အွန်လိုင်းဝန်ဆောင်မှုများပြုလုပ်နိုင်သည့် Unistores App နှင့် Fiber To The Heart Plan စတင်မိတ်ဆက်

အွန်လိုင်းဝန်ဆောင်မှုများပြုလုပ်နိုင်သည့် Unistores App နှင့် Fiber To The Heart Plan အားစတင်မိတ်ဆက်ခြင်းအခမ်း အနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့ Emerald Bay တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Source By Myanmar Tech Press

အဆိုပါပွဲ ပထမပိုင်းတွင် Unilink CEO MrZhaiMeng နှင့် Emerald Bay မှ Mr.Chao wen zhu တို့မှအဖွင့်အမှာ စကားပြောကြားခဲ့ပြီး MrZhaiMeng မှ Unilink အား ၂၀၁၅ ခုနှစ်တွင်စတင်တည်ထောင်ချိန်မှစကာ Unilink ဖွံ့ဖြိုးတိုးတက်မှုကို အကျဉ်းချုံးဖော်ပြခဲ့ပြီး customer များ၏အားပေးထောက်ခံမှုဖြင့် online customer နှစ်သိန်းကျော်အား အချိန်အတိုတွင်းရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံတွင်အရေးပါသောမြို့ကြီးများအား ဆက်သွယ်ထားသော Back Bone Fiber ကွန်ရက်ဖြင့်ချိတ်ဆက်ထားကာ လက်ရှိမြို့ကြီး ၁၂ မျိုးတွင် အသုံးပြုနိုင်ပြီး အနာဂတ်တွင် အဓိကမြို့ကြီး ၆၀ ကျော် တိုးချဲ့ရန်စီစဉ်ထားကြောင်းပြောကြားခဲ့သည်။
ဒုတိယပိုင်းတွင် Unistores App အသစ်မိတ်ဆက်ပေးခြင်းနှင့်ဝန်ဆောင်မှု တိုးမြင့်ခြင်းအားအသေးစိတ်ရှင်းပြခြင်းတွင် Unilinkstores အသုံးပြုခြင်းဖြင့် Digital စနစ်ဖြင့်customer များ၏ဝန်ဆောင်မှုအဆင့်မြင့်တင်ခြင်းနှင့်ယခင်အသုံးပြုသော စာရွက်စာတမ်းများလက်ခ့ခြင်းနှင့်ပျောက်ရှခြင်း များစွာသောပြဿနာများမှကင်းဝေခြင်း ,Unilike မှလုပ်ငန်းနှင့် Customer များအားပိုမိုစိတ်ချ တည်ငြိမ်မြန်ဆန်သော“Fiber to the Desk”နှစ်ကုန်ဝန်ဆောင်မှုမြင့်တင်ခြင်း အဓိကအခန်း ကဏ္ဍသုံးခု အပြင် ပိုမိုကောင်းမွန်၍ customer အားကျေးဇူးတုံ့ပြန်သော Unilike ၏ရာသက်ပန် package plan (ShalPyone FTTH-10M=1500USD,ETP-100M=15000USD) မိတ်ဆက်ခဲ့ကြသည်။

Photo Source By Myanmar Tech Press

တတိယပိုင်းတွင် အိမ်သုံး smart home product အကြောင်းအသေးစိတ်ရှင်းပြခြင်းအားပြုလုပ်ခဲ့ကြပြီး စတုတ္ထပိုင်းတွင် ပဲခူးမြစ်ကမ်းနေဝင်ဆည်းအလှအားခံစားပြီး outdoor activities နှင့်ကံစမ်းမဲအစီအစဉ်အားကျင်းပခဲ့ကြသည်။
အဆိုပါမိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရသည့်ရည်ရွယ်ချက်မှာလည်း “Fiber to the Heart” plan အသစ်အား ခေတ်သစ် အတွေးအမြင်အသစ်များရရှိစေရန်ဖြစ်ပြီး Unilink အနေဖြင့် customers များစိတ်ကျေနပ်လောက်သောဝန်ဆောင်မှုမျိုးပေး နိုင်ရန်ရည်ရွယ်ချက်ဖြင့်ကျင်းပပြုလုပ်ရခြင်းလည်းဖြစ်သည်။ “Fiber to the Heart is your Heart” ဆိုသည့် company ရဲ့အဓိကဆောင်ပုဒ်အသစ်သည် “Fiber to the Home” နှင့်ယှဉ်လျှင် Unilink သည်Customer ကိုအဓိကအလေး ထားသောဝန်ဆောင်မှုတစ်မျိုးလည်းဖြစ်သည်။
Unistores Application မှတဆင့် Internet package များကိုအလွယ်တကူမှာယူဝယ်ယူနိုင်ခြင်း၊ အင်တာနက်လိုင်း ပြဿနာများအား အချိန်နှင့်အမျှချက်ချင်းအကြောင်းကြားနိုင်ခြင်း၊ အလွယ်တကူလစဉ်ကြေးပေးဆောင်နိုင်ခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေပါဝင်သည်။

Photo Source By Myanmar Tech Press

UniStores ဆိုသည်မှာလည်း Broadband များ၊ ဖုန်းငွေလက်ကျန်စစ်ဆေးခြင်း၊ ဖုန်းခေါ်ဆိုခများ စသောလုပ်ဆောင်မှု များကိုကြည့်ရှုနိုင်ရန်အတွက် ကျယ်ပြန့်စွာဖော်ပြထားသည့် Software တစ်ခုလည်းဖြစ်သည်။ အဆိုပါ App သို့ဝင်ရောက် ပြီးသည်နှင့် ငါးစက္ကန့်အတွင်း ဖုန်းလက်ကျန်ငွေနှင့်ကျန်ရှိနေသေးသော ပက်ကေ့ချ်ပမာဏကို စစ်ဆေးနိုင်မည်လည်း ဖြစ်သည်။ သုံးမိနစ်အတွင်း Broadband၊ ပက်ကေ့ချ်ပြောင်းလဲခြင်းနှင့်ဖုန်းဘေဖြည့်သွင်းခြင်းစတဲ့ အွန်လိုင်းဝန်ဆောင်မှုများ ကိုလုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။ Unistores App အား အသုံးပြုသူတိုင်းပိုမိုလွယ်ကူအဆင်ပြေစေမှာဖြစ်ပြီး အောက်ပါအချက်များကိုလုပ်ဆောင်နိုင်မှာလည်းဖြစ်သည်။
-ဖုန်းခေါ်ဆိုခစီးပွားရေးလုပ်ငန်းစုံစမ်းမေးမြန်းခြင်း၊ ငွေပေးချေမှုမှတ်တမ်းစုံစမ်းမေးမြန်းခြင်း၊ လက်ကျန်ငွေမေးမြန်းစုံစမ်းခြင်း
-ကျသင့်ငွေပေးချေခြင်း
-အိမ်သုံးပစ္စည်းငယ်များ၊ ကြော်ငြာလှုပ်ရှားမှုအမျိုးမျိုး
-ဉာဏ်ရည်ဉာဏ်သွေးရှိသော ဈေးဝယ်သူဝန်ဆောင်မှု၊ အွန်လိုင်းဈေးဝယ်သူဝန်ဆောင်မှု
-အချက်အလက်များနှင့် လုပ်ငန်းအားလုံးကို တစ်နေရာထဲယူထားနိုင်ခြင်းတို့ဖြစ်သည်။
Unistores application စတင်မိတ်ဆက်သည့်အနေဖြင့် applicationမှ ပထမဆုံးအင်တာနက်မှာယူသူ အယောက်တစ်ထောင်အားအင်တာနက်တစ်လအခမဲ့၊ Discount ကူပွန်များ၊ cash back referral bonus အစရှိသည့်အစီအစဉ်များပါဝင် မည်လည်းဖြစ်သည်။
Unistores app ကိုအောက်ပါ link မှ ဝင်ရောက် Install ပြုလုပ်နိုင်ပါသည်။

https://play.google.com/store/apps/details?id=com.unilink.rs.stores