22.5W HUAWEI Super Charge ပါဝင်သော HUAWEI nova Y61 အားစတင်ဝယ်ယူနိုင်

HUAWEI မှအသစ်မိတ်ဆက်လိုက်သော 6+64GB Storage 5000 mAh ဘက်ထရီနှင့် 22.5W HUAWEI Super Charge တို့ပါဝင်သော HUAWEI nova Y61 အား မြန်မာကျပ် ၃၈၉,၀၀၀ ဖြင့် နိုဝင်ဘာလ (၆) ရက်နေ့မှစ၍ မြန်မာနိုင်ငံတွင်ဝယ်ယူနိုင်ပြီဖြစ်သည်။

HUAWEI nova Y61 တွင် အနောက်ဘက်ကင်မရာ ၃ လုံးပါရှိပြီး ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူးပေးနိုင်သည့် 50MP Main Camera၊ Bokeh ပုံများအား ကောင်းမွန်စွာ ရိုက်ကူးပေးနိုင်မည့် 2MP Depth Camera နှင့် အနုစိတ်ပုံရိပ်များကို ရိုက်ကူးပေးနိုင်သည့် 4cm Macro Camera တို့ဖြစ်သည်။ Tripod မလိုဘဲ ညဘက်ရိုက်ချက်များကို အမိအရရိုက်ကူးပေးနိုင်သည့် Super Night Shot အား အထောက်အပံ့ ပေးထား ပြီး Super Night Shot တွင် highlights များကို ပိုမိုသိသာထင်ရှားစေသည့် Multi-frame noise reduction algorithm ပါဝင်သည့်အတွက် long exposure ရိုက်ချက်များကို 6s shutter အထိ ရိုက်ကူးစေနိုင်မည် ဖြစ်သည်။

HUAWEI nova Y61 တွင် Huawei’s scene detection algorithm မှတစ်ဆင့် လှုပ်ရှားမှုများကိုအလိုအလျောက် သိရှိစေသော intelligent AI Snapshot စနစ်ပါဝင်ပြီး ကင်မရာ၏ အမှားအယွင်းမရှိသော point-and-shoot shutter မှ shutter speed အားထိန်းညှိပေးကာ လှုပ်ရှားနေသည့်အရာများကို အမိအရ ရိုက်ကူပေးနိုင်သည့် အတွက် ထိုကဲ့သို့ ရိုက်ချက်များအတွက် နည်းပညာများအားလေ့လာရသည့်အခက်အခဲများမှ ကူညီပေးနိုင်မည် ဖြစ်သည်။

အနောက်ဘက်ကင်မရာတွင် Content creators များအတွက်အထူးအဆင်ပြေစေမည့် Slow Motion feature ကိုလည်းထည့်သွင်းပေးထားသည်။ ထို့အပြင် အရာဝတ္ထုနှင့် ရှုခင်းများအား အလိုအလျောက် သိရှိပြီး အလင်းနှင့်အရောင်အား ပိုမိုကောင်းမွန်စေကာ၊ Portraitပုံ၊ အစားအသောက်ပုံ၊ နေထွက်ချိန်/ နေဝင်ချိန်၊ နှင်းကျချိန်စသည်ဖြင့်အမျိုးမျိုးသော မြင်ကွင်းများအား ပိုမိုကောင်းမွန်သော ရိုက်ချက်များ ဖန်တီးပေးနိုင်သည့် Master AI အားထည့်သွင်းထုတ်လုပ်ထားသည်။

Photo Source http://consumer.huawei.com

HUAWEI nova Y61 သည် နေ့စဉ်အသုံးပြုရန်ကောင်းမွန်သည့် ပါးလျှသောစမတ်ဖုန်းတစ်လုံးဖြစ်ကာ လုံခြုံပြီးအသုံးပြုရ အဆင်ပြေသည့် Fingerprint power buttonလည်းပါရှိသည်။ HUAWEI nova Y61 မှာ ပါးလွှာသော်လည်း ဘေးဘက်ရှိ Power Button မှာ လက်ဗွေရာအား ကောင်းစွာသိရှိပြီး ဖုန်းအားထိရုံနှင့်အလွယ်တကူ ပွင့်နိုင်သည်။ ကြည်လင်တောက်ပသည့် မြင်ကွင်းများကိုကြည့်ရှုနိုင်မည့်အပြင် 8x Ultra High-Resolution Touching Control ဖြင့် အကောင်းဆုံး ဖုန်း display ကို အသုံးပြုနိုင်မည်ဖြစ်သည်။

ဘတ္ထရီအတွက်လည်း ၉နာရီခွဲကြာ ဂိမ်းကစားခြင်း၊ ၂၅ နာရီကြာဖုန်းပြောခြင်း၊ ၁၃နာရီခွဲကြာ အင်တာနက် ဝက်ဘ်ဆိုက်များကြည့်ရှုခြင်း နှင့် ၁၃.၃ နာရီကြာ ဗီဒီယိုများကြည့်ရှုခြင်း စသည်တို့ကို အထစ်အငေါ့မရှိ အသုံးပြုနိုင်သည့် 5000 mAh ဘတ္ထရီကို တပ်ဆင်ပေးထားသည်။ ထို့ပြင် 22.5W HUAWEI SuperCharge မှလည်း အခြားဈေးတန်းတူ ထုတ်ကုန်များနှင့်နှိုင်းယှဉ်ပါက ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မည် ဖြစ်သည်။

HUAWEI nova Y61 သည် HUAWEI Vision၊ HUWEI Freebuds 3/4/5i တို့နှင့် အလွယ်တကူ တွဲဖက်အသုံးပြုနိုင်ပြီး Distributed file system ပါဝင်သည့်အတွက် PC နှင့်ချိတ်ဆက်ကာ Memory drive အနေဖြင့် အသုံးပြု၍ ဖိုင်များကို အလွယ်တကူ ရွေ့ပြောင်းနိုင်သည့် Super Device အား ထောက်ပံ့ပေး သည်။ Wireless စနစ်ဖြင့် မိုဘိုင်းဖုန်းမှဖိုင်များအား ကွန်ပျူတာတွင် ကြည့်ရှုခြင်း၊ သိမ်းဆည်းခြင်းနှင့် ကူးပြောင်းခြင်းများကို ချော့မွေ့စွာပြုလုပ်နိုင်မည်ဖြစ်သည်။

Simple mode အားဖွင့်ထားခြင်းဖြင့် ပိုမိုကြီးသော စာလုံးအရွယ်အစား၊ ပိုကြီးသော icons များနှင့် ပိုကျယ်သောအသံ တို့ကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ အလွယ်တကူလုပ်ဆောင်နိုင်သည့် feature သည် ခေတ်မှီနည်းပညာများအား အမှီလိုက်နေသည့် လူကြီးများအတွက် ကူညီပေးနိုင်မည်ဖြစ်သည်။ Service Widgets အားဖွင့်ထားခြင်းဖြင့်လည်း ဖုန်းတွင် widgets အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ကာ ပိုမိုလွယ်ကူပြီး မြန်ဆန်စွာအသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 ကို RAM 6 GB + 64 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Midnight Black (အနက်ရောင်)၊ Sapphire Blue (အပြာရောင်)နှင့် Mint Green (အစိမ်းရောင်)တို့အား မြန်မာကျပ် ၃၈၉,၀၀၀ ဖြင့် နိုဝင်ဘာလ (၆) ရက်နေ့မှစတင်၍ မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။