Grab မှ GrabFood ဝန်ဆောင်မှုများကို မန္တလေးမြို့တွင် ထပ်မံတိုးချဲ့ပို့ဆောင်

Grab မှ မန္တလေးမြို့ရှိ စားသောက်ဆိုင်ပိုင်ရှင်များ ဒစ်ဂျစ်တယ်စနစ်သို့ ကူးပြောင်းလုပ်ဆောင်နိုင်ရန်နှင့် စားသုံးသူများ အတွက် ပူနွေးလတ်ဆတ်သော စားသောက်ဖွယ်ရာများကို မိနစ် (၃၀) အတွင်း အရောက် ပို့ဆောင်ပေးနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်တွင် GrabFood အစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုကို တိုးချဲ့ပေးအပ်ကာ ရင်းနှီးမြုပ်နှံမှုများ ဆက်လက်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
လွန်ခဲ့သည့် လအနည်းငယ်အတွင်း ရန်ကုန်မြို့ရှိ အစားအသောက် မှာယူစားသုံးသူ ထောင်ပေါင်းများစွာ တို့မှာ မိမိတို့ နှစ်သက်ရာ စားသောက်ဖွယ်ရာများကို မှာယူရာတွင် သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများအတွက် ယုံကြည်စိတ်ချရမှု ရှိထားပြီးသား Grab App ကိုပင် အသုံးပြု၍ မှာယူမှု များပြားလာသည်နှင့်အမျှ နာမည်ကျော်ကြားမှု ရရှိလာခဲ့ပြီးနောက် ယခုကဲ့သို့ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ကြီးတွင် GrabFood ကို စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

Photo Source http://www.facebook.com/GrabMM

မန္တလေးမြို့အနှံ့ရှိ စားသုံးသူများ GrabFood ဖြင့် လွယ်ကူလျင်မြန်ပြီး ဈေးနှုန်းသက်သာသော သယ်ယူပို့ ဆောင်ရေးဝန်ဆောင်မှုကိုရယူကာ မိမိတို့အကြိုက် စားသောက်ဖွယ်ရာများကို သုံးဆောင်နိုင်ရန်အတွက် Grab သည် ပို့ဆောင်ရေးနယ်ပယ်တွင် ထိပ်တန်းဖြစ်သော ဒစ်ဂျစ်တယ်စနစ် အော်ဒါမှာယူမှု ပလက်ဖောင်းကို ပေးအပ်နိုင်ရန် လူ့စွမ်းအား အရင်းအမြစ်၊ မြို့တွင်း လုပ်ငန်းလည်ပတ်မှုနှင့် နည်းပညာပိုင်းတွင် ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ခဲ့သည်။ အထူးသဖြင့် ကျန်းမာရေးတာဝန်ရှိသူများမှ social distancing ဆိုင်ရာ လမ်းညွှန်ချက်များကို ဆက်လက် လိုက်နာကျင့်သုံးရန် တိုက်တွန်းနေချိန်တွင် စားသုံးသူများမှာ အိမ်ပြင်ထွက်ရန်၊ လူအုပ်အတွင်း တိုးဝှေ့သွားလာရန် မလိုအပ်ဘဲ အချိန်ကုန်သက်သာသည့် GrabFood ဝန်ဆောင်မှုကို အားထားနိုင်မည် ဖြစ်ပါသည်။ မှာယူထားသော အစားအသောက်အော်ဒါများကို စောင့်ဆိုင်းနေချိန်တွင် အခြား လုပ်ငန်းဆောင်တာများကို အာရုံစိုက် ဆောင်ရွက်နိုင်ပါသည်။ GrabFood စတင် မိတ်ဆက်ချိန်တွင် မန္တလေးမြို့၏ အဓိက မြို့နယ် (၄) ခုဖြစ်သည့် အောင်မြေသာဇံ၊ ချမ်းအေးသာဇံ၊ ချမ်းမြသာစည်နှင့် မဟာအောင်မြေ မြို့နယ်များရှိ စားသုံးသူများအတွက် စားသောက်ဖွယ်ရာများ ပို့ဆောင်ပေးရန် အသင့်ရှိနေပြီ ဖြစ်သည်။
GrabFood စတင်မိတ်ဆက်နိုင်ရန် ပြင်ဆင်နေသည့် ကာလအတွင်း Grab Myanmar အဖွဲ့သည် လက်ရှိ မန္တလေးမြို့တွင် ဝန်ဆောင်မှုပေးနေသည့် အစားအသောက် သယ်ယူပို့ဆောင်ရေး ပလက်ဖောင်းများအတွင်း လိုင်စင်ရ မိတ်ဖက် စားသောက်ဆိုင် အရေအတွက် အများဆုံး ဖြစ်စေရန် ချိတ်ဆက်ဆောင်ရွက် နိုင်ခဲ့သည်။ အဆိုပါ စားသောက်ဆိုင်များ အတွင်း နာမည်ကျော် စားသောက်ဆိုင်လုပ်ငန်းများ ဖြစ်ကြသော Lotteria ၊ The Pizza Company ၊ Manhattan Fish Market ၊ YKKO တို့နှင့်အတူ Easy Ray ၊ မိုးဝေကျော် လက်ဖက်ရည်ဆိုင်၊ Unique Mandalay Tea Room နှင့် NiMi Drinks စသည့် ပြည်တွင်း စားသောက်ဆိုင်လုပ်ငန်း များစွာလည်း ပါဝင်ပါသည်။ အနည်းဆုံး မှာယူရမည့် ပမာဏအား ကန့်သတ်ထားခြင်းမရှိဘဲ စားသုံးသူများ သုံးဆောင်လိုသည့် အစားအသာက်များကို မိမိတို့ယုံကြည်စိတ်ချစွာ အသုံးပြုနေပြီးသားဖြစ်သော Grab App အသုံးပြု၍ အလွယ်တကူ ရွေးချယ်မှာယူနိုင်မည် ဖြစ်ပါသည်။ GrabFood ဝန်ဆောင်မှု စတင်စမ်းသပ်သည့် ကာလအတွင်းတွင် မှာယူသည့် အော်ဒါတစ်ခုချင်းစီကို Grab ၏ ကျွမ်းကျင် မိတ်ဖက်ပို့ဆောင်သူများက မော်တော်ဆိုင်ကယ်များဖြင့် မိနစ် (၃၀) အတွင်း အရောက် ပို့ဆောင်ပေးခဲ့ကြောင်း တွေ့ရှိခဲ့သည်။

Photo Source http://www.facebook.com/GrabMM

“Everyday everything app လို့ ဆိုနိုင်တဲ့ Grab အနေနဲ့ အခုလို GrabFood ဝန်ဆောင်မှုကို မန္တလေးမြို့မှာ စတင်နိုင်ခဲ့ပြီး ကျွန်တော်တို့ရဲ့ စားသုံးသူတွေအတွက် သူတို့နှစ်သက်တဲ့ အစားအသောက်တွေကို လက်ထဲအရောက် ပို့ဆောင်ပေးနိုင်တော့မှာဖြစ်လို့ ကျေနပ်ဝမ်းသာ မိပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအသောက်ကို Grab နည်းပညာတွေရဲ့ အကူအညီ ရယူပြီး ဘယ်လို ပြောင်းလဲ စားသုံးလာကြတယ်ဆိုတဲ့ အပြောင်းအလဲတစ်ခုကို ကျွန်တော်တို့ မျက်စိရှေ့မှာတင် မြင်တွေ့နေကြရတာပါ။ ဒါ့အပြင် ကျွန်တော်တို့ နိုင်ငံမှာ စီးပွားရေးအရ ပြန်လည်ကုစားနိုင်ဖို့ ချမှတ်ဆောင်ရွက်နေတဲ့အလျောက် သမားရိုးကျ စားသောက်ဆိုင်တွေဟာလည်း စားသုံးသူတွေ ပို ရှာဖွေပြီး ဝန်ဆောင်မှုပေးနိုင်ဖို့အတွက် ဒစ်ဂျစ်တယ် လမ်းကြောင်းတွေပေါ်ကို ပြောင်းရွေ့ရောက်ရှိလာကြပြီ ဆိုတာလည်း တွေ့မြင်နေရပါပြီ” ဟု Head of GrabFood Myanmar ဖြစ်သူ ကိုမြတ်ကောင်း မင်းက ပြောသည်။
မန္တလေးမြို့ရှိ Grab အသုံးပြုသူများ အနေဖြင့် GrabFood အော်ဒါတစ်ခု မှာယူရန် ရိုးရှင်းလွယ်ကူသော အဆင့် (၃) ဆင့်သာ ဆောင်ရွက်ရန် လိုပါသည်။ ဦးစွာ Grab App ပင်မစာမျက်နှာရှိ ‘‘Food (အစားအစာ)” ကို နှိပ်ပါ။ ထို့နောက် မိမိ နှစ်သက်ရာ စားသောက်ဆိုင်ကို ရွေးချယ်ပြီး ပြသထားသော မီနူးအတွင်းရှိ မှာယူလိုသော အစားအသောက်ကို အော်ဒါမှာယူရန် “Basket” ထဲသို့ ထည့်ပါ။ နောက်ဆုံး “Place Order” ကို နှိပ်ပြီး မိမိ မှာယူလိုသည့် အော်ဒါကို အတည်ပြုပါ။ အော်ဒါတစ်ခု မှာယူပြီးပါက Grab အသုံးပြုသူများမှာ Grab App အတွင်းရှိ အော်ဒါပို့ဆောင်မှု အခြေအနေကို တိုက်ရိုက် စောင့်ကြည့်နိုင်သည့် လုပ်ဆောင်ချက်၊ မိတ်ဖက် အစားအသောက် ပို့ဆောင်သူနှင့် တိုက်ရိုက် စာပို့၊ ဖုန်းခေါ်နိုင်သော လုပ်ဆောင်ချက် စသည်တို့ကို အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အကယ်၍ မှာယူသူများအနေဖြင့် အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက Grab ၏ Customer Experience အဖွဲ့သို့ ၂၄ နာရီ ၇ ရက်ပတ်လုံး မည်သည့်အချိန်တွင်မဆို ဆက်သွယ်နိုင်သည်။

Photo Source http://www.facebook.com/GrabMM

မန္တလေးမြို့တော်ကြီးသို့ GrabFood စတင်ရောက်ရှိလာခြင်း အထိမ်းအမှတ်အဖြစ် GrabFood အသုံးပြုသူ အသစ်များသည် ပထမဦးဆုံးမှာယူသည့် အော်ဒါ (၂) ခုအတွက် အခမဲ့ ပို့ဆောင်ပေးမည့်အပြင် (၃,၀၀၀) ကျပ် လျော့ဈေးကိုလည်း ရရှိနိုင်မည်ဖြစ်သည်။ အဆိုပါ အထူးလျှော့ဈေးကို ရယူနိုင်ရန် အတွက် အသုံးပြုသူအသစ်များ အနေဖြင့် အနည်းဆုံး ငွေကျပ် (၅,၀၀၀) ဖိုး မှာယူသည့် အော်ဒါများတွင် ‘NEWFOODIE’ ပရိုကုဒ်ကို အသုံးပြုရမည် ဖြစ်ပါသည်။
မိတ်ဖက်သယ်ယူပို့ဆောင်သူများအားလုံး၏ GrabFood အော်ဒါ ပို့ဆောင်မှု လမ်းကြောင်းတစ်ခုချင်းစီအတွက် ခရီးသွား အာမခံဖြင့် အကာအကွယ်ပေးထားပါသည်။ ထို့အပြင် COVID-19 ရောဂါကူးစက်ခံရပါက (သို့မဟုတ်) ကျန်းမာရေး တာဝန် ရှိသူများမှ ၎င်းတို့ သတ်မှတ်ထားသည့် နေရာအဆောက်အဦးတစ်ခုခုတွင် အသွားအလာ ကန့်သတ် စောင့်ကြည့်ရန် တရားဝင်ညွှန်ကြားခံရပါက Grab မိတ်ဖက်အကူအညီ ရန်ပုံငွေမှ ငွေကြေးအထောက်အပံ့အဖြစ် မြန်မာကျပ်ငွေ (၂၀၀,၀၀၀) ထောက်ပံ့မှုအား မိတ်ဖက်ပို့ဆောင်သူများအားလုံး ရရှိခံစားနိုင်မည် ဖြစ်ပါသည်။
အသေးစိတ် အချက် အလက်များကို အောက်ပါ Link များတွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.grab.com
http://www.facebook.com/GrabMM