OPPO မှ Reno4 စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်သို့ သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်မိတ်ဆက်ခဲ့

ကမ္ဘာထိပ်တန်း စမတ်ဖုန်းအမှတ်တံဆိပ် ဖြစ်သော OPPO သည် ထူးခြား ဆန်းသစ်သော ပုံရိပ်ဆိုင်ရာ Features များ၊ Trend ဖြစ်လာမည့် Design နှင့် AI Color Portrait ၊ Night Flare Portrait၊ 960fps Smart Slow-motion Video၊ AI-enhanced Smart Sensor တို့ပါဝင်ပြီး Rheinland ၏ အသိအမှတ်ပြု Fast Charge System Certificate ကို ရရှိထားကာ VOOC 4.0 ပါဝင်သည့် နေ့မိုက်ညချော OPPO Reno4 စမတ်ဖုန်း နှင့် OPPO Smart Watch တို့ကို သြဂုတ်လ ၂၂ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်းသိရသည်။
ပေါ့ပါးလှပသော ဒီဇိုင်းသစ်နှင့် အသုံးပြုရာတွင် ပိုမိုအဆင်ပြေစေမည့် အားလုံး စောင့်မျှော်နေကြသော နေ့မိုက်ညချော OPPO Reno4 စမတ်ဖုန်းသစ်နှင့် အသစ်ထုတ်လုပ်လိုက်သော OPPO Smart Watch စတင်မိတ်ဆက်ပွဲကို သြဂုတ်လ ၂၂ ရက်နေ့ (စနေနေ့)၊ မြန်မာစံတော်ချိန် ည ၆ နာရီ အချိန်တွင် ပြည်သူချစ် အနုပညာရှင်များနှင့်အတူ OPPO Myanmar Facebook Page (https://www.facebook.com/oppomyanmar/) ၊ Channel 7 နှင့် Pyone Play တို့တွင် တိုက်ရိုက် ထုတ်လွှင့် တင်ဆက်ပေးသွားခြင်းလည်းဖြစ်သည်။

Photo Sorce https://www.facebook.com/oppomyanmar/

နေ့မိုက်၊ ညချော OPPO Reno4 မိတ်ဆက်ပွဲ အခမ်းအနားကို Brand Ambassadors များ ဖြစ်ကြသည့် ဝတ်မှုံရွှေရည်၊ ပိုင်ဖြိုးသု၊ ပိုင်တံခွန် တို့နှင့်အတူ OPPO မိသားစု အနုပညာရှင်များဖြစ်သော မင်းသွေးခန့်၊ ဟန်နီနွေဦး တို့၏ ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်များ၊ Big Bag Band နှင့် လွှမ်းပိုင်တို့၏ ဖျော်ဖြေတင်ဆက်မှုများအပြင် Project K အဖွဲ့သားများ၏ အကလှကွက်ဆန်းသစ်မှုများဖြင့် ခမ်းနားစွာ ကျင်းပသွားခဲ့ကြသည်။
ထို့အပြင် အွန်လိုင်းမိတ်ဆက်ပွဲ အခမ်းအနားတွင် OPPO Myanmar Facebook Page မှ Livestream ကြည့်ရှုအားပေး ခဲ့ကြသည့် Ofans များအတွက် ကံထူးနိုင်မယ့် အထူးအစီအစဉ်များကိုလည်း ထည့်သွင်းပေးခဲ့သည်။ Live ကြည့်ရှုနေကြသော Ofans များအနေနှင့် OPPO Facebook Page ၏ Messenger မှ OPPO Reno4 Launch Event Livestream Campaign ထဲသို့ဝင်ပြီး မတူညီသော မေးခွန်း (၅) ခုကို ည ၁၂ နာရီ မတိုင်ခင် ဖြေဆိုခဲ့ကြသည်။ မေးခွန်းအားလုံးကို ဖြေဆိုနိုင်သောသူများထဲမှ တစ်ယောက်ကို မဲနှိုက်ပြီး အသစ်ထွက်ရှိထားသော OPPO Reno4 စမတ်ဖုန်း အသစ်တစ်လုံးကို ချီးမြှင့်ပေးခဲ့ကြောင်းလည်းသိရသည်။
ထို့အပြင် Messenger မှာ လာရောက်ဖြေဆိုသူ အားလုံးများမှ ကံထူးရှင် ၁၀ ယောက်ကို ရွေးချယ်ကာ OPPO Enco W11 နားကြပ် ၁၀ ခုကို မဲဖောက်ပေးမည့် အစီအစဉ်ကောင်းများကိုလည်း ထည့်သွင်းထားခဲ့ကြသည်။ ထို့အပြင် Peak Viewer Challenge အစီအစဉ်သစ်တစ်ခုကိုလည်း ထပ်မံ၍ ထည့်သွင်းထားခဲ့သည်။ Peak Viewer Challenge ဆိုသည်မှာ Live ကြည့်ရှုနေသူ 10K တက်တိုင်းတွင် Phone Bill များ မဲဖောက်ပေးသွားမည့် အစီအစဉ်တစ်ခုလည်းဖြစ်သည်။ ကြည့်ရှုသူ 10K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill ၁၀ ခု၊ 20K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၂၀ နှင့် 30K ရောက်လျှင် ၁၀,၀၀၀ ကျပ်တန် Phone Bill အခု ၃၀ ကို မဲဖောက်ပေးခဲ့ခြင်းလည်းဖြစ်သည်။

Photo Sorce https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာစမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝ ကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက် ရှိသည်။