AI နည်းပညာသစ်များပါဝင်သည့် OPPO Reno4 ၏ ထူးခြားချက်များ

OPPO မှ အဆင့်မြင့်နည်းပညာနှင့် ခေတ်မီဒီဇိုင်းတို့ ပူးပေါင်းပြီး အလန်းဆုံး ဓာတ်ပုံပညာများကို ဖန်တီးပေးနိုင်သည့် နေ့မိုက် ညချော OPPO Reno4 နှင့် OPPO Smart Watch တို့ကို ဩဂုတ်လ ၂၂ ရက်နေ့တွင် OPPO ၏ Official Facebook Page၊ Channel 7 နှင့် Pyone Play App တို့မှ တိုက်ရိုက် ထုတ်လွှင့်သည့် Official Launch Event မှ တစ်ဆင့် မြန်မာနိုင်ငံဈေးကွက်သို့ စတင်မိတ်ဆက်ခဲ့ပြီးလည်းဖြစ်သည်။
နေ့မိုက်ညချော OPPO Reno4 တွင် 8GB RAM နှင့် 128GB ROM ပါရှိကာ Qualcomm Snapdragon 720G Processor ဖြင့် ပံ့ပိုးထားပြီး AI Color Portrait, Night Flare Portrait စသည့် ထူခြားဆန်းသစ်သော ကင်မရာ Feature များအပြင် 960fps Smart Slow Motion ပါဝင်သောကြောင့် ဓာတ်ပုံနှင့် ဗီဒီယိုတိုင်းတွင် ဖန်တီးမှုကောင်းမွန်သော ပုံရိပ်များဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။ Galactic Blue နှင့် Space Black ဟူ၍ အရောင် နှစ်မျိုးဖြင့် ထွက်ရှိလာသော နေ့မိုက် ညချော OPPO Reno4 ကို မြန်မာကျပ်ငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူ ရရှိနိုင်မည်ဖြစ်သည်။

Photo Sorce https://www.facebook.com/oppomyanmar/

ပထမဦးဆုံး Flexible Dual-curved AMOLED Screen နှင့် အတူ Black Color ဖြင့် ထွက်ရှိလာသည့် 46mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၃၁၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ Black Color နဲ့ Golden Pink Color တို့နှင့် ထွက်ရှိ လာမည့် AMOLED screen, Google OS အပါအဝင် VOOC အမြန်အားသွင်းခြင်းစနစ် ပါဝင်သော 41mm OPPO Smart Watch ကို မြန်မာကျပ်ငွေ ၂၂၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ OPPO Smart Watch များကို ဩဂုတ်လ ၂၃ ရက်မှ ၂၈ ရက်အထိ Pre-order များ စတင်မှာယူနိုင်မည်ဖြစ်ပြီး ဩဂုတ်လ ၃၀ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ ဆိုင်များတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
ထို့အပြင် OPPO Reno4 Pre-order မှာယူသူများအတွက် ပိုက်ဆံပေးစရာ မလိုဘဲ ဖုန်းပိုင်ဆိုင်ခွင့်ရရှိနိုင်မည့် 100% Cash Back အစီအစဉ်များအပြင် Reno4 Pre-order Card နှင့် ဖုန်းလာရောက်ထုတ်ယူသူများအနေဖြင့် OPPO Enco W11 ဝယ်ယူလျှင် ၁၀,၀၀၀ ကျပ် လျှော့ဈေးအပြင် Mytel SIM Card အသစ်အသုံးပြုသူများအနေဖြင့် 10GB Internet Free Data လက်ဆောင်များ လက်ဆောင် ရရှိသွားမည်ဖြစ်သည်။
နေ့မိုက်ညချော OPPO Reno4 သည် ဆန်းသစ်သော Features များနှင့် အတူ ပါးလွှာသည့် ဖုန်းကိုယ်ထည်နှင့် ခန့်ထည်သည့် ဒီဇိုင်းကို အချိုးကျကျ ပေါင်းစပ်ထားကာ ခေတ်မီဆန်းသစ်သော သွင်ပြင်ကို ရရှိစေသည်။ 6.4” Dual Punch-hole Display AMOLED Screen ပါဝင်သည့် နေ့မိုက်ညချော OPPO Reno4 တွင် အထူ 7.7mm နှင့် အလေးချိန် 165g သာ ရှိသောကြောင့် ပိုမို Premium ဆန်သည့် အသွင်အပြင်နှင့် လက်ထဲတွင် ကိုင်ဆောင်ရာတွင် ပေါ့ပါးနေစေမည် ဖြစ်သည်။

Photo Sorce https://www.facebook.com/oppomyanmar/

OPPO Reno4 တွင် 2MP AI-enhanced Smart Sensor ပါဝင်သော 32MP Front Camera နှင့် 48MP Main Camera၊ 8MP Ultra Wide Angle Camera၊ 2MP Macro Camera နှင့် 2MP Mono Camera ဟူ၍ နောက်ကင်မရာ ၄ လုံး ပါရှိသည်။ OPPO Reno4 တွင် Qualcomm Snapdragon 720G Processor ၏ အားဖြည့်မှုနှင့်အတူ 8GB RAM + 128GB ROM ပါရှိသည်။ 30W VOOC Flash Charge 4.0 ထည့်သွင်းထားသောကြောင့် ၁၅မိနစ် အတွင်း ၃၈ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပြီး မိနစ် ၂၀ အတွင်း တွင် ၅၀ ရာခိုင်နှုန်းကျော် အားပြည့်မည် ဖြစ်သည်။ ထို့ပြင် OPPO Reno4 တွင် Super Power Saving Mode နှင့် Super Nighttime Standby mode လည်း ပါဝင်လာသောကြောင့် ပိုမိုအချိန်ကြာကြာ အသုံးပြုလာနိုင်သည်။
နောက်ထပ် ထူးခြားချက်များအနေဖြင့် AI Colour Portrait နှင့် Night Flare Portrait Feature များအပြင် Video Stability ကို မြှင့်တင်ပေးသော Ultra Steady Video 3.0 ပြီး 960fps Smart Slow Motion လည်းပါဝင်သောကြောင့် Video အမျိုးမျိုးကို စိတ်တိုင်းကျ ပုံဖော်ရိုက်ကူးတည်းဖြတ်နိုင်မည်ဖြစ်သည်။
အသစ်ထွက်ရှိလာသော ColorOS 7.2 ကို ထည့်သွင်းထားသောကြောင့် ကောင်းမွန်သော User Friendly Experience ကို ပေးနိုင် မည့်အပြင် အလုပ်များ လျင်မြန်စွာပြီး၍ ပိုမိုကောင်းမွန်သည့် ဂိမ်းကစားခြင်း အတွေ့အကြုံကိုလည်း ပေးနိုင်မည်ဖြစ်သည်။ ColourOS 7.2 တွင် Quick Return Bubble နှင့် Icon Pull-Down Gesture အပြင် ဆန်းသစ်သော App နှင့် Features များ ပါဝင်သော OPPO Lab ပါဝင်လာသောကြောင့် သုံးစွဲသူတို့အတွက် အလွန် အဆင်ပြေ ချောမွေ့စေမည်ဖြစ်သည်။

Photo Sorce https://www.facebook.com/oppomyanmar/

OPPO Reno4 အပြင် OPPO Smart Watch ကိုပါ Online Launch Event မှ တစ်ဆင့် မိတ်ဆက်ခဲ့သည်။ OPPO Smart Watch တွင် VOOC Flash Charging System ပါဝင်သည့်အတွက် ၁၅ မိနစ်အတွင်း ၄၆ ရာခိုင်နှန်းအထိရောက်အောင် အားသွင်း ပေး နိုင်ပြီး တစ်နေ့တာလုံး စိတ်ချစွာအသုံးပြုနိုင်၍ ၇၅ မိနစ်သွင်းရဖြင့် ၁၀၀ ရာခိုင်နှုန်း အားအပြည့်အားသွင်းနိုင်သည်။ OPPO ၏ 46 mm Smart Watch သည် Flagship Smartphones များတွင်သာ တွေ့နိုင်သော ပထမဆုံးသော Dual-curved Display နှင့် နာရီ ဖြစ်သည်။
Aluminium နှင့် ပြုလုပ်ဖန်တီးထားကာ Google Assistant နှင့် Google Fit အထောက်အပံ့လည်း ပါဝင်သောကြောင့် သုံးစွဲသူတို့၏ ကျန်းမာရေးသာမက နေ့စဉ်ဘဝကို အကူအညီများစွာ ပေးနိုင်မည်ဖြစ်သည်။ OPPO Smart Watch ဖြင့် ဖုန်းခေါ်ဆိုမှုများကို လွယ်ကူစွာ ဖြေကြားနိုင်သည်သာမက Exercise Function များလည်း ပါဝင်သောကြောင့် သုံးစွဲသူများ အတွက် အားကစား လက်တွဲဖော်အဖြစ် ဆောင်ရွက်ပေးမည်ဖြစ်သည်။ ထို့ပြင် ပေါ့ပါး၍ သယ်ဆောင်ရလွယ်ကူစေရန် ဖန်တီး ထားရုံသာမက မိမိ Outfit နှင့် နေရာဒေသအလိုက် တွဲဖက်၍ ဝတ်ဆင်နိုင်စေရန် Outfit-Matching AI Watch Face က ဖန်တီး ပေးနိုင်သည်။ မိမိ ဝတ်ဆင်ထားသော Outfit ကို ဖုန်းနှင့် ဓာတ်ပုံရိုက်လိုက်ရုံဖြင့် AI Algorithm မှ အလိုအ လျောက် ကိုက်ညီမှု ရှိသည့် ပုံကို ပြောင်းပေးသွားမည်ဖြစ်သည်။