Samsung Galaxy S21 5G Series စမတ်ဖုန်းများ မြန်မာပြည်တွင်စတင်မိတ်ဆက်

Samsung Electronics Co., Ltd. သည် ၎င်း၏ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းများ ဖြစ်ကြသည့် Galaxy S21၊ Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများ အား စတင်မိတ်ဆက်ခဲ့သည်။ အမိုက်စား ဆန်းသစ်တီထွင်မှုများဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် အဆိုပါ Galaxy S21 series စမတ်ဖုန်းများသည် သုံးစွဲသူများ၏ နေ့စဉ်အခိုက်အတန့်တိုင်းအား ထူးခြားခမ်းနားစွာဖြင့် ဖြတ်သန်းနိုင်ရန် ကူညီပေးသွား မည် ဖြစ်သည်။ ဤ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းများတွင် လူအများကြား သိသာထင်ရှားနေစေမည့် သူမတူသော အမိုက်စား ဒီဇိုင်း၊ သုံးစွဲသူတိုင်း အလွယ်တကူ အသုံးပြုနိုင်သည့် ပရော်ဖက်ရှင်နယ်အဆင့် ကင်မရာနှင့် ထွက်ရှိပြီးသမျှ Galaxy ထုတ်ကုန်များ အားလုံးအနက် စွမ်းဆောင်ရည် အကောင်းဆုံးနှင့် အဆင့်အမြင့်မားဆုံးသော processor နှင့်အတူ ပြီးပြည့်စုံမှုအရှိဆုံးသော ချိတ်ဆက်လုပ်ဆောင်နိုင်စွမ်းများ၊ စွမ်းဆောင်ရည်များအား ထည့်သွင်းတည်ဆောက်ပေးထားသည်။

Photo Source http://news.samsung.com
“ကျွန်တော်တို့အားလုံးဟာ မိုဘိုင်းဖုန်းက မရှိမဖြစ် အရေးပါတဲ့ ခေတ်ကာလမှာနေထိုင်နေကြပြီး လူတော်တော်များများ ဟာလည်း များသောအားဖြင့် အခုဆို အိမ်မှာပဲ နေထိုင်လုပ်ကိုင်တဲ့အချိန် ပိုများလာကြပါတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ Samsung အနေနဲ့ လူတွေရဲ့ ပြောင်းလဲလာတဲ့ နိစ္စဓူဝလုပ်ငန်းစဉ်တွေမှာ အဖက်ဖက်ကနေ အကောင်းမွန်ဆုံး ကူညီလုပ်ဆောင် ပေးနိုင်မယ့် စမတ်ဖုန်းတွေကို ဖန်တီးပုံဖော်ပေးသွားဖို့ အစဉ်မပြတ် ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းမှာလည်း မတူညီတဲ့ ကြိုက်နှစ်သက်မှုတွေ၊ ရွေးချယ်မှုတွေ ရှိနေတတ်ကြတာကို နားလည်ထားတာနဲ့အညီ အခု အသစ်မိတ်ဆက်လိုက်တဲ့ Galaxy S21 Series စမတ်ဖုန်းတွေဟာ မြန်မာနိုင်ငံက မတူညီတဲ့ သုံးစွဲသူတွေရဲ့ နေထိုင်မှု ပုံစံတွေနဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်မှာ အသေအချာပါပဲ” ဟု Samsung Myanmar ၏ Head of Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း Galaxy S Series စမတ်ဖုန်းများသည် ကိုယ်ပိုင်အချိန် အပန်းဖြေအနား ယူမှုများ အတွက်ဖြစ်စေ၊ ချိတ်ဆက်ဆက်သွယ်မှုများအတွက်ဖြစ်စေ စမတ်ဖုန်းသုံးစွဲသူတိုင်းအတွက် သူမတူသော၊ အဆင့်အမြင့်မားဆုံး စမတ်ဖုန်းများအား ထုတ်လုပ်ပေးနိုင်ခဲ့သည်။ ထိုနည်းတူပင် ယခု နောက်ဆုံးထွက်ရှိလာသည့် Galaxy S21 series စမတ်ဖုန်းများသည်လည်း အဆင့်အမြင့်မားဆုံးနှင့် နောက်ဆုံးပေါ် ခေတ်မီ စမတ်ဖုန်းခံစားမှု အတွေ့အကြုံများအား ပေးစွမ်းသွားမည် ဖြစ်သည့်အပြင် သုံးစွဲသူများ၏ နေ့ရက်တိုင်းကိုလည်း ထူးခြားခမ်းနားစွာ ပုံဖော်ပေးသွားမည်ဖြစ်သည်။ Galaxy S21 Series စမတ်ဖုန်းများအား မော်ဒယ် အမျိုးအစားများစွာဖြင့် ရရှိနိုင်မည် ဖြစ်သည့်အတွက် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သော ဒီဇိုင်းနှင့် လိုအပ်ချက်များပေါ် မူတည်ကာ ၎င်းတို့အတွက် ပြီးပြည့်စုံမှုအရှိဆုံးသော စမတ်ဖုန်းအား စိတ်ကြိုက် ရွေးချယ်သွားနိုင်မည် ဖြစ်သည်။ အဆင့်မြင့် စမတ်ဖုန်း အတွေ့ အကြုံများအား ရယူအသုံးပြုလိုသူများ အနေနှင့် နောက်ဆုံးပေါ် အဆင့်မြင့် လုပ်ဆောင်ချက်များ ဖြစ်သည့် ပရော်ဖက် ရှင်နယ် အဆင့် ကင်မရာအပါအဝင် အရည်အသွေး အမြင့်မားဆုံးသော စွမ်းဆောင်ရည်များ ပါရှိသည့် Galaxy S21, Galaxy S21+ နှင့် Galaxy S21 Ultra တို့အား ဈေးနှုန်းအမျိုးမျိုးဖြင့် လက်ဝယ် ရယူပိုင်ဆိုင်သွား နိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com
Galaxy S21 Series စမတ်ဖုန်းအသစ်အား ကြိုတင်မှာယူလိုသည့် မြန်မာနိုင်ငံမှ သုံးစွဲသူများအတွက် Samsung Myanmar သည် Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများအတွက် ကြိုတင်မှာယူမှုများအား ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) စာရင်းကောက်ခံပေးသွားမည် ဖြစ်သည်။ ကြိုတင်မှာယူလိုသူများသည် ကနဦးပေးသွင်းငွေ မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းပြီးသည်နှင့် ၎င်းတို့၏ Samsung Galaxy S21 စမတ်ဖုန်းအသစ်များအား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မှ ၁၃ ရက်နေ့အတွင်း ကြိုတင်မှာယူထားသော ဖုန်းအရောင်းဆိုင်ကြီးများတွင် လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးသွင်း၍ သွားရောက်ထုတ်ယူ နိုင်မည် ဖြစ်သည်။
Galaxy S21, Galaxy S21+ နှင့် Galaxy S21 Ultra စမတ်ဖုန်းများအား မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မှစတင်၍ မြန်မာနိုင်ငံတစ်ဝှမ်းရှိ လက်လီမိုဘိုင်းဖုန်း အရောင်းဆိုင်များနှင့် Samsung Experience Stores များတွင် ဝယ်ယူရရှိသွားနိုင်မည် ဖြစ်သည်။
မြန်မာနိုင်ငံဈေးကွက်အတွက် ပထမဆုံးအကြိမ်အဖြစ် သုံးစွဲသူများသည် ယခု Galaxy S21 စမတ်ဖုန်းများအား အခြားသော နိုင်ငံတကာ ဈေးကွက်များနည်းတူ 5G version ဖြင့် ရရှိသွားနိုင်မည် ဖြစ်သည်။

Photo Source http://news.samsung.com

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့် ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။
ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://news.samsung.com