အထူးရုပ်သံလိုင်း ၉ လိုင်းနှင့် အခမဲ့ရုပ်သံလိုင်း ၂ လိုင်းအား ဖုန်းနှင့်တိုက်ရိုက်ကြည့်ရှုနိုင်သည့် အစီအစဉ်သစ်မိတ်ဆက်

CANAL+ နှင့် MPT တို့မှ အခပေး အထူးရုပ်သံလိုင်း ၉ လိုင်း နှင့် အခမဲ့ ရုပ်သံလိုင်း ၂ လိုင်းအား မိုဘိုင်းလ်ဖုန်းများပေါ်တွင် လွယ်ကူစွာ တိုက်ရိုက်ကြည့်ရှုနိုင်မည့် “အမိုက်စား အစီအစဉ်” တစ်ရပ်အားပူးပေါင်းတင်ဆက်ခြင်းဆိုင်ရာမိတ်ဆက်ခြင်း အခမ်းအနားကို ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Pullmen Hotel တွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
မြန်မာနိုင်ငံ၏အခပေးရုပ်သံလိုင်း စီစဉ်တင်ဆက်သူ ဖြစ်သည့် CANAL+နှင့် MPT တို့သည် MPT ဆင်းမ်ကတ်အသုံးပြုသူများ အားလုံးအတွက် အခပေးအထူးရုပ်သံလိုင်း ၉ လိုင်းနှင့် အခမဲ့ ရုပ်သံလိုင်း ၂ လိုင်း တို့အား myCANAL Myanmar မိုဘိုင်းလ်ဖုန်းအက်ပလီကေးရှင်းမှ တစ်ဆင့်တိုက်ရိုက်ကြည့်ရှုခွင့်ရမည့် “အမိုက်စား အစီအစဉ်” တစ်ရပ်ကိုတရားဝင်မိတ် ဆက်ခြင်းအခမ်းအနားလည်ဖြစ်သည်။

Photo Source By Myanmar Tech Press

MPT အသုံးပြုသူများအနေဖြင့် အမျိုးအစားစုံလင်သော CANAL+ ကိုယ်ပိုင်ဖန်တီးမှုရုပ်သံဇာတ်လမ်းတွဲများ၊ လက်ဝှေ့နှင့် အားကစားအစီအစဉ် ၊ တိုက်ရိုက်ထုတ်လွှင့်မှုများ၊ ရုံတင်ရုပ်ရှင်ဇာတ်ကားကောင်းများ၊ နာမည်ကြီးအဆိုတော်များ၏ တေးသီ ချင်းဗွီဒီယိုများ၊ ပညာပေးဖျော်ဖြေရေး အစီအစဉ်များကို မြန်မာပရိသတ်အတွက် ၁၀၀ ရာနှုန်းပြည့် မြန်မာစာတန်းထိုး၊ မြန်မာနောက်ခံစကားပြောတို့ဖြင် တင်ဆက်ပေးနေသော အခပေး ရုပ်သံလိုင်း ၉ လိုင်း နှင့် အခမဲ့ ရုပ်သံလိုင်း ၂ လိုင်းကို တို့ကို တစ်ပတ်လျှင် အထူးဈေးနှုန်း ၈၀၀ ကျပ်ဖြင့်ကြည့်ရှုနိုင်မည်လည်းဖြစ်သည်။
အားကစားအစီအစဉ် တိုက်ရိုက်ထုတ်လွှင့်မှုများ၊ စိတ်ဝင်စားဖွယ်တီဗီအစီအစဉ်များနှင့် ရုံတင် ရုပ်ရှင်ဇာတ်ကားကြီးများကို အထူးဈေးနှုန်း တစ်ပတ်လျှင် ၈၀၀ ကျပ်ဖြင့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ထိ စိတ်ကြိုက်ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။ ထို့နောက်တွင်မူ ပုံမှန်ဈေးနှုန်း တစ်ပတ်လျှင် ၉၉၉ ကျပ်ဖြင့် ဆက်လက်ခံစားကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

Photo Source By Myanmar Tech Press

myCANAL Myanmar မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွင် ကြည့်ရှုနိုင်မည့် အထူးရုပ်သံလိုင်းများမှာ CANAL+ ZAT LENN (ဇာတ်လမ်း)၊ CANAL+ SPORTS (အားကစား)၊ CANAL+ ACTION (အက်ရှင်)၊ CANAL+ MAE MADI (မယ်မဒီ)၊ CANAL+ SU SANN (စူးစမ်း)၊ CANAL+ GITA (ဂီတ)၊ CANAL+ HA HA (ဟဟ)၊ CANAL+ CHATATE (ချာတိတ်)၊ CANAL+ PUPTUTUE (ပူတူတူး) တို့ဖြစ်ပြီး အခမဲ့ရုပ်သံလိုင်းများဖြစ်သည့် MRTV-4 နှင့် Channel 7 တို့လည်း ပါဝင်မည် လည်းဖြစ်သည်။
“CANAL+ အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမှဦးဆောင်လျက်ရှိသော ဆက်သွယ်ရေးလုပ်ငန်း ဖြစ်တဲ့ MPT နဲ့ အခုလို ပထမဦးဆုံး အကြိမ် လက်တွဲပူးပေါင်းခွင့်ရတဲ့အတွက် အလွန်ဝမ်းမြောက်မိပါတယ်။ ကျွန်တော်တို့နှစ်ဦးနှစ်ဖက်လုံးက သုံးစွဲသူတွေအတွက် MPT နဲ့ myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းကတစ်ဆင့် အချိန်မရွေး၊ နေရာမရွေး တီဗီအစီအစဉ်တွေ ကိုကြည့်ရှုနိုင်မယ့် အခွင့်အရေးကို သာမကပဲ နောက်ထပ် နောက်ထပ် ဝန်ဆောင်မှုအသစ်တွေကိုလည်း အစဉ်အမြဲ တီထွင်ကြံဆပြီးပေးအပ်သွားမှာ ဖြစ်ပါတယ်။ MPT အသုံးပြုသူများအနေနဲ့ CANAL+ ရုပ်သံလိုင်းတွေမှာ တင်ဆက်ပေးနေတဲ့ အစီအစဉ်ကောင်းများကို မလွဲမသွေနှစ်သက်ကြမှာ သေချာပါတယ်” ဟု CANAL+ Myanmar FG ၏ Chief Executive Officer ဖြစ်သူ Mr. Erwan Luherne မှ ပြောကြားသည်။

Photo Source By Myanmar Tech Press

myCANAL Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းကို Google Play Store နှင့် Apple App Store မှ တစ်ဆင့် ဒေါင်းလုတ်ဆွဲရယူနိုင်ပြီဖြစ်ပြီး ဒေါင်းလုတ်ဆွဲပြီးနောက် MPTကွန်ရက်အသုံးပြု၍ လွယ်ကူသောအဆင့်အချို့ကို ဖြတ်သန်း ရုံမျှဖြင့် မိုဘိုင်းလ်အက်ပလီကေးရှင်းထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး တီဗီအစီအစဉ်များကို စတင်ကြည့်ရှုနိုင်မည်လည်းဖြစ် သည်။
MPT အသုံးပြုသူများအနေဖြင့် အက်ပလီကေးရှင်းစတင်အသုံးပြုရန် နံပါတ် 8434 သို့ “ON” ဟု SMS ပို့ရန် လိုအပ်မည်ဖြစ် ပြီး အောက်ပါ Link မှလည်းဝင်ရောက်နိုင်မည်လည်းဖြစ်သည်။
http://mycanal.canal-plus.com.mm/mpt
MPT အင်တာနက်အသုံးပြုကာ မိုဘိုင်းလ်ဖုန်း အက်ပလီကေးရှင်းတွင်ပေါ်လာသော “MPT Subscribers” ဆိုသော ခလုတ်ကို ရွေးချယ်ရုံဖြင့် OTP (မိမိတို့ ဖုန်းနံပါတ်အား ယာယီကုတ်နံပါတ် တစ်ခု ပို့ဆောင်ပေးသွားခြင်း) နည်းလမ်းဖြင့် Log In ဝင်ရောက်နိုင်သည့် အချက်အလက်များကို လုံခြုံစွာဖြင့် ရရှိနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။ myCanal Myanmar မိုဘိုင်းလ်အက်ပလီကေးရှင်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်များနှင့် အကူအညီလိုအပ်ပါက သုံးစွဲ သူများအနေနှင့် MPT Call Center နံပါတ် ၁၀၆ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။