အလုပ်ရှာသူနှင့်ဝန်ထမ်းရှာကုမ္ပဏီများအတွက် အားထားစရာ JOIM – Jobs Opportunity in Myanmar (JOIM – Jobs Opportunity in Myanmar ၏ Business Development Manager ဖြစ်သူ ဦးသူရိန်နန္ဒ နှင့်အင်တာဗျူးဆောင်းပါး)

ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကို လွယ်လွယ်ကူကူနဲ့ ရနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ အချိန်အကြာကြီးပေးပြီး ရှာရင်တောင်မှ တွေ့ချင်မှတွေ့တတ်ပါတယ်။ မိမိကိုယ်တိုင် ဝါသနာပါတဲ့အလုပ်နဲ့ သင့်တော်မည့်နေရာတစ်ခုကို အချိန်တိုတိုအတွင်း ရချင်တဲ့သူတွေအတွက် အလုပ်အကိုင် ကူညီရှာဖွေပေးတဲ့နေရာတစ်ခုခုကိုတော့ သိရှိထားမှ အဆင်ပြေမှာလည်း ဖြစ်ပါ တယ်။
ကုမ္ပဏီများအနေနဲ့လည်း ဝန်ထမ်းရှာဖွေတဲ့အခါ အချိန်တိုတိုနဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိတဲ့ဝန်ထမ်းတွေ ရရှိစေဖို့ အင်မတန်မှ အရေးကြီးပါတယ်။ အဲဒီအတွက်ကြောင့် ဝန်ထမ်းခေါ်ယူတဲ့အခါ အလုပ်ရှာဖွေသူတိုင်း သိရှိကြတဲ့ Platform တွေကနေ ခေါ်ယူမှ အဆင်ပြေစေမှာပါ။
ခုနောက်ပိုင်း အလုပ်ရှာဖွေရေးကုမ္ပဏီတွေထဲမှာ နာမည်တစ်ခုရနေပြီဖြစ်တဲ့ JOIM – Jobs Opportunity in Myanmar က အလုပ်ရှာဖွေသူတွေပါးစပ်ဖျားမှာ ရေပန်းစားလာပါတယ်။ အလုပ်ရှာဖွေသူတွေအနေနဲ့ JOIM – Jobs Opportunity in Myanmar နဲ့ဆက်သွယ်အလုပ်ရှာဖွေတဲ့အခါ ပိုမိုအဆင်ပြေစေဖို့ JOIM – Jobs Opportunity in Myanmar ရဲ့ Business Development Manager ဖြစ်သူ ဦးသူရိန်နန္ဒ ကို Mynmar Tech Press Team အနေနဲ့ ဆက်သွယ်မေးမြန်းထားတာကို အင်တာဗျူးဆောင်းပါးအနေနဲ့ ရေးသားဖော်ပြပေးလိုက်ပါတယ်။

Photo Source https://www.facebook.com/JOIMyanmar

JOIM – Jobs Opportunity in Myanmar ရဲ့ Telegram Channel ကို ၂၀၂၀ ခုနှစ် မေလ ၇ ရက်နေ့မှာစတင်ခဲ့တာဖြစ်ပါ တယ်။ အဲ့ကမှတစ်ဆင့် Website ကို စတင်ခဲ့တာပါ။ Website စတင်ပြီး လက်ရှိအချိန်အထိ နေ့စဉ်ဝင်ရောက်ကြည့်ရှု့သူ သုံးသောင်း ကျော်ရှိနေပြီဖြစ်ပါတယ်။
“ JOIM ကို စတင်တည်ထောင်ခဲ့တဲ့စိတ်ကူးလေးကတော့ အရင်တုန်းက အလုပ်အကိုင်တွေ ရှာရတာ အရမ်းခက်ခဲခဲ့တယ်။ ဘယ်ကုမ္ပဏီတွေက ဘာအလုပ်တွေခေါ်နေတယ်ဆိုတာတောင် ဘယ်နားသွားကြည့်ရမှန်းမသိခဲ့ဘူး။ အဲတာကြောင့် JOIM ကို စပြီးတည်ထောင်ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီတွေကနေခေါ်ယူတယ့် Company တိုက်ရိုက် အလုပ်အကိုင်တွေကို အလုပ်လိုအပ်နေသူတွေဆီ တိုက်ရိုက်ပြန်ပြီးမျှဝေပေးနေတဲ့ ပေါင်းကူးလေး အဖြစ်ရပ်တည်မယ်ဆိုပြီး စတင်ခဲ့တာပါ” ဟု JOIM – Jobs Opportunity in Myanmar ရဲ့ Business Development Manager ဖြစ်သူ ဦးသူရိန်နန္ဒ ကပြောကြားပါ တယ်။
JOIM Platform ဟာ Company ဘက်မှ Urgent လိုအပ်နေသော အလုပ်ခေါ်စာများကိုအခကြေးငွေမကုန်ဘဲ တိုက်ရိုက် လျှောက်ထားနိုင်အောင် အဓိက ရည်ရွယ်ပြုလုပ်ထားတာကြောင့် အလုပ်ခေါ်စာများကိုလည်း JOIM Platform မှာ ကိုယ် တိုင်ကိုယ်ကျ တင်လို့ရမှာလည်းဖြစ်ပါတယ်။ JOIM Website, Facebook Page၊ Telegram Channel and LinkedIn တွေပေါ် Auto Share ပေးနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာ JOIM ကနေတိုက်ရိုက်အလုပ်လျောက်ပြီး အလုပ်ရရှိသွား သူ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ နယ်ပယ် အစုံက အလုပ်ခေါ်စာအရေအတွက်ပေါင်း ၉၀၀၀ ကျော် ကို မျှဝေနိုင်ခဲ့ပြီး လက်ရှိ JOIM Website ပေါ် Register လုပ်ထားတဲ့ company စာရင်းကတော့ ၄၀၀ ကျော်ရှိနေပါပြီ။
“အလုပ်လျှောက်သူများအတွက်ကတော့ကုမ္ပဏီရဲ့ CV Form လက်ခံမဲ့ Email or Viber ကို အလုပ်ခေါ်စာတွေမှာ တစ်ခါတည်း ထည့်ပေးထားတဲ့ အတွက်ကြောင့် အလုပ်လျှောက်လိုတဲ့အခါ မိမိဖုန်းရဲ့ Email or Viber ကနေ တစ်ဆင့် တိုက်ရိုက်လျှောက်ထားနိုင်မှာပဲ ဖြစ်ပါတယ်။ CV Form က Company Direct ရောက်တာကြောင့် အလုပ်ရသွားရင် မည့်သည် အခကြေးငွေမှ ပေးဖို့မလိုအပ်ပါဘူး။ ဝန်ထမ်းခေါ်ချင်သူများအနေဖြင့် JOIM Platform ပေါ်ကနေ တိုက်ရိုက်ခေါ်ယူချင်တယ်ဆိုရင်တော့ JOIM က Duration အလိုက် ထားထားတဲ့ Monthly Packages လေးတွေထဲက ကိုက်ညီရာ Package ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်” ဟု သူက ဆက်လက်ရှင်းပြပါတယ်။
မြန်မာနိုင်ငံရဲ့အနယ်နယ်အရပ်ရပ်က ကုမ္ပဏီများရဲ့တကယ့် Urgent အလုပ်အကိုင်များကို JOIM Page တစ်နေရာထဲကနေ ကြည့်လို့ရအောင်၊ နယ်အသီးအသီးက ကုမ္ပဏီအများကြီးက JOIM ကို ပိုမိုဆက်သွယ်လာဖို့အတွက် Marketing တွေဆင်းပြီး ချိတ်ဆက်နိုင်အောင် ကြိုးစားသွားပါ့မယ်လို့လည်း သူက ဆိုပြန်ပါတယ်။

Photo Source https://www.facebook.com/JOIMyanmar

လက်ရှိ JOIM မှာအလုပ်ခေါ်စာတွေ က နယ်ပယ်အစုံ၊ နေရာဒေသအစုံ၊ industry အစုံက အလုပ်အကိုင်တွေ အတော်များများ မျှဝေပေးလျက်ရှိပါတယ်။ Sales and Marketing အလုပ်တွေ ၊ Engineering အလုပ်တွေနဲ့ Office ပိုင်း အလုပ်တွေကိုလည်း မျှဝေပေးလျက်ရှိပါတယ်။ နောက်ပိုင်းမှာလည်း အလုပ်ရှာဖွေတဲ့သူတွေ ပိုမိုအဆင်ပြေအောင် Application တစ်ခုအနေနဲ့ ပြုလုပ်သွားအုံးမှာပါ။
JOIM Platform အကြောင်း အသေးစိတ်လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ Link မှာဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
https://www.facebook.com/JOIMyanmar