၂၀၂၁ ခုနှစ်တွင် ခေတ်စားလာသော Video Trends များနှင့် OPPO Reno5 ၏ ဗီဒီယိုပိုင်းဆိုင်ရာ စွမ်းဆောင်ချက်များ

ယနေ့ခေတ်တွင် Facebook နှင့် Instagram ကဲ့သို့ ဆိုရှယ်မီဒီယာ Application များအပြင် YouTube နှင့် TikTok စသော Video Platform များသည်လည်း လူငယ်များအကြား သိသိသာသာ ရေပန်းစားလာသည်။ ထို့ကြောင့် လူနေမှုဘဝပုံစံများသည်လည်း ခေတ်နှင့်အညီ ပြောင်းလဲလာကာ လူများသည် မိမိတို့၏ဘဝကို ဗီဒီယိုများဖြင့် မှတ်တမ်းတင် ရိုက်ကူးဖော်ပြမှုများသည် တဖြည်းဖြည်း များပြားလာသည်။ Video Social App များအား Download ပြုလုပ်သူများလည်း မြင့်တက်လာ၍ တစ်နှစ်အတွင်း အသုံးပြုသူအရေအတွက် သိသိသာသာ တိုးတက်လာခဲ့သည်။ ယခု ခေတ်စားနေသော Video Trends များဖြစ်သော Personalized Video များ၊ Shoppable Video များ၊ Streaming နှင့် Real-time video များကို ကိုယ်တိုင် ဖန်တီးပြုလုပ်မှုများ များပြားလာသည်။

Photo Source https://www.facebook.com/oppomyanmar/

ထိုကဲ့သို့ ဗီဒီယိုများ ခေတ်စားလာသည်နှင့်အမျှ OPPO သည် သုံးစွဲသူများ၏အလိုကို ဖြည့်ဆည်းပေးရန် ထူးခြားကောင်းမွန်သော ဗီဒီယိုလုပ်ဆောင်ချက်များပါဝင်သည့် “Picture Life Together” ဆောင်ပုဒ်နှင့် OPPO Reno5 ကို မြန်မာငွေ ၄၉၉,၉၀၀ ကျပ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံ အမြို့မြို့အနယ်နယ်ရှိ OPPO အရောင်းဆိုင်များတွင် ရောင်းချပေးလိုက်ပြီ ဖြစ်သည်။
ယခုနောက်ပိုင်း ခေတ်စားလာသော Video Trends များတွင် မိမိတို့၏ စိတ်ကူးပုံစံများကို စိတ်ကြိုက် ရိုက်ကူးဖန်တီးကြသော VLogs ကဲ့သို့ Personlized Video များလည်း ပါဝင်လာသည်။ ဗီဒီယိုများကို သူတို့၏ ကိုယ်ပိုင် မိတ်ဆက်ပုံ မိတ်ဆက်နည်း Introduction များဖြင့် ကြည့်ရှုသူများကို ဆွဲဆောင်ကာ သူတို့ ကြိုက်နှစ်သက်သော အကြောင်းရာများကို ကိုယ်ပိုင်ဖန်တီးမှုများဖြင့် စိတ်ဝင်စားမှုရရှိစေရန် အချိန်ပေး၍ Editing များ ပြုလုပ်ကာ ဗီဒီယိုများကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် တင်ဆက်လာကြသည်။ ထိုသို့ Personalized Video များ ခေတ်စားလာသည်နှင့်အမျှ တစ်ယောက်နှင့် တစ်ယောက် မတူညီသော ဗီဒီယိုများကို အပြိုင်အဆိုင် ဖန်တီးပြုလုပ်လာကြသည်ဖြစ်ကာ Reno5 ၏ ကမ္ဘာ့ပထမဆုံး AI Mixed Portrait လုပ်ဆောင်ချက်မှ သူမတူသော ဗီဒီယိုများကို သုံးစွဲသူများအား အချိန်တိုအတွင်း ဖန်တီးနိုင်ရန် ကူညီပေးမည် ဖြစ်သည်။ ရှုခင်းနှင့် ဇာတ်ဆောင်ကို ပေါင်းစပ်၍ လည်းကောင်း၊ ဇာတ်ဆောင်များ တစ်ခုနှင့် တစ်ခုပေါင်းစပ်၍ လည်းကောင်း Portrait Cutout နည်းပညာဖြင့် ဖန်တီးမှုကောင်းသော ဗီဒီယိုများကို အချိန်တိုအတွင်းတွင် ရိုက်ကူးစေနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့ပြင် ယခုလက်ရှိ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေသော အချိန်ကာလများတွင် ပိုမိုခေတ်စားလာသော Video Trend အမျိုးအစားတစ်ခုဖြစ်သည့် Shoppable Video များသည်လည်း လူအများအကြား တွင်ကျယ်လာသည်။ ဆန်းစစ်ချက်များအရ ၆၆ ရာခိုင်နှုန်းသောသူများက ထုတ်ကုန်နှင့် ပစ္စည်းများကို အွန်လိုင်းမှ ဝယ်ယူရာတွင် ထုတ်ကုန်အရည်အသွေးကို သိနိုင်သည့် Video များကို ကြည့်ရှုကာ ဝယ်ယူရသည်ကို ကြိုက်နှစ်သက်ကြသောကြောင့် ထုတ်ကုန်အမျိုးမျိုးကို Video များမှ တစ်ဆင့်ရောင်းချလာကြသည်။ ထိုအခါမျိုးတွင် Reno5 ၏ Dual-view Video မှ အဆင်ပြေလွယ်ကူစေရန် စွမ်းဆောင်ကူညီ ပေးနိုင်မည် ဖြစ်သည်။ OPPO Reno5 သည် ရှေ့ကင်မရာနှင့် နောက်ကင်မရာကို ပြိုင်တူ အသုံးပြုနိုင်သည့် Dual Shooting ကို ထောက်ပံ့ပေးထားသောကြောင့် သုံးစွဲသူများအနေဖြင့် ထုတ်ကုန်များနှင့် မိမိရုပ်ပုံကို တစ်ပြိုင်တည်းပြသ၍ Unboxing Video များနှင့် Review Video များကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့အပြင် ထိုလုပ်ဆောင်ချက်များကို ပိုမိုဆန်းသစ်စေရန် Dual-view Video ကို အပေါ်အောက် ညီညာသော ဗီဒီယိုအဖြစ် လည်းကောင်း၊ WeChat ကဲ့သို့ ထောင့်မှန်စတုဂံ ပုံဖြင့် လည်းကောင်း၊ အဝိုင်းပုံ ဖြင့်လည်းကောင်း ဖန်တီးပေါင်းစပ်နိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

Shoppable Video များအပြင် Streaming နှင့် Real-time Video များသည်လည်း လူငယ်များအကြား ရေပန်းစားလာပြီး Social Influencer များမှ Live Streaming များ ပြုလုပ်ကာ ပရိသတ်များနှင့် တိုက်ရိုက်ဆက်သွယ်ခြင်း၊ ထုတ်ကုန်များကိုလည်း Live ဖြင့် ရောင်းချခြင်းများ ပြုလုပ်လာကြသည်။ ထို ဗီဒီယိုလုပ်ဆောင်ချက်များကို အကောင်းဆုံး အားဖြည့်ပံ့ပိုးပေးနိုင်သည့် Reno5 ၏ AI Highlight Video လုပ်ဆောင်ချက်သည်လည်း ပါဝင်လာသောကြောင့် မှောင်မိုက်နေသော အချိန်တွင်ဖြစ်စေ၊ အလင်းများနေသော အချိန်တွင်ဖြစ်စေ ကြည်လင်ပြတ်သား၍ သဘာဝကျစွာ ရိုက်ကူးနိုင်မည် ဖြစ်သည်။ ထို့အပြင် ထိုလုပ်ဆောင်ချက်များကို အကောင်းဆုံးပံ့ပိုးပေးနိုင်သည့် 44MP Selfie Camera နှင့်အတူ 64MP Main Camera၊ 8MP Wide Angle Lens၊ 2MP Macro Lens နှင့် 2MP Mono Lens ဟူ၍ Rear Camera (၄) လုံး တပ်ဆင်ထားသည်။ ဤ ထူးခြားကောင်းမွန်သော ဗီဒီယိုလုပ်ဆောင်ချက်များကို အသုံးပြု၍ သုံးစွဲသူများအနေဖြင့် ဖန်တီးမှုကောင်း၍ တမူထူးခြားသော ပျော်ရွှင်စရာပုံရိပ်များကို ရိုက်ကူးစေနိုင်မည်ဖြစ်သည်။