လုပ်ငန်းသုံးကျောင်းသုံး Laptop ကိုရှာဖွေနေတဲ့သူတွေအတွက် 14 လက်မ Ultralight အမျိုးအစား MateBook D 14

HUAWEI ရဲ့ MateBook Series Laptopတွေဟာအနုပညာမြောက် ဖန်တီးမှုလက်ရာတစ်ခုဖြစ်သလိုခေတ်မီတဲ့ နည်းပညာ ၊ ဆန်းသစ်တဲ့ တီထွင်မှုတွေ ပေါင်းစပ်ထားတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်။ ပါးလွှာပြီးသယ်ဆောင်ရလွယ်ကူစေတဲ့ Ultra-slim ဒီဇိုင်း၊ FullView Display တို့နဲ့အပြင် စွမ်းဆောင်ရည် ကောင်းကောင်းအသုံးပြုနိုင်အောင် ဖွဲ့စည်းထားတဲ့ Laptop လို့လည်းပြောနိုင်ပါသေးတယ်။ အခုလို HUAWEI ရဲ့ Feature အမိုက်စားတွေအပြင် အသစ်အသစ်သောလုပ်ဆောင် ချက်တွေဖြစ်တဲ့ Smart Connectivity Function ကိုထည့်သွင်းလာပြီးအဆိုပါ အချက်ကဈေးကွက်ထဲမှာရှိတဲ့သမရိုးကျ Laptop လုံးဝကွဲထွက်နေစေတာပဲဖြစ်ပါတယ်။
အဲ့ဒါကြောင့် User Experience အပိုင်းမှာပါ ထူးခြားလာသလို Digital Lifestyle အတွက် ပြည့်စုံတဲ့ ပေါင်းစပ်မှုမျိုးပေးစွမ်းထားတယ်လို့ ဆိုရဦးမှာပါ။ဥပမာ Fingerprint Reader နဲ့တွဲထားတဲ့ Power Button ၊ ကီးဘုတ်အတွင်းမှာ မြုပ်ထားတဲ့ ကင်မရာကစလို့ စမတ်ဖုန်းနဲ့ ကွန်ပျူတာလွယ်လင့်တကူချိတ်ဆက်ပေးနိုင်တဲ့ HUAWEI Share လို Innovation မျိုးကသုံးစွဲသူတွေအတွက် ပိုအကျိုးရှိစေတာပါ။
HUAWEI ရဲ့ MateBook D Series တွေဟာလူငယ်တွေအတွက် ဖန်တီးထားတယ် ဆိုတဲ့အချက်ကလည်းအဆိုပါ Laptop တွေမှာ မြင်တွေ့နေရတဲ့ Ultra-slim Design နဲ့ စုံလင်တဲ့ Features တွေကြောင့်ပါ။ ဒီ Features တွေဟာနောက်တနည်းပြောရရင် နေ့တဓူဝအသုံးပြုဖို့ လိုအပ်တဲ့ Tools တွေလို့ ပြောနိုင်သလိုMateBook D ရဲ့ ပြောင်မြောက်တဲ့ ဒီဇိုင်းပိုင်း ၊ ကောင်းမွန်တဲ့စွမ်းဆောင်ရည်နဲ့ Smart Features တွေ ထွေးပိုက်ထားလို့ သုံးစွဲသူအလိုကျ ဖန်တီးထားတာဖြစ်တယ်လို့လည်းမှတ်ယူနိုင်ပါသေးတယ်။

Photo Source https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/

နောက်တချက်က Entry-level ဖြစ်တာနဲ့အညီသင့်တင့်တဲ့ တန်ဖိုးတစ်ခုနဲ့ ဝယ်ယူနိုင်သလို 14 လက်မ Price Range ထဲမှာMateBook D 14 ဟာFullView Display ၊ Powerful Performance ပေးစွမ်းနိုင်တဲ့အပြင် သေသပ်လှပတဲ့ ဒီဇိုင်း ၊ Fingerprint Power Button နဲ့ ချိတ်ဆက်မှု အားကောင်းတဲ့ Connectivity အစရှိတဲ့ Hardware Level ထူးခြားချက်တွေ ပိုင်ဆိုင်ထားတာပါ။ဒါကိုမှ User Experience အပိုင်း ပြည့်စုံနေစေဖို့ HUAWEI Share နဲ့ Smart Connectivity လို Feature မျိုးထည့်သွင်းပေးထားလို့ Raw Performance အပြင် Productivity အပိုင်းမှာပါ ပြည့်စုံမှုရှိတယ်။ ရုံးသုံး ၊ ကျောင်းသုံးနဲ့ လုပ်ငန်းဆောင်တာအဝဝကိစ္စတွေကစလို့ ရုပ်ရှင်ကြည့် ၊ တေးသီချင်းနားဆင် ၊ ဂိမ်းကစားတာမျိုးအတွက် ကောင်းမွန်တဲ့ Intelligent Assistant လို့လည်းပြောနိုင်ပါတယ်။
ဒီဇိုင်းပိုင်းမှာတော့ HUAWEI MateBookတွေကရဲ့ပါးလွှာကျစ်လစ်မှုကိုအခြေခံထားပြီးMateBook D 14 မှာဘေးဘောင်တွေ မပါသလောက် သေးသွယ်တဲ့ Three-side Thin Bezels အသုံးပြုထားပါတယ်။ ဒါကြောင့် Viewing Experience ပိုမိုကောင်းမွန်သလို Laptop တစ်ခုလုံးရဲ့ အထူက 15.9 မီလီမီတာနဲ့ အလေးချိန် 1.38 ကီလိုဂရမ်ပဲဝိတ်ရှိပါတယ်။ ဒီအချက်က 14 လက်မတန်းမှာတန်ဖိုးချင်းတူနေရင်တောင် ပါးလွှာမှု အရှိဆုံးနဲ့ အပေါ့ပါးဆုံး ဖြစ်နေစေတာပါ။
စွမ်းဆောင်ရည်ပိုင်းအတွက် MateBook D 14 မှာ AMD Ryzen 7 3700U Processor နဲ့ Radeon Vega 10 Graphics တို့ ပါဝင်ပြီး Low-to-medium Load လိုမတူညီတဲ့ ပါဝါသုံးစွဲမှုမျိုးအတွက် AMD Platform တစ်ခုလုံးကိုသီးသန့် Optimize လုပ်ထားပါသေးတယ်။ဒါ့အပြင် 56Wh (Watt-hour) Battery ထည့်သွင်းပေးထားတဲ့အချက်က User တွေကို Plug-inအနေအထားနဲ့မသုံးနေလည်းအားအကုန်မြန်မှာစိတ်ပူနေစရာမလိုပါဘူး။
ဒါ့အပြင် Matebook D14 မှာပါဝင်လာတဲ့ HUAWEI Share ဆိုတာကတော့ NFC Support လုပ်တဲ့ Huawei စမတ်ဖုန်းနဲ့ Huawei Matebook D14 ကိုအလွယ်တကူချိတ်ဆက်ပေးနိုင်တဲ့ Feature ဖြစ်သလိုဒီကတဆင့် Productivity ပိုင်းအတွက်ပိုမိုအထောက်အကူဖြစ်စေပါတယ်။ HUAWEI Share မှာစမတ်ဖုန်း Display ကို PC Screen အဖြစ် အသုံးပြုနိုင်သလိုတချိန်ထဲမှာဖုန်းနဲ့ ကွန်ပျူတာ နှစ်ခုလုံးကိုထိန်းချုပ်နိုင်လို့ ပိုအကျိုးရှိမှာပါ။ ချိတ်ဆက်လိုက်ပြီဆိုတာနဲ့ File တွေကိုအလွယ်တကူ Drag & Dropလုပ်ပြီးအပြန်အလှန်ရွှေ့ပြောင်းနိုင်မယ် ၊ စမတ်ဖုန်းထဲက Documents တွေကို Edit လုပ်နိုင်မယ့်အပြင် မိုဘိုင်း Apps တွေပါ Run လို့ရတဲ့အထိမို့ ကိုယ့်အတွက်ပိုမိုအဆင်ပြေစေမှာပဲဖြစ်ပါတယ်။
MateBook D 14 ရဲ့ Unique Feature ထဲမှာFullView Display အပါဝင် ဖြစ်သလိုအပေါ်ဖက်နဲ့ ဘေးနှစ်ဖက် Bezels တွေက 4.8 မီလီမီတာလောက် သေးသွယ်သွားတဲ့အတွက် သုံးစွဲသူတွေကို 84% အထိScreen-to-body Ratio မြင်ကွင်းကျယ် မျက်နှာပြင် ပေးစွမ်းထားပါတယ်။အတိုင်းအတာအားဖြင့် အတိအကျ ပြောရရင် 322.5 mm x 214.8 mm x 15.9 mm အသီးသီးရှိပါတယ်ဒီတော့ ပြည့်စုံမှုရှိတဲ့ Perfection Design နဲ့ ဖန်တီးဖို့ရာစမတ်ဖုန်းဒီဇိုင်း Philosophy ကိုအခြေခံလိုက်ပြီးဘေးဘောင်တွေ မရှိသလောက် သေးသွယ်သွားတဲ့ FullView Display အဖြစ် Huawei Matebook D14 ကိုဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ဥပမာ Webcam ကိုအပေါ်ဖက် Bezel နေရာကဖယ်ရှားလိုက်ပြီး Keyboard နဲ့ Integrate လုပ်ထားတာမျိုး ၊ အဆိုပါ Recessed Camera ကြောင့် Bezel တွေကိုသေးနိုင်သမျှ သေးသွယ်လာအောင် Cut Down လုပ်နိုင်တဲ့အပြင် Privacy အပိုင်းမှာလည်းပိုမိုအားကောင်းစေတဲ့အကျိူးကျေးဇူးကိုရရှိစေတာပါ။ဒီလိုဆန်းသစ်မှုမျိုးအပြင် အရေးပါတဲ့ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ကြံ့ခိုင်မှု Durability ပိုင်းအတွက် Aluminium Alloy သတ္ထုစပ်နဲ့ အားဖြည့်ထားတဲ့ Chassis ဒီဇိုင်းကိုအသုံးပြုပေးထားပါတယ်။

Photo Source https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/

ဒီဇိုင်းအလှအပနဲ့ ဖွဲ့နွဲ့မှူတွေကိုအသားပေးပြောနေတဲ့ အလျောက် HUAWEI MateBook D 14 မှာတပ်ဆင်ထားတဲ့ 14 လက်မအရွယ် 1,080p IPS Display ဟာလည်းအရည်သွေးကောင်းတဲ့ Panel တစ်ခု ဖြစ်တယ်ဆိုတာပါ။ Anti-glare Protection ပါဝင်တဲ့အတွက် IPS ချင်းအတူတူဆိုရင်တောင် Dynamic Content တွေနဲ့ Animations တွေ ဖော်ပြတဲ့နေရာမှာအားသာချက် ရှိစေမှာပါ။ 178 ဒီဂရီ Viewing Angle ထောက်ပံ့ထားပြီး 16:9 Aspect Ratio ဆိုတာက Full HD နဲ့အထက် Cinematic Content တွေကိုအကောင်းဆုံးဖော်ဆောင်ပေးဦးမှာပါ။ ဒါကြောင့် 4.8 မီလီမီတာရှိသေးသွယ်တဲ့ Bezels တွေနဲ့ ပေါင်းစပ်လိုက်ရင် Viewing Experience ကောင်းကောင်းခံစားနိုင်သလို Matte Panel ဖြစ်တဲ့အတွက် High-resolution ရုပ်ပုံနဲ့ Blu-Ray ဗီဒီယို ကြည့်ရှုတဲ့အခါ Reproduction ကောင်းကောင်းနဲ့ ရှုစားနိုင်မှာပါ။ ဒါ့အပြင် MateBook D 14 ရဲ့ IPS Panel ဟာ TUV Rheinland Certified ဖြစ်တဲ့အလျောက် အမြင်အာရုံထိခိုက်စေနိုင်မယ့် Blue Light ကိုအထိုက်လျောက် ကာကွယ်ပေးဦးမှာပါ။
Portability အပိုင်းမှာလူငယ်တွေအတွက် ရည်ရွယ်ထားတဲ့အလျောက် Laptop ကိုယ်တိုင်ကလည်းလျော်ညီစွာပေါ့ပါးမှုရှိပြီးစတိုင်ကျ ခေတ်မီနေတဲ့အပြင် Display ကို 180 ဒီဂရီဖွင့်ထားလို့ရတဲ့အတွက် တမျိုးတဖုံဆွဲဆောင်မှု ရှိနေစေပါတယ်။ဒိအတွက် အားဖြည့်ထားတာကအထက်မှာဖော်ပြခဲ့တဲ့အတိုင်းသေးသွယ်တဲ့ Bezels နဲ့ ဝှက်ထားတဲ့ Recessed Camera တို့ပါ။ ဒီအချက်တွေက Slim Laptop တစ်လုံးဖြစ်လာဖို့ အထောက်ကူဖြစ်စေသလိုတဖက်မှာလည်း Productivity အပိုင်းပိုကောင်းစေပါတယ်။
အချုုပ်အားဖြင့်ဆိုရမယ်ဆိုရင် Ultralight အမျိူးအစားMatebook D14 လက်တော့အမျိုးအစားသစ်သည် ပေ့ါပါးကျစ်လစ်လှပသည့်အပြင် စွမ်းဆောင်ရည်ပိုင်းလည်းသင့်တင့်ကောင်းမွန်သောကြောင့် လူငယ်အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့်အတွေ့အကြုံသစ်များကိုရရှိစေမှာပဲဖြစ်ပါသည်။ HUAWEI Matebook D14 ကိုဇူလိုင်လ (၁၀) ရက်နေ့မှဇူလိုင် (၃၁) ရက်နေ့အထိနီးစပ်ရာအရောင်းဆိုင်များတွင်ကန်ဒေါ်လာ၆၉၉ (နှင့်ညီမျှသော မြန်မာကျပ်ငွေ) ဖြင့်ကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Matebook 14 ကိုဝယ်ယူသူတိုင်းအတွက် Bluetooth Mouse နှင့်ကျောပိုးအိတ်ကိုရရှိမည့်အပြင် Pre-Order ကြိုတင်မှာယူသူများအတွက်လည်း HUAWEI CPE နှင့် Bluetooth Headphone ကိုလည်းထပ်မံပေးအပ်သွားမှာ ဖြစ်သည့်အကြောင်းသတင်းပါးလိုက်ရပါသည်။
အသေးစိပ်အချက်အလက်များကိုအောက်ဖော်ပြပါ Link တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။
https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/