GrabFood မှ မိတ်ဖက်စားသောက်ဆိုင် ၅၀ တွင် မှာယူပါက ဇူလိုင်လ တစ်လတာလုံး အခမဲ့ ပို့ဆောင်ပေးမည်

GrabFood မှ စားသုံးသူများ အကြိုက်ဆုံးဖြစ်သော စားသောက်ဆိုင် (၅၀) တွင် မှာယူပါက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတာလုံး အစားအသောက်များ အခမဲ့ ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အခမဲ့ ပို့ဆောင်မှုများကြောင့် GrabFood ဝန်ဆောင်မှု အသုံးပြုသူများသည် အထူးသဖြင့် ယခုကဲ့သို့ မိုးရာသီကာလအတွင်း အပြင်ထွက်ဝယ်ယူရန် မလိုဘဲ မိမိတို့ ကြိုက်နှစ်သက်သည့် အစားအသောက်များကို လွယ်ယူအဆင်ပြေစွာ မှာယူသုံး ဆောင်နိုင်မည် ဖြစ်ပါသည်။
GrabFood မှ ယခုကဲ့သို့ အခမဲ့ ပို့ဆောင်ပေးခြင်းဖြင့် အစားအသောက်မှာယူ စားသုံးသူများ အများဆုံး ရွေးချယ်မှာ ယူလေ့ရှိသည့် စားသောက်ဆိုင်များဖြစ်သော Lotteria ၊ KFC ၊ YKKO ၊ The Pizza Company ၊ Gong Cha နှင့် KSS ဒံပေါက်ဆိုင် အပါအဝင် အခြားသော လူကြိုက်များသည့် စားသောက်ဆိုင်များ၏ အော်ဒါပမာဏနှင့်ရောင်းအားကိုပါ မြှင့် တင်ပေးနိုင်မည် ဖြစ်သည်။
ရန်ကုန်မြို့ရှိ GrabFood မှာယူစားသုံးသူများအနေဖြင့် ပို့ဆောင်ခ အခမဲ့ရရှိနိုင်သည့် စားသောက်ဆိုင်များကို Grab အက်ပလီကေးရှင်းအတွင်းရှိ GrabFood Homepage ၏ Free delivery အုပ်စုထဲတွင် အလွယ်တကူ တွေ့ရှိနိုင်မည်ဖြစ်သည်။ အခမဲ့ ပို့ဆောင်မှု ရရှိနိုင်ရန်အတွက် ပရိုမိုကုဒ် JUSTEAT ကို အသုံးပြုနိုင်ပါသည်။ ပို့ဆောင်ခ အခမဲ့ဖြင့် မှာယူနိုင်ရန် အနည်းဆုံး ငွေကျပ် (၄,၀၀၀) ဖိုး မှာယူရမည်ဖြစ်ပြီး နေ့စဉ် ပထမဦးဆုံး မှာယူသော အော်ဒါ (၅၀၀) ခုအထိ အခမဲ့ ပို့ဆောင်ပေးမည် ဖြစ်သည်။

Photo Source http://www.facebook.com/GrabMM

Grab သည် အရှေ့တောင်အာရှတွင်း ထိပ်တန်း နေ့စဉ်သုံး Super app ဖြစ်ပြီး သုံးစွဲသူများအတွက် အလိုအပ်ဆုံးသော နေ့စဉ်သုံး ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်။ ယခုတွင် Grab app ကို ဒေါင်းလုတ်ထားသည့် မိုဘိုင်းဖုန်းပေါင်း (၁၈၅) သန်းကျော်ရှိနေပြီဖြစ်ပြီး အသုံးပြုသူများအတွက် ယာဉ်မောင်းများ၊ လုပ်ငန်းရှင်များနှင့် အေးဂျင့်များ စုစုပေါင်း (၉) သန်းကျော်တို့နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် ဆောင်ရွက် ပေးထားပါသည်။ Grab သည် ဒေသတွင်း အငှားယာဉ်အကြီးဆုံးကွန်ယက်ကို ရရှိထားပြီး စတင်တည်ထောင်ချိန် ၂၀၁၂ ခုနှစ်က စပြီး ခရီးစဉ်ပေါင်း (၄) ဘီလျံကျော်ကို ပို့ဆောင်ပြီးစီးခဲ့ပြီ ဖြစ်သည်။
“GrabFood မှာက ရွေးချယ်စရာအစားအသောက်အမယ်အစုံအလင်နဲ့အတူ သုံးစွဲသူတွေကို စိတ်ကျေနပ်စေဖို့ တကယ်ကို ကောင်းမွန်စုံလင်တဲ့ App အတွင်းလုပ်ဆောင်ချက်တွေ အများကြီးပါလာမှာပါ။ ရန်ကုန်မြို့အနှံ့နာမည်ကြီး စားသောက်ဆိုင် တွေရဲ့ အထူးအစီအစဉ်တွေ၊ အကောင်းဆုံးဟင်းလျာတွေနဲ့ အဲ့ဒီဟင်းလျာတွေကို အချိန်တိုတိုနဲ့အမြန်ဆုံး မှာယူစားသောက် နိုင်ဖို့ Grab အဖွဲ့တစ်ခုလုံးက အကောင်းဆုံးကြိုးစားပေးထားပါတယ်။ ဘာလို့လဲဆိုတော့ ဗိုက်တကယ်ဆာနေပြီဆိုရင် အချိန်က အရမ်းစကားပြောတယ်လေ”ဟု Grab Myanmar ၏ Country Head ဖြစ်သူ Cindy Toh ကပြောကြားသည်။
Grab App မှတဆင့် GrabFood ဝန်ဆောင်မှုအသုံးပြုကာ တစ်ယောက်စာဖြစ်စေ မိသားစုအားလုံးစာအတွက်ဖြစ်စေ မှာယူမှု ကန့်သတ်ထားခြင်းမရှိဘဲမှာယူနိုင်မည်ဖြစ်ပြီး အစားအစာပို့ဆောင်ပေးနေစဉ် ရောက်ရှိရာလမ်းကြောင်းမြေပုံကိုလည်း မိုဘိုင်း ဖုန်းပေါ်မှ ခြေရာခံကြည့်ရှုနေနိုင်မည်လည်းဖြစ်သည်။ GrabFood ဝန်ဆောင်မှုကို နံနက် ၈ နာရီ နှင့် ည ၈ နာရီကြားအချိန် များတွင် ရန်ကုန်မြို့တွင်း ကမာရွတ်၊ ဒဂုံ၊ ဗဟန်း၊ ရန်ကင်း၊ စမ်းချောင်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား စသောမြို့နယ် ၉ ခုတွင် စတင်ဝန်ဆောင်မှုပေးသွားမည်လည်းဖြစ်သည်။ နောက်ပိုင်းတွင်လည်း ရန်ကုန်မြို့ရှိ စားသောက် ဆိုင်များနှင့်ချိတ်ဆက်ကာ ဝန်ဆောင်မှုထပ်မံတိုးမြှင့်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source http://www.facebook.com/GrabMM

Grab သည် ဒေသတွင်း အငှားယာဉ်ဝန်ဆောင်မှု အမျိုးအစား အများဆုံးကို ဝန်ဆောင်မှုပေးနေပြီး အစားအသောက်၊ ပစ္စည်းပို့ဆောင်ရေး၊ မိုဘိုင်းငွေပေးချေစနစ်နှင့် ဘဏ္ဏာရေး ဆိုင်ရာ ဝန်ဆောင်မှုများကို အရှေ့တောင်အာရှ (၈) နိုင်ငံရှိ မြို့ပေါင်း (၃၃၉) မြို့တွင် ပေးအပ်လျက်ရှိသည်။ အသေးစိတ် အချက်အလက်များ ထပ်မံသိရှိလိုပါက http://www.grab.com နှင့် http://www.facebook.com/GrabMM တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။
GrabFood သည် အရှေ့တောင်အာရှတွင် အကြီးမားဆုံး အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုတစ်ခု ဖြစ်သည်။ GrabFood ပလက်ဖောင်းမှတစ်ဆင့် စားသောက်ဆိုင်များ နှင့် အစားအစာများ အမျိုးအမည်များစွာ ကို ကျယ်ကျယ်ပြန့်ပြန့် ရွေးချယ်မှာယူနိုင်ရန်အတွက် ချိတ်ဆက်လုပ်ဆောင်ပေးသည့်အပြင် မှာယူသူများထံသို့ လတ်ဆတ်ပူနွေးသော စားသောက်ဖွယ်ရာများကို အိမ်အရောက်ပို့ဆောင်ပေးသည်။ အသုံးပြုသူများသည် Grab အက်ပလီကေးရှင်းမှတစ်ဆင့် အစားအသောက်များကို တိုက်ရိုက်မှာယူနိုင်ပြီး စားသောက်ဆိုင်မှ အော်ဒါလက်ခံပြီး ပြင်ဆင်နေသည်ကို အချိန်နှင့်တပြေးညီ သိရှိနိုင်မည် ဖြစ်ပါသည်။ နီးစပ်ရာ အစားအသောက်ပို့ဆောင်သူမှ အမှာ စာကို လက်ခံယူပြီးလျှင် စားသုံးသူမှ ပို့ဆောင်သူ၏ အမည်၊ ဓာတ်ပုံနှင့် ပို့ဆောင်နေသည့် လမ်းကြောင်းကို လည်း မြေပုံမှ အချိန်နှင့်တပြေးညီ ကြည့်ရှုနိုင်သည်။ GrabFood သည် စားသုံးသူများ လိုလားတောင့်တနေသည့် အစားအသောက်များကို ပို့ဆောင်ပေးနိုင်မည့် အမြန်ဆုံး နည်းလမ်းတစ်ခုလည်းဖြစ်သည်။