ဓာတ်ပုံရိုက်ကူးမှု နှင့် ဂိမ်းကစားမှုပိုင်းအတွက် အတွေ့အကြုံသစ်များကို ယူဆောင်လာပေးမည့် HUAWEI nova 7 SE 5G

Performance ကောင်းကောင်း စမတ်ဖုန်းတစ်လုံး ကိုယ့်လက်ထဲမှာ ရှိနေတယ်ဆိုတာက ကိုယ့်ရဲ့နေ့စဉ်ဘဝအတွက် ပိုမိုအဆင်ပြေစေတဲ့ အပြင် စိတ်ပျော်ရွှင်ကျေနပ်မှုကိုပါ ရရှိစေမှာပါ။ HUAWEI က မကြာမီက အသစ်မိတ်ဆက်ခဲ့တဲ့ HUAWEI nova 7SE 5G ကတော့ လူငယ်တို့အတွက် စိတ်ကျေနပ်စရာကောင်းတဲ့ အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မယ့် စမတ်ဖုန်းအမျိုးအစားသစ်ပဲဖြစ်ပါတယ်။ 5G Network ရရှိလာချိန်မှာ အရံသင့်အသုံးပြုနိုင်မယ့် Future-Proof ဖြစ်တဲ့ နည်းပညာ၊ အားကောင်းမောင်းသန် စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မယ့် Kirin 820 (7nm) SOC နဲ့ ၊ ပရီမီယံဆန်ပြီး ဖုန်းကိုင်တွယ်မှုမှာ ပိုမိုအားရစေမယ့် 3D Glass ကိုယ်ထည်၊ တနေကုန်အသုံးပြုမှုအတွက် 4000 Mah ဘက်ထရီနဲ့အတူ တာတွေနဲ့ တည်ဆောက်ထားပြီး လက်ရှိဈေးကွက်မှာရရှိနိုင်တဲ့ အားသွင်းအမြန်ဆုံးစနစ်တွေထဲက တစ်ခုလို့ပြောနိုင်မယ့် 40W Super Charge စတဲ့ ခေတ်မှီနည်းပညာတွေ တစ်စုတစ်စည်းတည်းပေါင်းပြီး ပွဲထွက်လာတဲ့ Mid-Range စမတ်ဖုန်းတစ်လုံးပဲဖြစ်ပါတယ်။ HUAWEI ဟာ စမတ်ဖုန်းကင်မရာရိုက်ကူးမှု အပိုင်းမှာ ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး အသုံးပြုသူတွေကြားမှာလည်း HUAWEI စမတ်ဖုန်းတွေဟာ ကင်မရာပိုင်းမှာ ကောင်းမွန်တယ်ဆိုတဲ့ ဂုဏ်ပုဒ်တစ်ခုကိုလည်း ယခု HUAWEI nova 7SE 5G ဖုန်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပဲဖြစ်ပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM/

ကနဦးအနေနဲ့ HUAWEI nova 7SE မှာအသုံးပြုထားတဲ့ ကင်မရာ Hardware ပိုင်းမှာတော့ Main Camera 64MP High-Res Lens ၊ 8MP Ultra-Wide Angle Lens ၊ 2MP Bokeh Lens နဲ့ 2MP Macro Lens တို့ ပါဝင်ပါတယ်။ စမတ်ဖုန်းတစ်လုံးကနေ ဓာတ်ပုံတစ်ပုံကောင်းထွက်လာတယ်ဆိုတာ အသုံးပြုထားတဲ့ Hardware တစ်ခုတည်းကောင်းနေလို့မရပါဘူး။ စမတ်ဖုန်းမှာ အဓိက အသုံးပြုထားတဲ့ Chipset (SOC) ၊ ကင်မရာရဲ့ Hardware နဲ့အတူ Software ပိုင်းစတာတွေ အချိုးညီ ကောင်းမွန်စွာအလုပ်လုပ်မှ ဓာတ်ပုံကောင်းတစ်ပုံ ရရှိမှာပဲဖြစ်ပါတယ်။ Nova 7SE မှာတော့ အရည်အသွေးမြင့် ပုံတွေ ရိုက်ကူးနိုင်ဖို့ 64MP AI quad camera အတွဲအဖက်၊ စွမ်းဆောင်ရည်ကောင်းမွန်တဲ့ Kirin 820 Chipset နဲ့အတူ Super Night Selfie နည်းပညာ၊ Software algorithm ပိုင်းကောင်းမွန်တဲ့ BM3D နည်းပညာစတာတွေနဲ့ ပေါင်းစပ်ထားတဲ့အတွက် ကိုယ့်ရဲ့အမှတ်တရပုံရိပ်တွေကို အကောင်းဆုံး ရိုက်ကူးပြီး သိမ်းဆည်းထားနိုင်မှာပဲဖြစ်ပါတယ်။
နေ့ခင်းဖက် ပုံရိပ်တွေကို ရိုက်ကူးတဲ့အခါမှာလည်း သူ့မှာပါဝင်လာတဲ့ AI Ultra Clarity mode လို့ခေါ်တဲ့ နည်းပညာနဲ့ ရိုက်ကူးတဲ့အခါမှာ ကြည်လင်ရှင်းလင်းပြတ်သားတဲ့ ပုံရိပ်တွေ ရရှိစေနိုင်မှာပဲဖြစ်ပါတယ်။ HUAWEI nova 7SE 5G မှာလည်း Super Night Mode ပါဝင်လာပြီး သူ့ရဲ့အလုပ်လုပ်ပုံကတော့ ယခင် HUAWEI Flagship Series တွေမှာပါဝင်တဲ့ Super Night Mode နဲ့ တစ်ပုံစံတည်းဖြစ်ပါတယ်။ ပုံရိပ်များစွာကို တစ်ပြိုင်နက်တည်းရိုက်ယူပြီး AI processing နည်းပညာ နဲ့ တစ်ပုံတည်းအဖြစ်ပေါင်းစည်းပေးလိုက်တာပဲဖြစ်ပါတယ်။ အခုမှာတော့ ပိုမိုအဆင့်မြင့်တင်လာပြီး အလင်းရောင်လုံးဝမရှိတဲ့ အချိန်မျိုးမှာတောင် ပိုမိုလင်းလင်းထင်းထင်းနဲ့ ကြည်လင်တဲ့ ရိုက်ကူးနိုင်တဲ့ အနေအထားတစ်ခုကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။
HUAWEI ဟာ Bokeh Lens နည်းပညာကို Mid-Range ဖုန်းတွေမှာ အသုံးပြုတာကို ယခင် GR စီးရီးဖုန်းမှာထဲက စတင်ထည့်သွင်းလာခဲ့ပြီးယခုအချိန်မှာတော့Bokeh နည်းပညာပိုင်းဟာ တော်တော်လေးကို ရှေ့ရောက်နေပြီလို့ဆိုရမှာဖြစ်ပါတယ်။ ဟိုးယခင်က Software သီးသန့်သာ အားကိုးခဲ့ရတာ ဖြစ်ပေမယ့် ယခုအချိန်မှာတော့ Lens နဲ့အတူ Software ပါပေါင်းစပ်ပြီး ပိုမို ကြွယွ ပြီး သဘာဝဆန်တဲ့ Bokeh ပုံရိပ်တွေကို HUAWEI nova 7SE နဲ့ ဖန်တီးနိုင်ပြီပဲဖြစ်ပါတယ်။ ဒါ့အပြင် nova 7SE မှာထည့်သွင်းပေးထားတဲ့ macro lens ကလည်း အနီးကပ် 4cm အကွာအဝေး အထိကို ရိုက်ကူးနိုင်မှာဖြစ်ပြီး သစ်ရွက်ပေါ်မှာတင်နေတဲ့ ရေစက် လိုမျိုးကအစအထိကို အနုစိပ်ဖန်တီးရိုက်ကူးနိုင်ဦးမှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/HuaweimobileMM/

စမတ်ဖုန်း ကင်မရာတွေအကြောင်းပြောတဲ့ အချိန်မှာမေ့ထားလို့မရတာက ဗီဒီယို ရိုက်ကူးမှုအပိုင်းပဲဖြစ်ပါတယ်။ HUAWEI nova 7SE ရဲ့ ကင်မရာတွေဟာ 4K HD video တွေကိုရိုက်ကူးနိုင်စွမ်း ရှိပြီး Kirin 820 chipset မှာပါဝင်လာတဲ့ ISP 5.0 လို Image processor နည်းပညာအသစ်က ဗီဒီယို ရိုက်ကူးမှုအပိုင်းမှာ Noise ကို အတတ်နိုင်ဆုံးလျှော့ချပေးနိုင်ပါတယ်။ ထပ်လောင်းပါဝင်လာတဲ့ features တစ်ခုကတော့ AI editing fuction ဖြစ်ပြီး လွယ်လွယ်ကူကူနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို edit ပြုလုပ်နိုင်စေမှာပဲဖြစ်ပါတယ်။ ပြီးတော့ Slowmotion အနှေးရိုက်ကွက်တွေကိုလည်း တစ်စက္ကန့်ကို 960 frames နဲ့ ရိုက်ကူးနိုင်ဦးမှာပါ။
HUAWEI nova 7SE 5G မှာပါဝင်လာတဲ့ Dual-View Video Mode ကတော့ လူငယ်တွေကြားမှာ ရေပန်းစားလာမယ့် နည်းပညာတစ်ခုဖြစ်ပါတယ်။ ယခင် Huawei P30 Series တွေမှာ စတင်ပါဝင်လာခဲ့တဲ့ နည်းပညာဖြစ်ပြီး အနောက်ကင်မရာကိုပဲ အသုံးပြုပြီး မြင်ကွင်းတစ်ခုတည်းကို အနီးကပ်ရော၊ ဖြစ်ပျက်နေတဲ့ မြင်ကွင်းကို တစ်ပြိုင်နက် မှတ်တမ်းတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အခု HUAWEI nova 7SE 5G မှာတော့ ဒီလို အနောက်ကင်မရာ နှစ်ခုကို တစ်ပြိုင်နက် အသုံးပြုနိုင်တဲ့အပြင် အရှေ့ Selfie ကင်မရာနဲ့ အနောက်ကင်မရာကိုပါ တစ်ပြိုင်နက် အသုံးပြုပြီး ဖြစ်ပျက်နေတဲ့ မြင်ကွင်းရော ကိုယ့်ရဲ့ပုံရိပ်ကိုပါ တစ်ပြိုင်နက်တည်း ဗီဒီယို ရိုက်ကူး နိုင်မှာလည်းဖြစ်ပါတယ်။
HUAWEI nova 7SE တွင် HUAWEI ၏ ကိုယ်ပိုင် Kirin Chipset များအနက်မှ 5G ကိုအထောက်အပံ့ပေးထားသော Chipset ဖြစ်သည့် Kirin 820 5G အမျိုးအစားဖြစ်ပြီး 5G modern ကိုတစ်ပါတည်းဆပ်ဆင်ထားသော 7nm အရွယ်အစား Processor အမျိုးအစားဖြစ်ပါသည်။ 5G modern ကို တစ်ပါတည်းတပ်ဆင်ထားသောကြောင့် Processor နှင့် Modern ကိုသီးခြားခွဲပြီး တပ်ဆင်ထားသော အခြားChipset များထပ် အပူထုတ်လွှတ်မှုပိုမိုနည်းပါးစေမည် ဖြစ်သည့်အပြင် စွမ်းအင်သုံးစွဲမှုအပိုင်းတွင်လည်း ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါသည်။ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းနှင့် အနာဂတ် 5G နည်းပညာရရှိချိန်တွင် ပိုမိုကောင်းမွန်သည့် နေ့စဉ်ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများကို ရရှိစေရန် လုံလောက်သည့် ပမာဏဖြစ်သည့် 4000mAh battery လည်း လုံလောက်စွာအသုံးပြုနိုင်စွမ်း ရှိမှာဖြစ်သည့်အပြင် HUAWEI ၏ နာမည်ကျော် 40W Supercharge နည်းပညာကိုပါ အဆိုပါ ဖုန်းအမျိုးအစားသစ်တွင်ပါဝင်လာပြန်ပါသည်။ HUAWEI ၏ 40W Supercharge နည်းပညာက ဖုန်းဘက်ထရီကို 0 မှ 70 ရာခိုင်နှုန်းအထိကို နာရီဝက်အတွင်း အချိန်တိုတောင်းစွာ ပြန်လည်အားဖြည့်သွင်းပေးနိုင်မှုကြောင့် သုံးစွဲသူများ၏ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းကို ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များပေးစွမ်းစေနိုင်မှာပဲဖြစ်ပါတယ်။
ဓာတ်ပုံရိုက်ကူးမှုနှင့်ဖျော်ဖြေရေးအပိုင်းအတွက် အတွေ့အကြုံသစ်များကို ယူဆောင်လာပေးမည့် HUAWEI nova 7SE 5G ကို RAM 8GB + 128GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Space Silver (ငွေရောင်) ၊ Crush Green (အစိမ်းရောင်) နှင့် Midsummer Purple (ခရမ်းရောင်) တို့ဖြင့်မြန်မာနိုင်ငံတွင်ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ တန်ဖိုးအားဖြင့် မြန်မာငွေ ၄၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အမြို့မြို့အနယ်နယ်ရှိ ဖုန်းအရောင်းဆိုင်များတွင် ရရှိနိုင်မှာ ဖြစ်ပါတယ်။