HUAWEI သည် ၂၀၂၀ ပထမနှစ်ဝက်တွင် ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်တင်ပို့ရောင်းချသူ ဖြစ်လာ

၂၀၂၀ ပထမနှစ်ဝက်အတွင်း Huawei အနေနှင့် ပြိုင်ဘက်ကုမ္ပဏီများကိုကျော်ဖြတ်ပြီး ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းတင်ပို့ ရောင်းချသူဖြစ်လာခဲ့ကြောင်းထုတ်ပြန်ချက်အရသိရသည်။
ပြီးခဲ့သည့် ၉နှစ်တာကလအတွင်း Samsung နှင့် Apple တို့သာ အလှည့်ကျ နေရာယူနေသည့်နေရာကို ယခုနှစ်တွင် စမတ်ဖုန်းအလုံးရေ ၅၅ ဒဿမ ၈ သန်းထုတ်လုပ်တင်ပို့ရောင်းချနိုင်ခဲ့ပြီးပထမနေရာကို ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း Canalys မှ ထုတ်ပြန်သော ၂၀၂၀ ဒုတိယ သုံးလပတ် အစီရင်ခံစာ စစ်တမ်းများအရ သိရသည်။
ပြီးခဲ့သည့် နှစ်နှစ်အတွင်း ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းတင်ပို့ရောင်းချသူ နံပါတ်(၁) နေရာကို ကြီးစိုးထားသည့် Samsung အနေနှင့် ၂၀၂၀ ဒုတိယသုံးလပတ်အပြီးတွင် Huawei က ပထမဦးဆုံးအကြိမ်အဖြစ် ကျော်ဖြတ်သွားနိုင်ခဲ့သည်။ Canalys မှ ထုတ်ပြန်ထားသော ၂၀၂၀ ဒုတိယ သုံးလပတ် အထိ အစီရင်ခံစာ စစ်တမ်းများအရ ၂၀၂၀ ဒုတိယ သုံးလပတ်အတွင်း တင်ပို့ရောင်းချရသည့် စမတ်ဖုန်းအလုံးရေအားဖြင့် Huawei က ၅၅ ဒဿမ ၈ သန်း၊ Samsung က ၅၃ ဒဿမ ၇သန်း၊ Apple မှ သန်း ၄၀ နှင့် ၄၅ သန်းကြား၊ Xiaomi မှ ၂၈ ဒဿမ ၈သန်း၊ Oppo မှ ၂၅ ဒဿမ ၈ သန်း အသီးသီး တင်ပို့ရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

Photo Source https://bit.ly/3iiIKTb

ထို့အပြင် Huawei မှ ၂၀၂၀ ပထမ သုံးလပတ်အတွင်း တင်ပို့ရောင်းချနိုင်ခဲ့သည့် စမတ်ဖုန်းအလုံးရေ ၄၉သန်းရှိခဲ့ပြီး ယခု ဒုတိယ သုံးလပတ် ရလဒ်နှင့် ပေါင်းလိုက်မည်ဆိုလျှင် Huawei အနေနှင့် ၂၀၂၀ ပြည့်နှစ်အတွင်း လက်ရှိအချိန်ထိ စမတ်ဖုန်းအလုံးရေ တင်ပို့ရောင်းချသည့် ကုမ္ပဏီဖြစ်လာခဲ့ပါသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် Huawei မှ စမတ်ဖုန်းများတင်ပို့ရောင်းချရမှုဟာ ပြီးခဲ့သည့်နှစ်ကထပ် ၅ရာခိုင်နှုန်း ခန့်ကျဆင်းသွားခဲ့ပြီး Samsung အနေနဲ့လည်း ယခင်နှစ်ကထပ်စာလျင် ၃၀ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
၂၀၂၀ ဒုတိယ သုံးလပတ်အတွင်း Huawei အနေနှင့် စမတ်ဖုန်းတင်ပို့ရောင်းချရမှု (တရုတ်ပြည်မကြီး ပြင်ပဒေသများသို) မှာ ယမန်နှစ်ကထပ် ၂၇% ကျဆင်းခဲ့ပေမယ့် တရုတ်ပြည်မကြီးအတွင်း ရောင်းချရမှုဟာ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး လက်ရှိအချိန်တွင် တရုတ်ပြည်မကြီးအတွင်း စမတ်ဖုန်းဈေးကွက်ဝေစု၏ စုစုပေါင်း ၇၀ ရာခိုင်နှုန်းကျော်ကို Huawei မှရရှိထားပြီး ဝင်ငွေအားဖြင့်လည်း ၁၃ ရာခိုင်နှုန်းကျော် တိုးတက်လာခဲ့ကြောင်းလည်း သိရသည်။

Photo Source https://bit.ly/3iiIKTb

ယမန်နှစ်က အမေရိကန်ပြည်ထောင်စု၏ Entity List တွင်းထည့်သွင်းခဲ့မှုနှင့် တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် Covid-19 နောက်ဆက်တွဲအနေနှင့် စီးပွားရေးကျဆင်းမှုများဖြစ်ပေါ်ခဲ့ခြင်း များကြားထဲမှ Huawei အနေနှင့် တစ်နှစ်တာအချိန်ကာ လအတွင်းတွင် အလျင်အမြန်တိုးတက်မှုပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းနှင့် တရုတ်ပြည်မကြီးဈေးကွက်ကို ခိုင်မာစွာရယူနိုင်ခဲ့ခြင်းနှင့် ဥရောပဒေသ ဈေးကွက်အချို့တွင် ဈေးကွက်ဝေစုကို ထိန်းထားနိုင်ခြင်းတို့နှင့်အတူ၊ လက်ရှိ Huawei ဖုန်းများတွင်အသုံးပြုနေသည့် Huawei Mobile Services နှင့် App Gallery တို့ကို အချိန်တိုအတွင်း သိသာသောရလဒ်များရရှိအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းတို့က Huawei ကို လက်ရှိအချိန်တွင် ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း ထုတ်လုပ်တင်ပို့ရောင်းချသူနေရာကို ရရှိစေခဲ့ခြင်းပဲဖြစ်သည်။