2020 နှစ်ကုန်ပိုင်းတွင် ထွက်ရှိခဲ့သည့် OPPO F17 စမတ်ဖုန်း၏ လုပ်ဆောင်ချက်များအကြောင်း

OPPO မှ ဖက်ရှင်ကျသော အဆင့်မြင့်သားရေပုံစံ နောက်ဘက်ကာဗာဒီဇိုင်းနှင့်အတူ OPPO F17 ကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ လ ၁၄ ရက်နေ့တွင် OPPO Official Facebook Page Page မြန်မာနိုင်ငံဈေးကွက်သို့ တရားဝင် စတင်မိတ်ဆက် ပေးခဲ့သည်။
OPPO F17 သည် အားသွင်းမြန်ပြီး ကျယ်ပြန့်သော 6.44-inch FHD+ AMOLED Waterdrop Display တို့ ပါဝင်သော စမတ်ဖုန်းဖြစ်သည်။ 7.45mm ဖုန်းအထူနှင့် အလေးချိန် 163g သာရှိပြီး ပါးလွှာပြီးပေါ့ပါးသော ကိုယ်ထည်ဒီဇိုင်းအပြင် ဖုန်းအနောက်ဘက်ကာဗာကို အဆင့်မြင့် သားရေပုံစံ ခေတ်မီဒီဇိုင်းနှင့် ဖန်တီးထုတ်လုပ်ထားသောကြောင့် လက်ဗွေရာ မထင်ဘဲ အကောင်းဆုံး Handfeeling နှင့် ခေတ်မီသော Premium Look ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ရာတွင်လည်း ဖုန်း၏ ကြီးမားသော 4000mAh ဘက်ထရီ၊ 30W VOOC Flash Charge 4.0 နှင့် ပါးလွှာ ပေါ့ပါးမှုရှိသည်။

Photo Source https://oppo.com.mm

ပေါပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 တွင် 16MP Front Camera နှင့် 16MP Main Camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono Lens နှင့် 2MP Mono Lens ဟူ၍ Rear Camera ၄ လုံးပါရှိသည်။ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုကို အကောင်းမွန်ဆုံး ရရှိစေရန် ဖန်တီးပေးမည့် AI Dazzle Color၊ Ultra Wide Angle၊ Ultra Clear 108MP Image၊ နှင့် AI Beautification 2.0 စသည့် ထပ်ဆောင်းလုပ်ဆောင်ချက်များလည်း ပါဝင်လာသည့်အတွက် မိမိစိတ်ကြိုက် ပုံရိပ်များကို ရိုက်ကူးပုံဖော်စေနိုင်မည်ဖြစ်သည်။
OPPO F17 ၏ 6.44-inch AMOLED Display တွင် အဆင့်မြင့်၍ သာလွန်ကောင်းမွန် မြန်ဆန်သော In-display Fingerprint Scanner အပါအဝင် All-day Eye-caring စနစ်ဖြင့် Sunlight Screen၊ Moonlight Screen တို့နှင့် အားဖြည့် ပေးထားသောကြောင့် နေရောင်အောက်တွင်ဖြစ်စေ၊ ညမအိပ်မီ ဘေးပတ်ဝန်းကျင် မှောင်နေသော အချိန်တွင်ဖြစ်စေ Brightness ကို အလိုအလျောက် ထိန်းညှိပေးမည်ဖြစ်ကာ သုံးစွဲသူများ၏ မျက်လုံး ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။
OPPO F17 သည် ဈေးနှုန်းတူဖုန်းများထဲတွင် အကြီးမားဆုံးသော 8GB RAM+128GB ROM Storage ပါသော ဖုန်းဖြစ်သည့်အပြင် အခြားမည်သည့်ဖုန်းများတွင် မရှိသေးသော RAM+ လုပ်ဆောင်ချက်လည်း ပါဝင်လာ၍ ROM ၏ ပိုနေသောနေရာများကို နောက်ခံရှိ APP များ လည်ပတ်ရန် RAM အဖြစ် ပြောင်းလဲပေးသောကြောင့် System ၏ မှတ်ဉာဏ်နေရာများကို တိုးချဲ့ကာ ဖုန်းအသုံးပြုခြင်းကို ပိုမိုချောမွေ့စေသည့်အတွက် သီချင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဂိမ်းအကြီးစားများကို စိတ်ကြိုက်ထည့်သွင်းနိုင်သည်။ ထို့ပြင် သုံးစွဲသူများ၏ ဖုန်းသုံးစွဲမှု အတွေ့အကြုံကို အဆင်ပြေစေမည့် OPPO F17 ၏ Bullet Notification လုပ်ဆောင်ချက်ကြောင့် အရေးကြီးသတင်းများကို မလွတ်ဘဲ လွယ်ကူအဆင်ပြေစေ မည်ဖြစ်သည်။

Photo Source https://oppo.com.mm

OPPO F17 ကို 4000mAh နှင့် ပြောင်မြောက်သော 30W VOOC Flash Charge 4.0 တို့ ထည့်သွင်းတပ်ဆင်ထားသည့် အတွက် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၂ ရာခိုင်နှုန်းအထိကို လည်းကောင်း၊ ၅၆ မိနစ် အားသွင်းရုံဖြင့် အားအပြည့်အထိကို လည်းကောင်း အချိန်တိုအတွင်း ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် လျင်မြန်စွာဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ၅ မိနစ် အားသွင်း၍ ၄ နာရီကြာ ဖုန်းပြောနိုင်မည်ဖြစ်သည့်အပြင် Youtube မှ ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်သည်။
အခြား ပြောင်မြောက်သည့် စွမ်း‌ဆောင်ရည်များဖြစ်သော Super Power Saving Mode နှင့် Super Nighttime Standby တို့ ပါဝင်လာပြီး Super Power Saving Mode ကို အသုံးပြု၍ ဘက်ထရီ ၅ ရာခိုင်နှုန်း ကျန်ရုံဖြင့် ၃၅ မိနစ် Grab အသုံးပြုခြင်း၊ ၇၀ မိနစ် ဖုန်းခေါ်ဆိုခြင်းနှင့် ၃၀ မိနစ် Google Map အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ColorOS 7.2 ပါဝင် လာသည်။
OPPO F17 ကို မြန်မာနိုင်ငံဈေးကွက်တွင် မြန်မာငွေ 339,900 ကျပ်ဖြင့် မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိ OPPO အရောင်းဆိုင်များနှင့် Shop.com.mm (https://bit.ly/2U9rPbK) တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူ နိုင်ပြီဖြစ်သည်။