လုပ်ငန်းခွင်မှာအဆင်ပြေစေမယ့် HUAWEI Matebook D14 ရဲ့ ဆန်းသစ်တဲ့နည်းပညာများ

Laptop လို့ ပြောလိုက်ပြီဆိုတာနဲ့ လူငယ်တွေအတွက် အလုပ်လုပ်ဖို့ပဲ အသုံးပြုဖို့ စဉ်းစားကြတာ မဟုတ်သလို တစ်ခါတလေ တေးသီချင်း နားဆင် ၊ ရုပ်ရှင်ကြည့်ရင်း ပျော်ရွှင်မှုရသကို ခံစားတတ်ကြတာပါ။ ဒါကြောင့်မလို့ HUAWEI အနေနဲ့ Matebook တွေကို ထုတ်လုပ်တဲ့နေရာမှာ စွမ်းဆောင်ရည်ကို အဓိက ဦးစားပေး ထုတ်လုပ်သလို ဒုတိယ အရေးပါတဲ့ User Experience အပိုင်းကိုလည်း ဒွန်တွဲပြီး Quality ပိုင်းကို ကြည့်ရှုလေ့ ရှိပါတယ်။ HUAWEI MateBook D စီးရီးတွေမှာဆိုရင် CPU က လောင်ကျွမ်းပေးနိုင်တဲ့ စွမ်းအင်ပမာဏ အကုန်လုံးကို အသုံးပြုစေပြီး အကောင်းဆုံးသော Performance ကို ရရှိစေပါတယ်။ User Experience ပိုင်းအတွက် မှာတော့ ပိုမိုအဆင်ပြေစေဖို့ တီထွင်ဖန်တီးထားတဲ့ နည်းပညာဖြစ်တဲ့ စမတ်ဖုန်းနဲ့ PC အကြား အလွယ်တကူ ချိတ်ဆက်ပေးမယ့် Feature စသည်ဖြင့် လည်းပါရှိပါတယ်။
ကွန်ပျူတာတစ်လုံး ကောင်းတယ်ဆိုတဲ့ အချက်ဟာ သူ့ရဲ့ စွမ်းဆောင်ရည်နဲ့လည်း တိုက်ရိုက် သက်ဆိုင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း Laptop ဈေးကွက်တစ်ခုလုံးဟာ Intel နဲ့ Nvidia တို့ပဲ ကြီးစိုးခဲ့ပေမယ့် စွမ်းဆောင် ရည်ပိုင်းနဲ့တီထွင်ဖန်တီးမှုအပိုင်းမှာ ထပ်လာတဲ့နောက်ပိုင်းမှာတော့ intel နဲ့ အပြိုင် AMD အနေနဲ့လည်း ဈေးကွက်နဲ့ သုံးစွဲသူတွေကြားမှာ နေရာတစ်ခု ရရှိလာခဲ့ပါတယ်။ AMD အနေနဲ့ သူ့ရဲ့ Zen Architecture ကို မိတ်ဆက်လိုက်တဲ့နောက် Intel ရဲ့ ဈေးကွက်ဝေစုတွေကိုပါ အတိုင်းအတာတစ်ခုအထိ သိမ်းပိုက်နိုင်ခဲ့သလို 2017 ခုနှစ်မှာ Ryzen Mobile ရဲ့ ပထမဆုံး 2000 Series Processor ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဆိုပါ Processor ကို 14nm Process နဲ့ ထုတ်လုပ်ထားတာ ဖြစ်သလို Vega Graphics နဲ့ ပွဲထုတ်ခဲ့တာ ဖြစ်ပါတယ်။ ၂ နှစ်တာကာလ ဖြတ်သန်းပြီးတဲ့နောက် ဒုတိယမျိုးဆက်ဖြစ်တဲ့ 3000 Series ကို မိတ်ဆက်ခဲ့သလို အဆိုပါ Generation ဟာ မီဒီယာ အသိုင်းအဝိုင်းအကြား မျက်နှာပန်းလှ ၊ ဈေးကွက်အတွင်းမှာလည်း အောင်မြင်မှုတွေ ဖန်တီးပေးခဲ့ပါတယ်။ Ryzen 3000 Series အသုံးပြုထားတဲ့ Laptop တစ်လုံးကို Intel System တွေထက် ပိုမိုသက်သာတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်ခဲ့သလို Performance ချင်းယှဉ်ပြန်ရင်လည်း ကောင်းမွန်နေတဲ့အတွက် သုံးစွဲသူတွေနဲ့ လူငယ်တွေကြားမှာ ရွေးချယ်စရာ ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/

HUAWEI MateBook D 14 မှာ ဆိုရင် 12nm Process ကို အခြေခံထားတဲ့ ဒုတိယမျိုးဆက် Ryzen 7 3700U Processor အသုံးပြုထားပြီး 4-cores ၊ 8-threads ပါဝင်ပါတယ်။ 2.3GHz Base Clock နဲ့ Run တဲ့ Ryzen 7 ဟာ အမြင့်ဆုံး Frequency ကို 4GHz အထိ Boost လုပ်ပေးနိုင်ပြီး Graphics ပိုင်းအတွက် Vega 10 နဲ့ အားဖြည့်ထားပါတယ်။ AMD အဆိုအရ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည် ပိုကောင်းသလို Single-core Performance မှာ 10% ၊ Multi-core မှာ 15% မြန်ဆန်သွားတဲ့အပြင် စွမ်းအင်သုံးစွဲမှုကိုလည်း ချွေတာပေးနိုင်တဲ့အတွက် Laptop တစ်လုံးလိုအပ်တဲ့ Performance ကို အလုံလောက် ထောက်ပံ့ထားနိုင်ပါတယ်။ ဒီလိုပြောရတဲ့ အချက်ဟာ သုံးစွဲသူတွေအနေနဲ့ Laptop တစ်လုံးကို အလုပ်တွက် ၊ ကျောင်းအတွက် အသုံးပြုသည်ဖြစ်စေ ၊ ဂိမ်းကစားတာမျိုးနဲ့ Graphics Processing လုပ်ငန်းတစ်ခုကို စေခိုင်းတဲ့အခါ ကောင်းမွန်စွာ စွမ်းဆောင်နိုင်စွမ်းရှိတာပဲဖြစ်ပါတယ်။ Performance ပိုင်းအတွက် Ryen 7 3700U နဲ့ Vega 10 Graphics တို့ဟာ ကောင်းမွန်စွာ စွမ်းဆောင်ပေးနိုင်တဲ့အပြင် 4K HDR Decoding ၊ Sublime Image Rendering အစရှိတဲ့ လုပ်ဆောင်ချက်တွေကိုပါ ထောက်ပံ့ပေးနိုင်ပါတယ်။အခုလို အချက်အလက်တွေအတွက် စွမ်းဆောင်ရည် အထစ်ငေါ့ မရှိသုံးနိုင်အောင် Research & Development ပိုင်းမှာ သုသေတနလုပ်ငန်းတွေနဲ့ သေချာ စီစစ်ဖန်တီးတပ်ဆင်စမ်းသပ်ထားပြီး Ryzen Processor ရဲ့ စွမ်းဆောင်ရည် ကို ကောင်းသထပ်ကောင်းအောင် HUAWEI အနေနဲ့ ထပ်ဆင့် ဖန်တီးထားတာ ဖြစ်ပါတယ်။
စွမ်းဆောင်ရည် အားကောင်းအောင် ပြုလုပ် ထားတဲ့ Laptop တွေအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ အပူဒဏ်ပဲဖြစ်ပါတယ်။ Huawei MateBook D 14 မှာ အေးမြမှု နဲ့ အပူဒဏ်ကို လျှော့ချနိုင်ဖို့ အတွက် Shark Fin 2.0 Cooling နည်းပညာ အသုံးပြုထားသလို S ပုံစံ ပန်ကာဒလက် (Fan Blade) တွေကလည်း လေဝင်၊ လေထွက်အားကို ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးထားပါတယ်။ Cooling နည်းပညာသစ်မှာ ထူးခြားသွားတဲ့အချက်က Fan ဒီဇိုင်းပဲဖြစ်ပြီး သေးသွယ်တဲ့ Fan Blade တွေကို အရေတွက် များများအသုံးပြုခြင်းအားဖြင့် Fan Speed ကို အကောင်းဆုံး အနေထားဖြစ်အောင် စွမ်းဆောင်နိုင်တာပဲ ဖြစ်ပါတယ်။
တတိယအချက်အနေနဲ့ ဖော်ပြလိုတာကတော့ MateBook D 14 ရဲ့ 56Wh (Rating Value) Battery ဖြစ်ပြီး အသုံးပြုတဲ့ အနေထားလိုက် တာရှည်ခံအောင် စီမံထားတဲ့ အချက်ပါ။ ဥပမာ 1,080p ဗီဒီယို ကြည့်ရှုမယ်ဆိုရင် ၉နာရီခွဲခန့်အထိ ဆက်တိုက် ကြည့်နိုင်ပြီး အင်တာနက် Browsing အတွက် ဆက်တိုင်အသုံးပြုမယ်ဆိုရင် ၉နာရီကျော်ကျော် ခံမယ်၊ အဲ့လိုမှ မသုံးဘဲ တနေ့တာ ပေါ့ပေါ့ပါးပါး သုံးစွဲမှုအတွက်ဆိုရင် ၁၀ နာရီအထိ အသုံးခံမယ်လို့ စမ်းသပ်ချက်တွေပြုလုပ်ပြီး ကြေငြာထားပါတယ်။ အခုလို တာရှည်ခံတဲ့ အကြောင်းပြချက်ကလည်း Laptop မှာ ပါဝင်တဲ့ ကြီးမားတဲ့ ဘက်ထရီကြောင့် ဖြစ်ပြီး အကယ်လို့ အပြင်သွားရတဲ့အခါမျိုးမှာ ဘက်ထရီ အသုံးမခံလို့ ဗျာများရမယ့် နောက်ဆက်တွဲ ပြဿနာကို တွေးပူစရာမလိုပါဘူး။
Huawei Matebook D14 ကို အားသွင်းပေးနိုင်ဖို့အတွက်ပြင်ဆင်ထားတဲ့ နေရာမှာ User Experience ကောင်းမွန်နေဖို့ရာ HUAWEI အနေနဲ့ အသေးစိတ်ကအစ ဂရုစိုက်ထားတယ်ပါတယ်။ Laptop ကသာ Portable ဖြစ်ပေမယ့် Charger က ထူထဲပြီး လေးလံနေပြန်ရင်လည်း အဆင်ပြေမနေပါဘူး။ Huawei Matebook D14 မှာ ဖြုတ်နိုင်၊ တပ်နိုင်တဲ့ 65W USB-C Charger နဲ့ အစားထိုးပေးလိုက်ပြီး အရင် Charger တွေနဲ့ စာရင် ပိုမို သေးငယ်သွားသလို Portability ပိုင်းအတွက် ပိုကောင်းလာပါတယ်။ ဒါ့အပြင် USB-C Port အသုံးပြုထားတဲ့ စမတ်ဖုန်း ၊ တက်ဘလက်တွေကိုပါ အားသွင်းဖို့အတွက် အသုံးပြုနိုင်ပြီး Cable ကြိုးကို Data Transfer အတွက်လည်း သုံးနိုင်တဲ့အတွက် တချက်ခုတ် နှစ်ချက်ပြတ်လို့ ဆိုရမှာပါ။ Huawei P40 Pro၊ Huawei nova 7i စတဲ့ 40W Super-Fast Charging နည်းပညာကို အထောက်အပံ့ပြုထားတဲ့ Device တွေအတွက်ကိုလည်း 40W Fast Charging နဲ့ အားသွင်းနိုင်ဦးမှာဖြစ်လို့ Huawei ဖုန်းအသုံးပြုသူတွေအတွက်ဆိုရင် ပိုမိုအဆင်ပြေစေဦးမှာဖြစ်ပါတယ်။ အခုလို စွယ်စုံရအောင် စီမံထားတဲ့အပြင် လုံခြုံမှု ရှိစေဖို့ Overheat Protection Feature ထည့်သွင်းပေးထားပြီး ကန့်သတ်ထားတဲ့ အပူချိန်ရောက်လာခဲ့ရင် အားသွင်းမှုကို အလိုလျောက် ဖြုတ်တောက်ပေးမယ့် နည်းပညာကိုလည်း အသုံးပြုထားပါတယ်။

Photo Source https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/

Memory ပိုင်းအတွက် Huawei Matebook D14 မှာ သမရိုးကျ HDD အမျိုးအစားကို အသုံးမပြုထားပဲ ပိုမိုခေတ်မှီပြီး အသုံးပြုသူတွေအတွက် ပိုမိုမြန်ဆန်တဲ့အတွေ့အကြုံကိုပေးစွမ်းနိုင်မယ့် SSD ကိုအသုံးပြုထားပါတယ်။ လျင်မြန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ဖို့အတွက် ဆိုရာမှာ SSD လို့ခေါ်တဲ့ Solid-state Disk ကိုလည်း စဉ်းစားရမှာဖြစ်ပြီး MateBook D 14 မှာ PCI-e အမျိုးစား SSD ကို အသုံးပြုပေးထားပါတယ်။ အဆိုပါ PCI-e Interface ဟာ SATA Interface နဲ့ ယှဉ်ရင် Performance ၅ ဆ ကွာသလို Application ဖွင့်သုံးတဲ့အခါနဲ့ ဂိမ်းကစားတဲ့အခါမျိုးမှာ Smooth Experience ရရှိစေမှာပါ။ ထို့အပြင် MateBook D 14 မှာ DDR4 Memory နှစ်ချောင်းကို Dual-channel အသုံးပြုပေးထားပြီး 8GB ပမာဏ ပါဝင်ပါတယ်။ Single Channel ထက်စာရင် Data Transfer Rate ကို 50% မြန်ဆန်မှု ရှိစေနိုင်ပြီး Loading များတဲ့ Application သုံးတဲ့ အခါမျိုးမှာ အနှောက်ယှက် ကင်းဝေးစေမှာပါ။
အခုလို မြန်ဆန်တဲ့ Hardware တွေအပြင် အင်တာနက် အသုံးပြုခဲ့တဲ့ အခါမှာလည်း Smooth ဖြစ်နေစေဖို့ High-performance WLAN Module တပ်ဆင်ပေးထားပါတယ်။ အဆိုပါ Module ဟာ 2×2 MIMO ထောက်ပံ့ထားပြီး Dual-wireless Antenna ဒီဇိုင်း အသုံးပြုထားတဲ့အတွက် WLAN Signals ကောင်းမွန်စွာ ဖမ်းယူနိုင်ပြီး လှိုင်းငြိမ်ငြိမ်နဲ့ အင်တာနက် သုံးနိုင်မှာပါ။နောက်ဆုံး အနေနဲ့ ဖော်ပြလိုတာ Laptop တစ်လုံးမှာ မရှိမဖြစ် လိုအပ်တဲ့ I/O Ports တွေပါ။ MateBook D 14 မှာ USB-C Port တစ်ခု ၊ USB 3.0 Port တစ်ခု ၊ USB 2.0 Port တစ်ခု ၊ HDMI Port တစ်ခုနဲ့ 3.5mm Headphone Jack Port တို့ပါဝင်ပါတယ်။ ဒါကြောင့် ဒေတာ ကူးပြောင်းမှုအတွက် ဖြစ်စေ ၊ သီးချင်းနားထောင်ဖို့နဲ့ အားသွင်း အသုံးပြုမှုအတွက် I/O Ports တွေကို လုံလုံလောက်လောက် ပေးစွမ်းထားပါတယ်။
အချုပ်အားဖြင့်ဆိုရမယ်ဆိုရင် Ultralight အမျိူးအစား Matebook D14 လက်တော့အမျိုးအစားသစ်သည် ပေ့ါပါးကျစ်လစ်လှပသည့်အပြင် စွမ်းဆောင်ရည်ပိုင်းလည်း သင့်တင့်ကောင်းမွန်သောကြောင့် လူငယ်အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များကို ရရှိစေမှာပဲဖြစ်ပါသည်။ HUAWEI Matebook D14 ကို ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင် (၃၁) ရက်နေ့အထိ နီးစပ်ရာအရောင်းဆိုင်များတွင် ကန်ဒေါ်လာ ၆၉၉ (နှင့်ညီမျှသော မြန်မာကျပ်ငွေ) ဖြင့် ကြိုတင်မှာယူနိုင်ပြီဖြစ်ပါသည်။ HUAWEI Matebook 14 ကို ဝယ်ယူသူတိုင်းအတွက် Bluetooth Mouse နှင့် ကျောပိုးအိတ်ကို ရရှိမည့်အပြင် Pre-Order ကြိုတင်မှာယူသူများအတွက်လည်း HUAWEI CPE နှင့် Bluetooth Headphone ကိုလည်း ထပ်မံပေးအပ်သွားမှာ ဖြစ်သည့်အကြောင်းသတင်းပါးလိုက်ရပါသည်။
အသေးစိပ် အချက်အလက်များကို အောက်ဖော်ပြပါ Link တွင်လည်း ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။
https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/