HUAWEI MateView SE နှင့် FreeBuds Pro 2 အပါအဝင် Flagship ထုတ်ကုန်များကို ထိုင်းနိုင်ငံတွင်မိတ်ဆက်

HUAWEI သည် HUAWEI APAC Smart Office Launch 2022 ကိုယနေ့ထိုင်းနိုင်ငံတွင်ကျင်းပခဲ့ပြီး HUAWEI MateBook X Pro၊ HUAWEI MatePad Pro 11၊ HUAWEI MateBook 16s အပါအဝင် HUAWEI MateBook D 16, HUAWEI MateView SE, HUAWEI FreeBuds Pro 2, HUAWEI WiFi Mesh3၊ AX3 Pro HUAWEI Stylish Backpack နှင့် HUAWEI ကြိုးမဲ့ Mouse တို့အား မိတ်ဆက်ခဲ့ကြောင်းသိရသည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI MateView SE တွင် 23 ဒဿမ 8 လက်မ Display ပါဝင်ပြီး 92 ရာခိုင်နှုန်း Screen-to-body ရှိသည့်အတွက် အလုပ်လုပ်ရာနှင့် လေ့လာသင်ယူရာတွင် အကောင်းဆုံးသော ရွေးချယ်မှုဖြစ်မည်ဖြစ်သည်။ 90 ရာခိုင်နှုန်း P3 color gamut နှင့် 100 ရာခိုင်နှုန်း sRGB color gamut တို့ပါဝင်သည့်အတွက် အကောင်းဆုံး အတွေ့အကြုံများကိုခံစားရစေမည်ဖြစ်သည်။ Monitor တွင်ပါဝင်သော eBook Mode အားဖွင့်ထားပါက ထူးခြားသော ink-on-paper effect ကို ထုတ်လုပ်ပေးပြီး ရေရှည်တည်းဖြတ်မှုများပြုလုပ်နိုင်စေသည်။ မျက်နှာပြင်သည် TÜV Rheinland Low Blue Light နှင့် Flicker-free အသိအမှတ်ပြုလက်မှတ်များအပြင် SGS မှထုတ်ပေးသောပထမဆုံး အမြင်အာရုံပင်ပန်းနွမ်းနယ်မှုအား လျော့ချပေးနိုင်သည့် အသိအမှတ်ပြုလက်မှတ်ကိုရရှိခဲ့ပြီးဖြစ်သည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI FreeBuds Pro 2 EarBuds တွင်နောက်ဆုံးပေါ် TWS အရည်အသွေးများကိုထည့်သွင်းထားပြီး Ultra-hearing dual-driver sound system နှင့် ဒစ်ဂျစ်တယ်နည်းပညာတို့ ထည့်သွင်းထားသည့်အတွက် ပိုမိုကောင်းမွန်သော Bass အသံများကိုနားဆင်နိုင်မည်ဖြစ်သည်။ HUAWEI FreeBuds Pro2 မှHWA နှင့် Hi-Res Wireless Dual HD Audio လက်မှတ်တို့ကိုလည်း ရရှိထားသည်။ အသံအရည်အသွေးအပြင် HUAWEI FreeBuds Pro 2 တွင် TWS Noise cancellation စံနှုန်းအသစ်များကိုလည်း ထည့်သွင်းပေးထားသည်။ 4-Mic Call Noise Cancelation စနစ်နှင့် Huawei Exclusive deep neural network (DNN) noise cancellation algorithm တို့ပါဝင်သည့်အတွက် Pure Voice ဟုခေါ်သော Noise Cancellation Feature အသစ်သည် အသံခေါ်ဆိုမှု အရည်အသွေးကိုတိုးတက်စေသည်။ တစ်ချိန်တည်းမှာပင် HUAWEI FreeBuds Pro 2 ကို Devialet နှင့် တွဲထုတ်ထားသည့်အတွက် ပြီးပြည့်စုံသော နည်းပညာတို့အားချိန်ခွင်လျှာထိန်းညှိပေးစေသည်။

Photo Source https://www.facebook.com/huaweimobile/

HUAWEI သုံးစွဲသူများအတွက် ဝန်ဆောင်မှုပေးမည့် HUAWEI Service Carnival အား ဇူလိုင်လ ၁၅ ရက်နေ့မှ စက်တင်ဘာ ၃၀ ရက်နေ့အထိပြုလုပ်သွားမည်ဖြစ်ပြီး အပိုပစ္စည်းလဲလှယ်ပါက ၄၀% အထိအထူးလျှော့ဈေးရရှိမည့်အပြင် သတ်မှတ်ထားသော Smart Phone Model များအား ရှေ့မှန်သားပြင်လဲလှယ်ပါက နောက်မျက်နှာပြင်အဖုံး အခမဲ့လဲလှယ်နိုင်မည်ဖြစ်သည်။ ပြုပြင်လိုက်သော အပိုပစ္စည်းများအတွက်လည်း ရက်၉၀ အာမခံရရှိမည့်အပြင် စိတ်ကြိုက်ဒီဇိုင်းကိုဖန်တီးရွေးချယ်နိုင်မည့် ဖလင်ကိုဝယ်ယူပါက ၂၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမည်ဖြစ်သည်။ HUAWEI Service Carnival ပါဝင်ဆင်နွှဲရန်အတွက် ဝန်ဆောင်မှုစင်တာကိုလာရောက်ပါကလည်း 50GB Cloud Storage အခမဲ့ရရှိမည်ဖြစ်သည်။
AppGallery သည် Huawei အသုံးပြုသူ ၅၈၀ သန်းနှင့်အထက်အားဝန်ဆောင်မှုပေးနေပြီး HUAWEI Mobile Services သည် လစဉ် All-scenario smart ecosystem အသုံးပြုသောထုတ်ကုန်ပေါင်း ၇၃၀ သန်းနှင့် ချိတ်ဆက်ထုတ်ကုန်ပေါင်း ၁ ဘီလီယံကျော်အထိဝန်ဆောင်မှုပေးနေသည်။ အသုံးပြုသူများသည် nova Y90၊ HUAWEI MatePad Pro 11 နှင့် HUAWEI MateBook X Pro ရှိ AppGallery မှတစ်ဆင့်အချိန်မရွေး၊ နေရာမရွေးနောက်ထပ် Cross-Device ဆက်သွယ်မှု ကိုလေ့လာနိုင်သည်။ Huawei Mobile Cloud သည် Cloud Backup၊ Auto-sync Devices နှင့် Find Device များကိုထောက်ပံ့နိုင်ပြီး အသုံးပြုသူများသည် Petal Search, Petal Maps, MyHuawei စသည်ဖြင့်ပိုမိုလေ့လာနိုင်သည်။
Grab မှ Senior Manager, Group BD & Partnership ဖြစ်သူ Hazel Chen သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ Huawei နှင့်လက်တွဲခဲ့မှုအကြောင်း မျှဝေရန် HUAWEI APAC Smart Office Launch 2022 အားတက်ရောက်ခဲ့သည်။ နောက်တစ်နှစ်အကြာတွင် Grab သည် Huawei ၏ App Development စွမ်းရည်များဖြစ်သည့် HMS Core Kits နှင့် ပေါင်းစပ်ရန် ဆုံးဖြတ်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် AppGallery တွင် ပါဝင်ခဲ့သည်။.
https://www.facebook.com/huaweimobile/