင်၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် မြန်မာအပါအဝင် အာရှဈေးကွက်တွင် ရယူနားဆင်နိုင်မည်ဖြစ်သည်။ JOOX ကိုကမ္ဘာတစ်ဝန်းတွင် အသုံးပြုသူဦးရေသန်းပေါင်း ၂၉၀ ကျော်ရှိပြီး ၁၅ ဘီလီယံမှာလက်ရှိအသုံးပြုလျက်ရှိသည်။ JOOX သည် နိုင်ငံတစ်နိုင်ငံချင်းစီမှ အသုံးပြုသူများ၏ ဂီတအပေါ် စိတ်ဝင်စားမှုများရှိစေရန် ဝန်ဆောင်မှုများကို ထောက်ပံ့လျက်ရှိသည်။ JOOX တွင် မြန်မာသီချင်းအားလုံးကိုအခမဲ့နားဆင်နိုင်မည်ဖြစ်ပြီးအချို့သောနိုင်ငံတကာမှ သီချင်းများကိုသာလျှင် VIP Membership ဝယ်ယူ၍ နားဆင်နိုင်မည်ဖြစ်သည်။

Photo Source https://web.facebook.com/JOOXMyanmar/

JOOX အနေဖြင့် “Stay At Home” ကာလအတွင်းမှာမြန်မာဂီတပရိသတ်များကိုစိတ်ခံစားချက်များပေါ့ပါးလာစေရန်၊ အိမ်မှာနေစဉ် စိတ်ပျော်ရွင်မှုရှိနေစေဖို့ ကူညီပေးရန်၊COVID-19 နဲ့ပတ်သက်ပြီးအသိပညာဖြန့်ဖြူးပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များကိုလိုက်နာပြီးစိတ်ဓာတ်ခွန်အားလှုံ့ဆော်ပေးနိုင်သော Playlist ကိုဒီဇိုင်းဆွဲ ဖန်တီးထားခြင်းဖြစ်သည်။
“တစ်ကမ္ဘာလုံးမှာ COVID-19 ရဲ့ အကျိုးသက်ရောက်မှုဟာတော်တော်လေးကြီးမားပြီးအကူအညီလိုအပ်တဲ့သူတွေ အများကြီးရှိနေပါတယ်။ ကျွန်တော်တို့ JOOX အနေနဲ့ မြန်မာဂီတပရိသတ်တွေအတွက် သူတို့လိုအပ်နေတဲ့ တိုက်ရိုက် ဖျော်ဖြေမှုဆီကစိတ်လှုပ်ရှားတက်ကြွမှုတွေပေးနိုင်ဖို့ လုပ်ဆောင်ပေးရတဲ့အတွက် ကျေနပ်မိပါတယ်” ဟု Mr. Zhang က ထပ်မံပြောကြားခဲ့သည်။
Apple App Store နှင့် Google Play Store တို့တွင် JOOX mobile သို့မဟုတ် Desktop app ကို ဒေါင်းလုပ်ဆွဲခြင်း၊ JOOX ဝက်ဘ်ဆိုက်ကိုဝင်ရောက်ခြင်းဖြင့် မိမိနှစ်သက်သောအနုပညာရှင်နှင့် ၎င်းတို့၏ဂီတကိုအချိန်မရွေး၊ မည်သည့်နေရာမတွင် မဆိုခံစားနားဆင်လိုက်နိုင်မည်ဖြစ်သည်။