ဓာတ်ပုံပညာအားသာချက်များကို ပေးစွမ်းနိုင်လွန်းတဲ့ HUAWEI P40 Pro

ဓာတ်ပုံနဲ့ ဗီဒီယိုများကို အချိန်မရွေး၊ နေရာမရွေးရိုက်ကူးခြင်းအားဖြင့် မိမိတို့ရဲ့အတွေးအမြင်များကို HUAWEI P40 Pro မှာပါရှိတဲ့ Ultra Vision Leica Quad ကင်မရာနှင့် ထုတ်ဖော်နိုင်မှာဖြစ်ပါတယ်။ မြန်နှုန်းနှင့် ပါဝါပိုင်းဆိုင်ရာ အတွေ့အကြုံကို နောက်ဆုံးပေါ် Kirin 990 5G ချစ်ပ်ဆက် ဖြင့် ပြောင်းလဲနိုင်ပါတယ်။
HUAWEI P40 Pro ကတော့ ရေတံခွန်စီးဆင်းကျလာတဲ့ အလှတရားနဲ့ ဖြစ်တည်မှုအလား ခံစားစေနိုင်မည့် Quad-Curve Overflow Display1 ဟာ မျက်နှာပြင်ထောင့်စွန်းတိုင်းကို အတားအဆီးမရှိ ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်။ ဒါ့အပြင် 90 Hz refresh rate ဖြင့် စွဲမက်ဖွယ်ကောင်းသည့် မြင်ကွင်းကိုလည်း ခံစားနိုင်မှာလည်းဖြစ်ပါတယ်။ အလယ်ဖရိမ်နဲ့ ဘေးအကာဘောင်များသည် လှပသည့် အမြင်သစ်တစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။
စမတ်ဖုန်းရဲ့ အရောင်တွေကတော့ သဘာဝရဲ့စစ်မှန်တဲ့ အရောင်တွေကို ကိုယ်စားပြုတဲ့ Deep Sea Blue (ပင်လယ်ပြာရောင်) နဲ့ Silver Frost (ငွေရောင်နှင်းခဲအရောင်) တွေကို HUAWEI P40 Pro မှာ မြင်တွေ့ခံစားနိုင်မှာ ပဲဖြစ်ပါတယ်။ အလင်းယိုင်စေသည့် အရောင်မှိုင်းနှင့်ပေါင်းစပ်တဲ့ အခါမှာတော့ ထည်ဝါခန့်ညားမှုနှင့်စိတ်အေးချမ်းမှုကို ရရှိစေမှာပဲဖြစ်ပါတယ်။
HUAWEI P40 Pro မှာဆိုရင် တစ်စုတစ်စည်းတည်း စနစ်နဲ့လုပ်ဆောင်တဲ့ Ultra Vision Leica Penta / Quad / Triple ကင်မရာနဲ့ မိမိရိုက်ကူးမည့် အရာဝတ္ထုသည် နီးနီးဝေးဝေး၊ နေ့ညမရွေးရိုက်ကူးနိုင်မှာပဲဖြစ်ပါတယ်။ HUAWEI P40 Pro အရဲ့ အဓိကအားသာချက်တွေကတော့ ဒီဇိုင်း ၊ဓာတ်ပုံပညာ၊ ဗီဒီယိုပညာ၊5G နှင့် စွမ်းဆောင်မှု စနစ်၊ ပါဝါနှင့်အားသွင်းမှု၊ လုံခြုံရေးနှင့် ကိုယ်ပိုင် အချက်အလက်၊ ဉာဏ်ရည်တုအတွေ့အကြုံ တို့ပဲဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/phones/p40-pro/

ယခုစမတ်ဖုန်းများတွေမှာတော့ ပစ်ဇယ်အမြင့်ဆုံး 2.44 μm နှင့် 1/1.28လက်မရှိသည့် ထိပ်တန်းအာရုံခံ စနစ်ပါရှိနေပါပြီ။ RYYB အရောင်စစ်ထုတ်မှုကို အသုံးပြုထားသောကြောင့် လုံလောက်သော အလင်းရောင် ရရှိစေမည့်အပြင် မြင့်မားတဲ့ အလင်းအမှောင်ချန်ညှိမှု အဆင့်ပါရှိပြီး ဒစ်ဂျစ်တယ်ဆေးသားကြမ်းမှုကိုပါ လျှော့ချပေးပါတယ်။ 4-in-1 ပစ်ဇယ် ဘင်းနင်းနဲ့ Octa PD Autofocus ဆုံချက်တို့ ပံ့ပိုးပါရှိသည့် 50 MP ပင်မကင်မရာက ရိုက်ကွင်းနေရာ၊ အလင်းအမှောင် စတဲ့ ကြည်လင်ပြတ်သားမှုအရှိဆုံး ပုံများကို အသေးစိတ်လက္ခဏာအတိအကျနှင့် ရိုက်ကူးပေးပါတယ်။ အဆင့်မြှင့်ထားသည့် ISP နဲ့ NPU တို့လည်ပတ်တဲ့ HUAWEI XD Fusion Engine ဟာ သတင်းအချက်အလက်များစွာကို လျင်မြန်စွာ စီမံဆောင် ရွက်နိုင်စွမ်းရှိသလို နေ့ညမရွေး ရိုက်ကူးသည့် ဓာတ်ပုံတစ်ပုံချင်းစီအတွက် ပစ်ဇယ်ပမာဏကို ထူးခြားလှသည့် ကြည်လင် ပြတ်သားမှုမျိုးဖြင့် တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။
HUAWEI P40 Pro ဟာ အသေးစိတ်လက္ခဏာများကို မိမိမျက်စိနှင့်တပ်အပ်မြင်ရသည့်အလား ထည်ဝါလှသည့် မြင်ကွင်းကို 50 MP ပင်မကင်မရာနှင့်အတူ ခံစားကြည့်ရှုနိုင်သလို ဖရိမ်၏ မည်သည့်အပိုင်းကိုမဆိုချဲ့လိုက်ခြင်းအားဖြင့် ရွှန်းစိုပြီး မျက်နှာပြင်အနုစိတ်လက္ခဏာများစွာပေါ်လွင်နေမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI Ultra Vision Sensor နဲ့သာဆို လမိုက်ညဖြစ်စေကာမူ အလင်းအမှောင်ကောင်းကောင်းပေးပြီး အရောင်ကြည်လင်ပြတ်သားကာ ဆန်းပြားလှသည့် ဝတ်စုံအား ပေါ်လွင်သွားစေနိုင်မည့် ရိုက်ချက်မျိုးကို ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။
SuperZoom ပယ်ရီစကုပ်ဒီဇိုင်းကလည်း ကျစ်လစ်သိပ်သည်းတဲ့ ကိုယ်ထည်မှာ မှန်ဘီလူးများစွာထည့်ထားတဲ့ ဒီဇိုင်းအဖြစ် လူသိများပါတယ်။ ထို့ကြောင့်လည်း မျက်စိရှေ့မှ မျက်ကွယ်ရာအထိရှိနေသော မြင်ကွင်းထဲမှ အရာဝတ္ထုများကို ကြည်လင်ပြတ်သားစွာ မြင်နိုင်မှာဖြစ်ပါတယ်။ အသစ်တီထွင်ဆန်းသစ်လိုက်သည့် RYYB အာရုံခံ စနစ်ဟာ ဖျော့တော့တော့ အလင်းရောင်ဖြစ်နေစေကာမူ အံ့ဖွယ်ကြည်လင်ပြတ်သားမှုမျိုးကို ၄၀ ရာခိုင်နှုန်း ပိုမိုဆောင်ကျဉ်းပေးပါတယ်။ ပိုကောင်း အောင် လုပ်ဆောင်ထားသည့် AIS နှင့် OIS ပေါင်းစပ်မှုကြောင့် Zoom အချုံ့အချဲ့လုပ်နိုင်သည့် စွမ်းဆောင်ရည်ကို ရရှိစေမှာဖြစ်ပါတယ်။

Photo Source https://consumer.huawei.com/mm/phones/p40-pro/

Ultra Vision ပင်မကင်မရာနဲ့ အဆင့်ဆင့်ပြောင်းလဲလာတဲ့ AI အယ်ဂိုရစ်သမ်တို့ရဲ့ အကျိုးကျေးဇူးကြောင့် HUAWEI P40 Pro ဟာ ပတ်ဝန်းကျင်များနှင့် လူများကို ၄၅ ရာခိုင်နှုန်း ပိုမို တိတိကျကျ ဆန်းစစ်လေ့လာပြီး အကန့်လိုက်ခွဲထုတ်ပေးနိုင်မှာ လည်းဖြစ်ပါတယ်။ ပစ်ဇယ်ပမာဏကို မြှင့်တင်ပေးသည့်အတွက် ကောင်းမွန်သော အလင်းပေးမှု၊ သဘာဝဆန်သော အသွေးအရောင်နှင့် တိကျပြတ်သားသော အသေးစိတ်လက္ခဏာများကို မူရင်းမပြတ် ထိန်းသိမ်းပေးပါတယ်။
အော်တိုဆုံချက်ပါရှိသော 32 MP အဆင့်မြင့် ရှေ့ကင်မရာနှင့် IR အကွာအဝေး ကင်မရာတို့ဟာ အဝါးစနစ် အထူးပြုလုပ်ချက်ပါရှိသော ဆဲလ်ဖီကောင်းတစ်ပုံကို ထုတ်လုပ်နိုင်စေရန် အနီးကပ်လုပ်ဆောင်ပေးကြပါတယ်။ အလင်းပေးမှု၊ အသားအရောင်နဲ့ မျက်နှာပြင်အနုစိတ်လက္ခဏာများကို ဉာဏ်ရည်တုနည်းပညာဖြင့် ပိုကောင်းအောင် ဖော်ဆောင်ထားတဲ့ အတွက် ပိုတိကျပြီး ဆဲလ်ဖီပုံများရိုက်ကူးချင်စိတ်ကို ဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အလှပဆုံးပုံရိပ်တွေကိုဖမ်းယူ ပေးနိုင်တဲ့ Multi-focus ကြောင့် groufie ရိုက်တဲ့အခါမှာ အားလုံးကိုပျော်ရွှင်မှုအပြည့်အဝပေးနိုင်မှာလည်းဖြစ်ပါတယ်။ Gallery Edit ရဲ့ AI စွမ်းဆောင်ရည်က ဖရိမ်များစွာကိုတစ်ခုတည်းပေါင်းစပ်ခြင်းဖြင့်ရွေ့လျားမှုကို ကူညီဖယ်ရှားပေးပါတယ်။ ဒါကြောင့်ရှင်းလင်းသောနောက်ခံနှင့်လုံးဝတည်ငြိမ်သော focus ကိုရနိုင်မှာဖြစ်ပါတယ်။
အသစ်တီထွင်ဆန်းသစ်ထားသည့် RYYB အာရုံခံစနစ်နှင့် 16-in-1 sedecimpixel fusion technology တို့ပါဝင်သည့် 40 MP ရှိ ပရော်ဖက်ရှင်နယ်သုံးအဆင့်ရှိတဲ့ မြင်ကွင်းကျယ် ရုပ်ရှင်ကင်မရာဟာ ရုပ်ရှင်ဗီဒီယိုများ တီထွင်ဖန်တီးနိုင်စွမ်းကို ပွင့်ထွက်လာစေနိုင်ပါတယ်။ ရုပ်ရှင်ဆိုင်ရာ လုပ်ဆောင်ချက်များစွာ ပါရှိသဖြင့် ရီဆိုလူးရှင်း မြင့် 4K 60 fps ဗီဒီယိုများကို ရှေ့ကင်မရာနှင့်ရော၊ နောက်ကင်မရာနှင့်ပါ မှတ်တမ်းတင်ရိုက်ကူးနိုင်ပါတယ်။