စွမ်းဆောင်ရည်မြင့်မားသည့် 5G ဖုန်းအမျိုးအစားသစ် ဖြစ်သော HUAWEI nova 7SE ကို မိတ်ဆက်

Huawei Device Myanmar မှ ယနေ့တွင် စွမ်းဆောင်ရည်မြင့်မားပြီး တိုးတက်ပြောင်းလဲလာမည့် ခေတ်နှင့်အညီ အနာဂတ်တွင်ပါ အရံသင့် အသုံးပြုနိုင်မည့် 5G အမျိုးအစား စမတ်ဖုန်းသစ်ဖြစ်သော HUAWEI nova 7SE ကို Online Launch ကျင်းပပြုလုပ်ပြီး ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့တွင်မိတ်ဆက်ပေးခဲ့ကြောင်းသိရသည်။
5G ဖုန်းအမျိုးအစားဖြစ်သည်နှင့်အညီ စွမ်းဆောင်ရည်မြင့်မားသည့် Kirin 820 5G (7nm အရွယ်အစားရှိ) Chipset ကို အသုံးပြုထားပြီး ဂိမ်းနှင့်နေ့စဉ်ဖုန်းအသုံးပြုမှုများအတွက် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် တစ်နေကုန်ဖုန်းအသုံးပြုမှုအတွက် လုံလောက်သည့် ဘက်ထရီပမာဏ ကို ထည့်သွင်းပေးထားသည့်အပြင် ယခင် HUAWEI Flagship ဖုန်းများတွင် မြင့်တွေ့ခဲ့ရသည့် နာရီဝက်အတွင်း ဖုန်းအားကို ၇၀ ရာခိုင်နှုန်းကျော်အထိ ပြန်လည် ဖြည့်သွင်းပေးနိုင်မည့် 40W Super Charge နည်းပညာကိုလည်း ထောက်ပံ့ပေးထားကြောင်း သိရသည်။ ကင်မရာပိုင်းအတွက် 64MP AI quad-camera အတွဲအဖက်နှင့် ဝင်ရောက်လာမှာဖြစ်ပြီး၊ Display ပိုင်းအတွက် HUAWEI Punch FullView Display နှင့်ပွဲထွက်လာခဲ့ပြီး အပြင်ကိုယ်ထည်ကို 3D Glass ကိုတပ်ဆင်ပေးထားသည့်အတွက် ကိုင်တွယ်ရမှုအပိုင်းတွင် Premium ဖုန်းအတွေ့အကြုံကို ခံစားရစေမှာဖြစ်ပါသည်။
အဆိုပါ HUAWEI nova 7SE အမျိုးအစားကို အရောင် ၃ ရောင်ဖြစ်သည့် Space Silver (ငွေရောင်) ၊ Crush Green (အစိမ်းရောင်) နှင့် Midsummer Purple (ခရမ်းရောင်) တို့ဖြင့် မြန်မာနိုင်ငံတွင်ဝယ်ယူရရှိနိုင်မှာဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာငွေ ၄၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး သြဂုတ်လ (၂၈) ရက်နေ့အထိ Pre-Order မှာယူသူများအတွက် HUAWEI band 4 ကိုပါ လက်ဆောင်ရရှိနိုင်ဦးမှာ ဖြစ်ပါသည်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI nova 7SE တွင် AI quad-camera system ဖြင့်ပွဲထွက်လာခဲ့ပြီး အဓိက main camera အဖြစ် 64MP lens ကို အသုံးပြုထားပြီး 8MP Ultra-Wide Angle Lens ၊ 2MP Macro Lens နှင့် 2MP Bokeh Lens တို့ပါဝင်လာမှာပဲဖြစ်ပါသည်။ 4K video ရိုက်ကူးမှုများ၊ ညအလင်းရောင်အားနည်းချိန်တွင် ပုံရိပ်ကောင်းများရိုက်ကူးနိုင်စွမ်း၊ အစရှိသည့် ထူးခြားချက်များပါဝင်လာနိုင်ပါသည်။ ထို့အပြင် 5G Processor အသစ်၏ Graphics စွမ်းဆောင်ရည်ပိုင်းနှင့် AI နည်းပညာပိုင်း ကောင်းမွန်မှုတို့နှင့် အတူ အရည်အသွေးမြင့်မားသည့် ပုံရိပ်များနှင့် ဗီဒီယိုများကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးရိုက်ကူးနိုင်စေမှာပဲဖြစ်သည်။
ထူးခြားချက်အနေနှင့် HUAWEI Dual-View Video Mode ဆိုသည့် video ရိုက်ကူးမှု နည်းပညာသစ်ပါဝင်လာခဲ့ပါသည်။ အဆိုပါ Feature သည် ယခင် HUAWEI P30 Series များတွင်စတင်ပါဝင်လာခဲ့သည့် Vlog ဆန်ဆန် ဗီဒီယိုရိုက်ကူးမှု feature ဖြစ်ပြီး တစ်ပြိုင်နက်တည်း အနောက်ကင်မရာ (rear camera) နှစ်လုံးကိုအသုံးပြုပြီး ရိုက်ကူးနိုင်မှာပဲဖြစ်ပါသည်။ ယခု nova 7SE တွင်မူ အရှေ့ကင်မရာ (Selfie camera) နှင့် အနောက်ကင်မရာကို တစ်ပြိုင်နက်တည်း အသုံးပြုပြီး ရိုက်ကူးနိုင်မှာဖြစ်ပြီး မိမိ၏ ရင်ခုန်ပျော်ရွှင်ဖွယ် အမှတ်တရများကို မိမိကိုယ်တိုင်၏ Reaction ဖြင့်ပါ ရိုက်ကူးပုံဖော်နိုင်မှာဖြစ်သည်။
HUAWEI nova 7SE တွင် HUAWEI ၏ ကိုယ်ပိုင် Kirin Chipset များအနက်မှ 5G ကိုအထောက်အပံ့ပေးထားသော Chipset ဖြစ်သည့် Kirin 820 5G အမျိုးအစားဖြစ်ပြီး 5G modern ကိုတစ်ပါတည်းဆပ်ဆင်ထားသော 7nm အရွယ်အစား Processor အမျိုးအစားဖြစ်ပါသည်။ 5G modern ကို တစ်ပါတည်းတပ်ဆင်ထားသောကြောင့် Processor နှင့် Modern ကိုသီးခြားခွဲပြီး တပ်ဆင်ထားသော အခြားChipset များထပ် အပူထုတ်လွှတ်မှုပိုမိုနည်းပါးစေမည် ဖြစ်သည့်အပြင် စွမ်းအင်သုံးစွဲမှုအပိုင်းတွင်လည်း ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါသည်။ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းနှင့် အနာဂတ် 5G နည်းပညာရရှိချိန်တွင် ပိုမိုကောင်းမွန်သည့် နေ့စဉ်ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများကို ရရှိစေရန် လုံလောက်သည့် ပမာဏဖြစ်သည့် 4000mAh battery ကလည်း လုံလောက်စွာအသုံးပြုနိုင်စွမ်း ရှိမှာဖြစ်သည့်အပြင် HUAWEI ၏ နာမည်ကျော် 40W Supercharge နည်းပညာကိုပါ အဆိုပါ ဖုန်းအမျိုးအစားသစ်တွင်မြင်တွေ့ရဖွယ်ရှိသည်။ 40W Supercharge နည်းပညာက ဖုန်းဘက်ထရီကို 0 မှ 70 ရာခိုင်နှုန်း အထိကို နာရီဝက်အတွင်း အချိန်တိုတောင်းစွာ ပြန်လည်အားဖြည့်သွင်းပေးနိုင်မှုကြောင့် သုံးစွဲသူများ၏ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းကို ပိုမိုကောင်းမွန်သည့် အတွေ့အကြုံ သစ်များပေးစွမ်းစေနိုင်မှာပဲဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI nova 7SE ဖုန်းအမျိုးအစားသစ်သည် Punch FullView မျက်နှာပြင်အမျိုး အစား Display ကို အသုံးပြုထားဖွယ်ရှိပြီး Punch Display အမျိုးအစားကြောင့် Screen-to-Body ratio ကို မြင့်မားစွာဖြင့် မြင်ကွင်းကိုခံစားရရှိစေမှာဖြစ်ပါသည်။ ထို့အပြင် ဖုန်း၏ကျောဘက်ပိုင်းအတွက် 3D Glass ကိုတပ်ဆင်ပေးထားသည့်အတွက် ကိုင်တွယ်ရမှုအပိုင်းတွင် Premium ဖုန်းအတွေ့အကြုံကို ခံစားရစေမှာဖြစ်ကြောင်းလည်း သိရသည်။ Finger Print ကို Power ခလုတ်နှင့် တွဲလျက်တပ်ဆင်ထားသော Side-mounted အမျိုးအစားကို အသုံးပြုထားပြီး လျင်မြန်စွာအသုံးပြုစေနိုင်မှာလည်းဖြစ်ပါသည်။ Display ပိုင်းအတွက် 2400×1080 resolution ကို 405ppi ကြည့်ရှုခံစားစေနိုင်မှာဖြစ်ပြီး ဘေးဘောင်များ သေးသွယ်ကာ Scree-to-body ratio ကို 90.3% အထိ ရရှိစေမှာဖြစ်ပါသည်။
HUAWEI nova 7SE ကို RAM 8GB + 128GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Space Silver (ငွေရောင်) ၊ Crush Green (အစိမ်းရောင်) နှင့် Midsummer Purple (ခရမ်းရောင်) တို့ဖြင့် မြန်မာနိုင်ငံတွင်ဝယ်ယူရရှိနိုင်မှာဖြစ်ပါသည်။ တန်ဖိုးအားဖြင့် မြန်မာငွေ ၄၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး သြဂုတ်လ (၂၈) ရက်နေ့အထိ Pre-Order မှာယူသူများအတွက် HUAWEI band 4 ကိုပါ လက်ဆောင်ရရှိနိုင်ဦးမည်ဖြစ် သည်။