Samsung မှ Love & Care လူမှုအကျိုးပြု အစီအစဉ်စတင်

Samsung Myanmar မှ Love & Care ဆိုတဲ့ လူမှုအကျိုးပြု အစီအစဉ်တစ်ခုကို စတင်လိုက်ပြီဖြစ်ပါတယ်။ Samsung Myanmar ရဲ့ Built for Myanmarဆိုတဲ့ ခေါင်းစဉ်အဓိပ္ပာယ်အတိုင်းပဲ Samsung Myanmar အနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထု အတွက် သင့်တော်မှုအရှိဆုံးနဲ့ အဆန်းသစ်ဆုံး နည်းပညာထုတ်ကုန်တွေကို ထုတ်လုပ်ပေးနေရုံ သာမကပဲ နိုင်ငံတဝန်းက အခွင့်အလမ်းနည်းပါးတဲ့ ပြည်သူလူထုနဲ့ ကလေးငယ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ကူညီဖေးမမှုတွေကိုလည်း Samsung Love & Care အစီအစဉ်နဲ့အတူ နှစ်စဉ် လုပ်ဆောင်နေခဲ့ပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

ဒီနှစ် Samsung Love & Care အခမ်းအနားကိုလည်း Team Galaxy အဖွဲ့ဝင် နာမည်ကျော် အနုပညာရှင်တွေ ဖြစ်ကြတဲ့ ပိုင်တံခွန်၊ G Fatt နဲ့ မေတိုးခိုင် အပါအဝင် Samsung Myanmar အဖွဲ့သားများနှင့် ပါဝင်အားဖြည့်ကာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ အမြန်လမ်း ၈၉ မိုင် ၅ ဖာလုံက YGW (Yellow Generation Wave) အဝါရောင်မျိုးဆက်သစ် ပရဟိတ မိဘမဲ့ကလေးကျောင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။
ပွဲတွင်ကျောင်းမှ ကျောင်းသားကလေးငယ်တွေအတွက် ၂ ထပ်နေအိမ် တည်ဆောက်ဖို့ လှူဒါန်းငွေကျပ် သိန်း ၁၈၀ နဲ့အတူ နောက်ထပ် ငွေကျပ် သိန်း ၁၅၀ ကျော် တန်ဖိုးရှိ Samsung ထုတ်ကုန်များနဲ့ ကျောင်းသုံးပစ္စည်းများ (စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ ကျော်) ကိုလည်း ထောက်ပံ့လှုူဒါန်းခဲ့ပါတယ်။
ဒါ့အပြင် ကလေးများနှင့်အတူ နေ့လည်စာ အလှုူဒါနဖြည့်ဆည်းပေးခြင်း အပါအဝင် ဗဟုသုတမျှဝေမှုတွေ၊ ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်တွေနဲ့ အမှတ်တရ အစီအစဉ်များစွာကိုလည်း အတူတကွ ဆောင်ရွက်‌ပေးခဲ့ပါတယ်။
“ကြင်နာမှု၊ ကူညီဖေးမမှုနဲ့ ချစ်ခြင်းမေတ္တာတွေဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးအရာတွေပါ။ ဒီနေ့ Built for Myanmar ဆိုတဲ့ ခေါင်းစဉ်အဓိပ္ပာယ်အတိုင်း ပြုလုပ်ကျင်းပခဲ့တဲ့ Samsung Love & Care အစီအစဉ်မှာ ဒီအရာတွေကို ကျွန်တော်တို့ ပေးအပ်နိုင်ခဲ့ပြီး ကျွန်တော့်အတွက်လည်း အဓိပ္ပာယ်အရှိဆုံးနေ့တစ်နေ့ ဖြစ်ခဲ့ပါတယ်။ Samsung အနေနဲ့ မြန်မာနိုင်ငံက ပြည်သူလူထုအတွက် အဓိပ္ပာယ်ရှိလှတဲ့ ထုတ်ကုန်တွေနဲ့ နည်းပညာတွေအပြင် အခုလို တန်ဖိုးရှိလှတဲ့ လူမှုအကျိုးပြု ဆောင်ရွက်ချက်တွေကိုပါ အစဉ်တစ်စိုက် ဆက်လက်လုပ်ဆောင်ပေးသွားဦးမှာပါ”ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr. Harrison Song က ပြောကြားပါတယ်။

Photo Source https://www.facebook.com/SamsungMyanmar

YGW (Yellow Generation Wave) အဝါရောင် မျိုးဆက်သစ် လူငယ်ပရဟိတအသင်းကို ၂၀၁၂ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး အခုလက်ရှိမှာတော့ မြန်မာနိုင်ငံတစ်ဝန်းမှာ ပရဟိတ မိဘမဲ့ကလေးကျောင်း ၂၀ ကျော်ကို တည်ဆောက်ပေးထား နိုင်ခဲ့ပါတယ်။ အခု Samsung Love & Care အစီအစဉ်ပြုလုပ်ခဲ့တဲ့ အမြန်လမ်း ၈၉ မိုင် ၅ ဖာလုံက မိဘမဲ့ ကလေးကျောင်းမှာတော့ နို့တိုက်ကလေးအရွယ်မှ အသက် ၂၀ အရွယ်ထိ မိဘမဲ့ကလေးငယ် စုစုပေါင်း (၆၅၀) ကျော်ကို အခမဲ့ ကျွေးမွေးစောင့်‌ရှောက် ပညာသင်ကြားပေးထားတဲ့အပြင် ယဉ်ကျေးလိမ္မာသင်တန်းများ သင်ကြားပေးခြင်း၊ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးခြင်းနဲ့ သွေးလှုူဒါန်းခြင်း အစရှိတဲ့ လူမှုအကျိုးပြုလုပ်ငန်း များစွာကို လုပ်ဆောင်ပေးနေပါတယ်။
Samsung Love & Care အစီအစဉ်ကို ၁၉၉၅ ခုနှစ်ကတည်းကစတင်ပြီး အရှေ့တောင်အာရှ၊ ပစိဖိတ်အလယ်ပိုင်းနဲ့ တောင်ပစိဖိတ် ဒေသတွေက အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုင်းအဝန်းတွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်လုပ်ဆောင်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာတော့ Samsung Love & Care အစီအစဉ်ကို ၂၀၁၅ ခုနှစ်က စတင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်းမှာရှိတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေ၊ မျက်မမြင်နဲ့ မသန်စွမ်း အဖွဲ့အစည်းတွေနဲ့ ကျောင်းသားလူငယ်တွေအတွက် လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေ၊ အသိပညာပေးမှုတွေကို လုပ်ဆောင် ပေးခဲ့ပြီး ဖြစ်ပါတယ်။ နောက်နောင်များတွင်လည်း မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ အခွင့်အလမ်းနည်းပါးတဲ့ လူမှုအသိုင်းအဝန်း၊ ကျောင်းသားလူငယ်များ၊ အမျိုးမျိုးသော ထောက်ပံ့မှုများလိုအပ်နေသည့် နေရများ၌လည်း တတ်စွမ်းသည့်အားဖြင့် ဆက်လက် ကူညီထောက်ပံ့ပေးသွားရန် ရည်ရွယ်ချက်များဖြင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။