Ultralight အမျိုးအစား HUAWEI Matebook D အမျိုးအစားသစ်ကိုမြန်မာနိုင်ငံတွင်မကြာမီ ဝယ်ယူနိုင်တော့မည်

Huawei Consumer Business Group (CBG) မှ Ultralight အမျိုးအစား Laptop အသစ်ဖြစ်သည့် Huawei Matebook D 14 ကို မကြာမီမြန်မာနိုင်ငံဈေးကွက်တွင် မကြာမီ ရောင်းချတော့မည်ဖြစ်ကြောင်း သိရသည်။

လူငယ်အသုံးပြုသူများ အတွက်အဓိကရည်ရွယ်ထားပြီး Laptop အမျိုးအစားသစ်သည်၁၄လက်မအရွယ်ရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း ဘက်စုံချိတ်ဆက်အသုံးပြုမှုအတွက်အတွေ့အကြုံသစ်ကိုယူဆောင်လာပေးမှာပဲဖြစ်ပါသည်။ Huawei Matebook D 14 သည် Huawei PC ထုတ်ကုန်များ၏ဒီဇိုင်းဆန်းသစ်လှပခြင်း၊ နောက်ဆုံးပေါ် နည်းပညာမြင့်ထုတ်ကုန်ဖြစ်ခြင်း၊ အသုံးပြုမှုအတွက်လွယ်ကူအဆင်ပြေစေခြင်းစသည့် DNA များအပြည့်အဝရှိသော ထုတ်ကုန်အမျိုးအစားသစ်ပဲဖြစ်ပါသည်။ Ultralight အမျိုးအစား Laptop ဖြစ်သည့်အတွက်သယ်ဆောင်ရ လွယ်ကူပေါ့ပါးသည့်အားသာချက်ရှိသည့်အပြင် အမြင် အာရုံကြည့်ရှုခံစားမှုအတွက် HUAWEI FullView Display နည်းပညာများနှင့် Huawei Smart Phone များနှင့်အလွယ်တကူချိတ်ဆက်နိုင်ရန် Huawei Share ကိုပါကိုလည်း တစ်ပေါင်းတည်းထည့်သွင်းပြီး ဖွဲ့စည်းတည်ဆောက် ထားခြင်းဖြစ်ပါသည်။စွမ်းဆောင်ရည်ပိုင်းလည်း ကောင်းမွန်သည့် အတွက် နေ့စဉ်လုပ်ငန်းခွင်အသုံးပြုမှုအတွက်ဖြစ်စေ၊ သင်ကြားလေ့လာရေးလုပ်ငန်းစဉ်များအတွက်ဖြစ်စေ စွမ်းဆောင်ရည် ကောင်းကောင်းနှင့်အထောက်အ ကူပြုစေမှာပဲဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

Ultra-Slim အမျိုးအစား Laptop များသည်ဈေးကွက်တွင်တွင် ကျယ်စွာတိုးတက်လျက်ရှိပြီးလူငယ်ထုကလည်း ပေါ့ပါးသယ်ဆောင်ရလွယ်ကူခြင်းတို့ကြောင့်ရေပန်းစားလျက်ရှိသောအမျိုးအစားဖြစ်ပါသည်။ Huawei ၏စမတ်ဖုန်းလောကမှ ထုတ်လုပ်မှုအတွေ့အကြုံများ၊ထိပ်တန်းနည်းပညာများနှင့်ပေါင်းစည်းလိုက်သောအခါ Huawei Matebook D14 သည် ပါးလွှာကျစ်လစ်သည့် ဒီဇိုင်းနှင့်ပေါ်ထွက်လာသည့်အပြင် HUAWEI FullView Display မြင်ကွင်းကျယ်ကိုပါအသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 4.8 mm အထူသာရှိပြီးဘေးဘောင်၃ခုကိုပါးလွှာအောင်ဖွဲ့စည်းတည်ဆောက်ထားသည့်အတွက် Screen-to-body အချိုးအစားကို ၈၄ ရာခိုင်နှုန်း အထိရရှိစေပြီးနေ့စဉ်အသုံးပြုမှုအတွက်သမရိုးကျ Laptop များနှင့်မတူပဲ မြင်ကွင်းအတွေ့အကြုံသစ်ကိုရရှိစေမှာပဲဖြစ်သည်။ သယ်ဆောင်ရလွယ်ကူပြီးပေါ့ပါးတဲ့ဒီဇိုင်းအချိုးအစားအပြင် ကင်မရာကို လည်း ကီးဘုတ်ပေါ်တွင်ထည့်သွင်းပေးထားပြီး (Recessed Camera) မလိုအပ်သောအချိန်များတွင်အမြဲပေါ်မနေအောင် မြှုပ်နှံသိမ်းဆည်းထားနိုင်ဦးမှာပဲဖြစ်သည်။ Huawei Matebook D 14 သည်အချိုးအစားအားဖြင့်အလျား 322.5mm x အနံ 214.8mm x အမြင့် 15.9mm သာရှိပြီးလက်ရှိအချိန်ဈေးကွက်ထဲရှိဈေးတန်းတူ 14 လက်မအရွယ် Laptop အမျိုးအစား များထဲတွင်အသေးငယ်ဆုံးနှင့်အပေါ့ပါးဆုံးအချိုးအစားရှိသော Laptop ဖြစ်သည်။

Display အမျိုးအစားအတွက်အလင်းပြန်မှုကိုကာကွယ်ပေးသည့် (Anti-Glare) အမျိုးအစား Coating ကိုအသုံးပြုပေးထားပြီး၁၄လက်မအရွယ် 16:9 IPS panel မှ Full HD (1920 x 1080) အရည်အသွေးကိုရရှိမှာဖြစ်သည့်အပြင်၁၇၈ ဒီဂရီအထိ ဖွင့်လှန်အသုံးပြုနိုင်မည်ဖြစ်သည်။ အရည်အသွေးကောင်းမွန်သည့် Display အမျိုးအစားကိုအသုံးပြုထားသောကြောင့် Multimedia ဘက်စုံအသုံးပြုမှုအတွက်သင့်လျော်သည့်အပြင် TÜV Rheinland certified လက်မှတ်ရရှိထားသောကြောင့် အပြာရောင်အလင်းတန်းများကို လျှော့ချပေးပြီး မျက်စိနှင့်အမြင် အာရုံထိခိုက်မှုကိုလျော့နည်းစေမှာပဲဖြစ်သည်။

လူငယ်များ၏ PCs အသုံးပြုမှုရေစီးမှာလည်းခေတ်နှင့်အညီပြောင်းလဲလာခဲ့ပါသည်။ ယနေ့ခေတ်တွင်လူငယ်များအတွက် PC မှာအလုပ်တစ်ခုတည်းအတွက်မဟုတ်တော့ပဲ ဖျော်ဖြေရေးအပါအဝင်ကိုယ်ဝါသနာပါရာများအတွက်ပါ အသုံးပြုလာကြပြီ ပဲဖြစ်သည်။ HUAWEI Matebook D14 ကို AMD Ryzen™ 7 3700U processor ကိုအသုံးပြုထားပြီး Graphic ပိုင်းအတွက် Radeon Vega 8 Graphics အမျိုးအစား Graphic Card ကိုအသုံးပြုထားပြီးတစ်နေ့တာလုံးအသုံးပြုမှုအတွက် တည်ငြိမ်ကောင်းမွန်သည့် စွမ်းဆောင်ရည်ကိုရရှိစေမှာပဲဖြစ်သည်။

ဘက်ထရီပိုင်းဆိုင်ရာအတွက် ၁၆၅ ဂရမ်သာအလေးချိန်ရှိပြီး USB-C to USB-C အသုံးပြုနိုင်မည့် 65W Charger ကိုထည့်သွင်းပေးထားပါသည်။ အဆိုပါ 65W Type C ချာဂျာသည် HUAWEI Matebook D14 ကိုသာမကပဲ အခြားTypeCအသုံးပြုသည့်စမတ်ဖုန်း၊ တက်ဘလက်တို့ကိုပါ Fast-Charging စနစ်ဖြင့်အားသွင်းပေးနိုင်သောကြောင့် ယနေ့ခတ်လူနေမှုစတိုင်နှင့်လိုက်လျောညီထွေရှိပြီးခရီးသွားလာခြင်း၊ တစ်နေရာမှတစ်နေရာသို့ ရွှေ့ပြောင်းအလုပ်လုပ်ရခြင်း တို့အတွက် ချာဂျာများတကွဲတပြားစီမလိုအပ်တော့ပဲတစ်ခုတည်းဖြင့်အဆင်ပြေအောင် ဖန်တီးပေးထားသည့်နည်းပညာဖြစ် သည်။ ဘက်ထရီပိုင်းဆိုင်ရာတွင်လည်းဘက်ထရီအပြည် (100%) ဖြင့်ဗီဒီယိုတောက်လျှောက်ကြည့်ရှုခြင်းအတွက် ၉ နာရီဆက်တိုက်၊ ရုံးလုပ်ငန်းဆိုင်ရာအသုံးပြုခြင်းများအတွက် ၁၀ နာရီဆက်တိုက် အသုံးပြုနိုင်မည့် စွမ်းဆောင်ရည် အမြင့် စားဘက်ထရီဖြင့်ဖွဲ့စည်းတည်ဆောက်ထားသည်။ 

Photo Source https://web.facebook.com/HuaweimobileMM/

မန်မိုရီပိုင်းဆိုင်ရာတွင်လည်း Dual-Channel DDR4 အမျိုးအစား 8GB ကိုအသုံးပြုပေးထား၍ လက်ရှိအသုံးပြုသူများ အကြား ရေပန်းစားအသုံးအများဆုံး Apps များကိုကောင်းမွန်စွာကိုင်တွယ်အသုံးပြုနိုင်စွမ်းရှိသည့်အပြင် SSD (Solid-State Drive) အမျိုးအစားမြန်နှုန်းမြင့် PCIe ဖြင့်ချိတ်ဆက်ထား၍ပိုမိုလျင်မြန်စွာအသုံးပြုနိုင်သော အတွေ့အကြုံ ကိုပေးစွမ်းနိုင် မှာဖြစ်သည်။ အင်တာနက်ချိတ်ဆက်မှုအပိုင်းအတွက် dual-antenna WLAN module ကိုအသုံးပြုထည့်သွင်း တည်ဆောက်ထားသည့်အတွက် နံရံများခြားထားသည့်တိုင်မြန်နှုန်းမြင့်အင်တာနက်ကို တည်ငြိမ်ကောင်းမွန်စွာ ချိတ်ဆက် အလုပ်လုပ်နိုင်မှာလည်းဖြစ်ပါသည်။

MateBook D Series မှာ HUAWEI Share Ecosystem ပါဝင်သည်ဆိုသည့်အတိုင်း အဆိုပါနည်းပညာသည် စမတ်ဖုန်းများတွင် အသုံးပြုနေသော HUAWEI Share Technology ပေါ်အခြေခံထားခြင်းဖြစ်သည်။ ထို့အတွက်ကြောင့် HUAWEI ၏ “1+8+N” Blueprint Ecosystem နှင့်ပိုပြီးနီးကပ်စေသလို အနာဂတ်အချိန်ကာလများတွင်လည်း Smart ၊ Connected Living နည်းပညာများဖန်တီးနိုင်မည်ဖြစ်သည်။

အနှစ်ချုပ်ဆိုရမည်ဆိုလျှင် လူငယ်အသုံးပြုသူတွေအတွက်လုပ်ငန်းသုံး၊ သင်ကြားလေ့လာရေးသုံးအပြင် ဖျော်ဖြေရေး အတွက်ပါ ရည်ရွယ်ထုတ်လုပ်ထားသည့် HUAWEI Matebook D14 သည်ခန့်ညားထည်ဝါသည့် အသွင်အပြင် နှင့်အတူ သယ်ဆောင်ရလွယ်ကူပေါ့ပါးပြီး နောက်ဆုံးပေါ်နည်းပညာအတွေ့အကြုံများကို ခံစားရရှိစေမည့်နည်းပညာမြင့်ထုတ်ကုန် တစ်ခုဖြစ်သည်။ HUAWEI Matebook D14 ကို ၂၀၂၀ ခုနှစ် ဇူလိုင်လ (၁၀) ရက်နေ့မှ ဇူလိုင် (၃၁) ရက်နေ့အထိ နီးစပ်ရာအရောင်းဆိုင်များတွင် ကန်ဒေါ်လာ ၆၉၉ (နှင့်ညီမျှသောမြန်မာကျပ်ငွေ) ဖြင့်ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ HUAWEI Matebook 14 ကိုဝယ်ယူသူတိုင်းအတွက် Bluetooth Mouse နှင့်ကျောပိုးအိတ်ကိုရရှိမည့်အပြင် Pre-Order ကြိုတင်မှာ ယူသူများအတွက်လည်း HUAWEI CPE နှင့် Bluetooth Headphone ကိုလည်းထပ်မံပေးအပ်သွားမည်ဖြစ်သည်။

အသေးစိပ်အချက်အလက်များကိုအောက်ပါ Link တွင်လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

https://consumer.huawei.com/mm/campaign/matebookd14matepad-preorder/