ကမ္ဘာအနှံ့က မိတ်ဆွေသူငယ်ချင်းများကို ရှာဖွေဆက်သွယ်နိုင်တဲ့ WhoReact App

မြန်မာပြည်မှာတော့ လူသုံးအများဆုံး Social Media Network တစ်ခုကတော့ Facebook App လို့ဆိုနိုင်ပေမယ့် သူ့နည်းတူ အသုံးပြုလို့ရတဲ့ Viber, WeChat ,Twitter တို့လို Social Network တွေကိုလည်း အသုံးပြုသူများပြားနေဆဲလည်းဖြစ်ပါ တယ်။ အဲ့ဒီအတွက်ကြောင့်လည်း Social Media Network လိုအသုံးပြုနိုင်တဲ့ App တွေတစ်ခုပြီးတစ်ခုထွက်ပေါ်လာခဲ့တာ လည်းဖြစ်ပါတယ်။ အဲ့ဒီလို များပြားစွာထွက်ပေါ်လာတဲ့အထဲမှာ Social Media Network တစ်ခုဖြစ်တဲ့ WhoReact App ဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

Photo Source – https://www.facebook.com/Who-react-791237237742461/

WhoReact App ဟာ တစ်ခြား social network app တွေလိုပဲ newfeeds တွေ noficicationတွေ group တွေ message box တွေနဲ့ သုံးရလွယ်ကူပြီး ရိုးရှင်းတဲ့ application လေးတစ်ခုပဲဖြစ်ပါတယ်။ အခြား Application တွေနဲ့မတူတဲ့အချက်ကတော့ အကောင့်ဖွင့်ကတည်းက နိုင်ငံတစ်ကာ စာပို့ကုဒ်တွေကို ရိုက်ထည့်ဖို့လိုပြီး နိုင်ငံပါတစ်ခါတည်း ရွေးချယ်ရပါတယ်။ နောက်တစ်ချက်ကတော့ နိုင်ငံကုဒ်တွေ၊ တည်နေရာတွေကိုအလေးပေးထားတဲ့အတွက်ကြောင့် ကိုယ့် ပတ်ဝန်းကျင်က သတင်းတွေအကြောင်းအရာတွေကိုပဲ တက်လာနိုင်အောင်လုပ်တာလည်းဖြစ်ပါတယ်။
WhoReact ကတော့ Facebook လိုမိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ချိတ်ဆက်ပြောဆိုနိုင်ပြီး အခမဲ့အသုံး ပြုနိုင်တဲ့ Social Network တစ်ခုပဲဖြစ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း၊ မိသားစုနှင့် တစ်ခြားသူတွေကိုဆက်သွယ်ဖို့ အဆင်ပြေလွယ်ကူစေတဲ့ Social Network တစ်ခုဖြစ်သလို ကိုယ်ရောက်ရှိနေတဲ့နေရာနဲ့ အနီးပတ်ဝန်းကျင်က မိတ်ဆွေတွေ ကိုရှာဖွေဖို့အတွက် အသုံးပြုနိုင်တဲ့ Social App တစ်ခုဖြစ်ပါတယ်။ WhoReact App ဟာ နိုင်ငံတစ်ကာသုံး Social Media Network App တစ်ခုဖြစ်သလို မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ အင်တာနက်ပေါ်က မိတ်ဆွေတွေရှာချင်ရင်၊ တခြားသူ တွေနဲ့တွေ့ချင်ရင် အသုံးပြုနိုင်တဲ့ App တစ်ခုဖြစ်ပါတယ်။

Photo Source – https://www.facebook.com/Who-react-791237237742461/

စာပို့သင်္ကေတတွေကိုအသုံးပြုပြီးတော့လည်း ပြည်တွင်းကသူတွေနဲ့လည်းဆက်သွယ်နိုင်သလို ကိုယ့်ပတ်ဝန်းကျင်မှာဖြစ် ပျက်နေတဲ့အရာတွေကိုလည်း သိရှိနိုင်မှာဖြစ်ပါတယ်။ ကိုယ်နေတဲ့နေရာတစ်နေရာရဲ့ အရေးကြီးတဲ့သတင်းတွေ၊ အကြောင်းအရာတွေကိုသိနိုင်မှာလည်းဖြစ်ပါတယ်။ အိမ်မှာပဲရှိနေသည်ဖြစ်စေ၊ ဆွေမျိုးတွေအိမ်ကို ရောက်ရောက်၊ တစ်နေရာရာကိုပဲ အလည်အပတ်သွားသွားလက်ရှိနေရာမှာဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကိုယ့်ရဲ့တည်နေရာလေးကို ဖွင့်လိုက်တာနဲ့ သတင်းတွေကိုအချိန်မရွေး၊ နေရာမရွေးအချိန်နဲ့တစ်ပြေးညီသိရှိနိုင်မှာလည်းဖြစ်ပါတယ်။
ဒါ့အပြင် WhoReact App ဟာ မိတ်ဆွေသစ်တွေရှာဖွေရတာ၊ လူတွေနဲ့တွေ့ဆုံရတာပိုအဆင်ပြေလွယ်ကူစေပြီး ကမ္ဘာ တစ်လွှားက လူတွေအားလုံးနဲ့မိတ်ဆွေဖြစ်နိုင်အောင် မိတ်ဖွဲ့နိုင်ပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ သတင်းတွေ၊ တစ်နေ့တာလုပ်ဆောင်မှုတွေကို ပြန်လည်မျှဝေနိုင်မှာလည်းဖြစ်ပါတယ်။ ဘယ်နေရာပဲရောက်ရောက် တည်နေရာကိုဖွင့်ပြီး သတင်းတွေကြည့်လိုက်တာနဲ့ မိတ်ဆွေတွေတင်သမျှကို လွယ်လွယ်ကူကူနတွေ့မြင်နိုင်ကြမှာပါပဲ။

Photo Source – https://www.facebook.com/Who-react-791237237742461/

အဝေးမှာရောက်နေတဲ့ မိသားစုဝင်တွေနဲ့ဆက်သွယ်နိုင်သလို မိသားစုဝင်တွေဖြစ်စေ မိတ်ဆွေသူငယ်ချင်းဖြစ်ေ ဘယ်သူမဆို အရေးကြီးကိစ္စတွေကိုလည်း ပြောကြားရာမှာလည်း လုံခြုံမှုရှိရှိနဲ့ဆက်သွယ်ဆက်သွယ်ပြောဆိုနိုင်မှာလည်းဖြစ်ပါတယ်။ မိသားစုဝင်မဟုတ်တဲ့ သူတွေကကိုယ်တင်ထားတာတွေကို Share လုပ်လို့မရအောင် ပိတ်လို့လဲရပါတယ်။ ကိုယ့်ရဲ့မိသားစု ဝင်တွေကိုမိသားစုဝင်ဖြစ်စေ၊ သူစိမ်းဖြစ်စေ၊ သူငယ်ချင်းဖြစ်စေ App ထဲမှာခွဲခြားသတ်မှတ်ပေးထားနိုင်ပြုလုပ်ထားတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။
ကိုယ်နဲ့ဝါသနာတူစိတ်သဘောတူတဲ့သူတွေကိုလည်း တစ်နေရာတည်းမှာလွယ်လွယ်ကူကူပဲအဖွဲ့လေးတစ်ခုဖြစ်အောင် လုပ်ပြီးတော့ သတင်းတွေအကြောင်းအရာလေးတွေကိုအတူတူဝေမျှလို့ရစေတဲ့ လွယ်ကူမြန်ဆန်အကျိုးရှိတဲ့ ဆက်သွယ်ရေး App လေးတစ်ခုပဲဖြစ်ပါတယ်။
အောက်ပါ Link မှဝင်ရောက် Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.wakeeson.whoreact