နည်းပညာအသစ်အဆန်းများကို HUAWEI Developer Conference 2020 တွင် မိတ်ဆက်ပြသခဲ့

Huawei Developer Conference 2020 (Together) အစီအစဉ် ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၀ ရက်နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရှန်ကျန်ဒေသရှိ Songshan Lake HUAWEI Campus တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ Huawei Developer Conference 2020 ၏ အဓိက Keynote အဖြစ် HarmonyOS 2.0 တည်ဆောက်နေမှုတွင် အဓိကတိုးတက်လာချက်များ၊ EMUI 11 တွင်ပါဝင်လာမည့် features အသစ်များ၊ HMS(Huawei Mobile Services), HUAWEI HiLink နှင့် HUAWEI Research သုတေသနလုပ်ငန်းစဉ် တိုးတက်ပြောင်းလဲမှုများကို တင်ပြဆွေးနွေးခဲ့သည်။ အဆိုပါ တိုးတက်ပြောင်းလဲလာမှုများသည် တစ်ကမ္ဘာလုံးရှိ Developers များ၊ Ecosystem မိတ်ဖက်အဖွဲ့အစည်းများ နှင့်တကွ သုံးစွဲသူများအတွက်ပါ အတွေ့အကြုံသစ်များဖြင့် အကျိုးဖြစ်ထွန်းစေမည် ဖြစ်ကြောင်းလည်းသိရသည်။ ထို့အပြင် အဆိုပါပွဲတွင်လည်း HUAWEI မှ AIOT အမျိုးအစားထုတ်ကုန်သစ် အသစ် ၆မျိုးဖြစ်သည့် HUAWEI MateBook X, HUAWEI MateBook 14, HUAWEI WATCH GT 2 Pro, HUAWEI FreeBuds Pro, HUAWEI WATCH FIT နှင့် HUAWEI FreeLace Pro အစရှိသည့်ထုတ်ကုန်များကိုလည်း မိတ်ဆက်ရှင်းလင်းပြသခဲ့သည်။

Photo Source https://1drv.ms/u/s!Amrba4M4TK_1gb5KjODScCe0scIXKA?e=hSeDWc

အဆိုပါ ပွဲအခမ်းအနားသည် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး ၃ရက်တိုင်ကျင်းပခဲ့ခြင်းဖြစ်ပြီး Developers များအတွက် စိတ်ဝင်စားစရာအစီအစဉ်များဖြစ်သည့် Lakeside Talks အစီအစဉ်၊ နည်းပညာပိုင်း ဆွေးနွေးပွဲများ၊ Codelabs စသည့် အစီအစဉ်များပါဝင်ခဲ့သည်။ အဆိုပါ ပွဲအစီအစဉ်မှတစ်ဆင့် Developers များ၏ ကွန်ယက်ပိုမိုကျယ်ပြန့်လာစေရန်နှင့် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သည့် all-scenario experiences အတွေ့ အကြုံသစ်ကို ခံစားရရှိလာစေရန် ရည်ရွယ်ထားသည်။
“Huawei ရဲ့ ecosystem ပိုင်းသည် နောက်ဆုံးပေါ်နည်းပညာများနှင့် အတူ ဖွံ့ဖြိုးတိုးတက်လာမှုဟာ တစ်ကမ္ဘာလုံးရှိ developers များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ခိုင်မာယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှုရဲ့ အသီးအပွင့်ရလဒ် များပဲဖြစ်ပါတယ်။ Huawei အနေနဲ့လည်း အဓိကနည်းပညာပိုင်းတွေဖြစ်တဲ့ Software ပိုင်းနဲ့ Hardware ပိုင်းတွေကို ပိုမိုပွင့် လင်းမြင်သာအောင် ပြသပေးမှာဖြစ်ပြီး အခုလို Delveopers များနဲ့အတူ ပိုမိုပူးပေါင်းဆောင်ရွက်ပြီး သုံးစွဲသူတွေအတွက် ပိုမိုအကျိုးများစေမယ့်၊ နောက်ဆုံးပေါ်တီထွင်ဆန်းသစ်မှုတွေနဲ့အတူ all-scenario smart ecosystem ကိုပိုမိုတိုးတက် အောင်ဆောင်ရွက်သွားမည်” ဟု Huawei Consumer Business Group ၏ CEO နှင့် Executive Director ဖြစ်သူ Richard Yu မှ ပြောကြားသည်။

Photo Source https://1drv.ms/u/s!Amrba4M4TK_1gb5KjODScCe0scIXKA?e=hSeDWc

Huawei အနေနှင့် ကဏ္ဍစုံ ချိတ်ဆက်မှုနည်းပညာပိုင်းအတွက် HarmonyOS ကို ၂၀၁၉ ခုနှစ်တည်းက စတင်ကြေငြာခဲ့သည်။ ထိုအချိန်မှစ၍ Huawei အနေနှင့် Device အချင်းချင်း ချိတ်ဆက်နိုင်မှုအတွက် တိုးတက်လာအောင် အရှိန်အဟုန်နှင့် အားစိုက်လုပ်ဆောင်ခဲ့ပြီး အထူးသဖြင့် Device များအချင်းချင်း လျင်မြန်စွာရှာဖွေတွေ့ရှိနိုင်မှု၊ အလိုအလျောက် ချိတ်ဆက်နိုင်မှု၊ Hardware ချင်းပူးပေါင်းဆောင်ရွက်နိုင်မှုနှင့် Smart Devices များအကြား ပိုမိုလွယ်ကူချောမွေ့သော လုပ်ဆောင်မှုများကို တိုးတက်လာအောင် လုပ်ဆောင်ခဲ့သည်။ လက်ရှိအချိန်တွင် HarmonyOS 2.0 ကို မိတ်ဆက်ပြသခဲ့ပြီး လက်ရှိအချိန်ထိ တိုးတက်လာမှုများ၊ Software Bus အပိုင်း၊ Data Management ပိုင်းနှင့် Security ပိုင်းအတွက် တိုးတက်လာမှုနှင့် နောက်ထပ်လုပ်ဆောင်မည့် အချက်အလက်များကို ပြသ ဆွေးနွေးခဲ့ပါသည်။ ထို့အပြင်လည်း Developers များအတွက် ပိုမိုလွယ်ကူလျင်မြန်စွာ အလုပ်လုပ်နိုင်မည့်၊ ရှာဖွေမှုများကို ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်မည့် adaptive UX framework အမျိုးအစားကိုလည်း Huawei မှ မိတ်ဆက်ပြသခဲ့ပါသေးသည်။
ထို့အပြင်လည်း မိုဘိုင်းဖုန်းများအတွက် HarmonyOS Beta ဗားရှင်းကို ယခုနှစ်ကုန်ပိုင်းမှစပြီး Developers များအတွက် Open Source အဖြစ်ရယူနိုင်ပြီဖြစ်ပြီး emulators များ၊ SDK packages များနှင့် IDE tools များပါ တစ်ပါတည်း ပါဝင်လာမှာ ဖြစ်သည်။

Photo Source https://1drv.ms/u/s!Amrba4M4TK_1gb5KjODScCe0scIXKA?e=hSeDWc

တစ်ကမ္ဘာလုံးရှိ ၁.၈ သန်းသော Developers များ၏ ဝိုင်းဝန်းစုစည်းအားပေးမှုနှင့် အတူ AppGallery နှင့် HMS Ecosystem သည် ယခုနှစ်ပိုင်းတွင်လည်း အရှိန်အဟုန် နှင့်စဉ်ဆက်မပြတ် တိုးတက်လျက်ရှိပါသည်။ လက်ရှိအချိန်တွင် AppGallery တွင် HMS Core နှင့် အသားကျပြင်ဆင်ပြီးသော App ပေါင်း ၉၆၀၀၀ ကျော်အထိ ရောက်ရှိလာပြီဖြစ်ပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် သန်းပေါင်း ၄၉၀ ကျော်သော သုံးစွဲသူများကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင်လည်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ သြဂုတ်လအထိ Application ဒေါင်းလုတ်ရယူမှု အကြိမ်ပေါင်း ၂၆၁ ဘီလီယျံအထိ ရှိခဲ့ကြောင်းလည်း သိရသည်။
ထိုမျှမက ၂၀၂၀ ခုနှစ်အတွင်းမှာပဲ HMS Core 5.0 ၏ Open Capabilities အရေအတွက်အနေနှင့် Kits ပေါင်း ၁၄ ခုမှ ၅၆ ခုအထိ တိုးတက်လာခဲ့သည့်အပြင် API (application programming interface) အရေအတွက်ဟာလည်း အဓိက ဧရိယာ အပိုင်း ၇ခုတွက် ၈၈၅ ခုမှ ၁၂၉၈၁ ခုအထိ တိုးတက်များပြားလာပြီး Developers များအတွက် ပိုမို စုံစုံလင်လင်နှင့် တီထွင်ဖန်တီးမှု စွမ်းပကားအတွက် တိုးတက်လာအောင် ကူညီပေးနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။ ထို့Kit များထဲတွင်လည်း CG Kit ပိုင်းအတွက် Graphics နည်းပညာ၊ ပုံထွက်အရည်အသွေးနှင့် အမြင်အာရုံအတွေ့အကြုံပိုင်းတိုးတက်ပြောင်းလဲလာမှုနှင့် ဂိမ်းကစားမှုပိုင်းအတွက် Rendering Efficiency များတိုးတက်လာမှု၊ နေရာပြ (Location Kit) တွက်လည်း စင်တီမီတာမှသည် မီလီမီတာ ကိန်းဂဏာန်းအထိ တိကျစွာပြသလာနိုင်မှုနှင့် Tracking ပိုင်းတွင်လည်း သိသိသာသာ တိုးတက်လာမှုများက အမြင်သာဆုံးသော တိုးတက်ပြောင်းလဲမှုများဖြစ်ကြောင်းလည်း ထုတ်ပြန်ထားပါသည်
ထိုမျှမက Huawei အနေနှင့် developers များအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် global ecosystem cooperation labs များကို ရုရှား၊ ပိုလန်နှင့် ဂျာမနီ နိုင်ငံများတွင် တည်ဆောက်ပြီး delvelopers များအတွက်လိုအပ်သည့် စမ်းသပ်ချက်များ၊ ပြင်ဆင်မှုများနှင့် လိုအပ်သည့် အသိအမှတ်ပြုလက်မှတ်များပါ ရရှိနိုင်ရန်ဝန်ဆောင်မှုပေးအပ်သွားမည်ဖြစ်သည့်အပြင် ရိုမေးနီးယား၊ အီဂျစ်၊ မလေးရှား၊ မက္ကဆီကိုနှင့် ရုရှားတို့တွင်ပါ global developer service centres များကို ဖွင့်လှစ်ပြီး ဒေသတွင်းအဆင့်အလိုက် လိုအပ်သော အကူအညီများနှင့် ဝန်ဆောင်မှုများကို တိုးချဲ့ပေးအပ်နိုင်ရန်ပြင်ဆင်ထားရှိသည်။