Samsung Galaxy S21 Series စမတ်ဖုန်းများတွင်ပါဝင်သည့်အဓိကလုပ်ဆောင်ချက်များနှင့်ဝန်ဆောင်မှုများအကြောင်း

Galaxy S21 Series စမတ်ဖုန်းများအားတောက်ပကျော့ရှင်းသောစတိုင်အသစ်ဖြင့် လူအများကြားတွင်ထင်ပေါ်နေရန် ဖွဲ့စည်းတည်ဆောက်ထားသည်။ပေါ့ပါးကျစ်လစ်သောစမတ်ဖုန်းအမျိုးအစားအားကြိုက်နှစ်သက်သူများအတွက် Galaxy S21 စမတ်ဖုန်းတွင် ၆.၂ လက်မ မျက်နှာပြင်ထည့်သွင်းပေးထားပြီးGalaxy S21+ စမတ်ဖုန်းတွင်မူပိုမိုကြီးမားကျယ်ပြန့်သော မျက်နှာပြင်နှင့်ပိုမိုကြာရှည်ခံသောဘက်ထရီပမာဏကိုထည့်သွင်းပေးထားသည့်အတွက်ဂိမ်းကစားခြင်းနှင့်ဖျော်ဖြေရေးအစီအစဉ်များကြည့်ရှုခြင်းများအားအချိန်ကြာမြင့်စွာလုပ်ဆောင်လေ့ရှိသူများအတွက်စိတ်ကြိုက်ဖြစ်စေမည်ဖြစ်သည်။
Galaxy S21 Series စမတ်ဖုန်းများတွင်သူမတူသည့်နောက်ဆုံးပေါ် contourCut ကင်မရာအိမ်ဒီဇိုင်း အသစ်အားထည့် သွင်းပေးထားပြီး အဆိုပါကင်မရာအိမ်အားစမတ်ဖုန်း၏ သံကိုယ်ထည်နှင့်တစ်သားတည်းဖြစ်နေသည့်ဒီဇိုင်းဖြင့် ပြေပြစ် ခန့်ညားထည်ဝါစွာဖွဲ့စည်းတည်ဆောက်ထားသည်။Galaxy S21 နှင့်Galaxy S21+ စမတ်ဖုန်းများအား Phantom Violet ကဲ့သို့သောထင်ရှားတောက်ပသည့်အရောင်သစ်အပါအဝင်စွဲမက်ဖွယ်အရောင်များဖြင့်ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။ ထို့အပြင် Galaxy S21 နှင့်Galaxy S21+စမတ်ဖုန်းများ၏ကျောဖက်တွင် အဆင့်မြင့်မားသည့် haze ဒီဇိုင်းအားထည့်သွင်း တည်ဆောက်ပေးထားသည့်အတွက်ခေတ်မီဆန်းသစ်သော အသွင်အပြင်အား ရရှိခံစားရမည်ဖြစ်သည်။

Photo Source http://news.samsung.com
Galaxy S21 စမတ်ဖုန်းအားအသုံးပြုရာတွင်ပိုမိုအဆင်ပြေချောမွေ့မှုရှိစေရန်အတွက်adaptive 120Hz refresh rate ပါဝင်သည့်အသိဉာဏ်မြင့် edge-to-edge Dynamic AMOLED 2X Infinity-O မျက်နှာပြင်အားထည့်သွင်းပေးထားသည်။ Adaptive 120 Hz refresh rate ပါဝင်သည့်အတွက်သုံးစွဲသူများအနေနှင့် ဆိုရှယ်မီဒီယာကြည့်ရှုသည်ဖြစ်စေ၊ ဖျော်ဖြေရေးအစီအစဉ်များကြည့်ရှုသည်ဖြစ်စေကြည့်ရှုသည့်အကြောင်းအရာအပေါ်မူတည်၍ frame rate အား အလိုအလျောက် ချိန်ညှိပေးသွားမည်ဖြစ်သည်။ အလားတူပင်မျက်စိထိခိုက်မှုလျော့နည်းစေရန်အတွက် ဖုန်းမျက်နှာပြင်အား နေ့ဖက်တွင်ကြည့်ရှုသည်ဖြစ်စေ၊ ညဖက်တွင်ကြည့်ရှုသည်ဖြစ်စေကြည့်ရှုသည့်အကြောင်းအရာအပေါ်မူတည်၍ Blue Light ပါဝင်မှုနှုန်းအားအလိုအလျောက်ချိန်ညှိပေးသည့် Eye Comfort Shield စနစ်အသစ်ကိုလည်းGalaxy S21Series စမတ်ဖုန်း များတွင်ထည့်သွင်းပေးထားသည်။
Galaxy S21 Series စမတ်ဖုန်းများတွင်အဆင့်မြှင့်တင်ထားသော 8K Snap လုပ်ဆောင်ချက်ထည့် သွင်းပေးထားသည့် အတွက် သုံးစွဲသူများအနေနှင့်၎င်းတို့ရိုက်ကူးထားသည့် 8K ဗီဒီယိုများမှကြည်လင်ပြတ်သားသော စိတ်ကြိုက်ပုံရိပ်များ အားimage အဖြစ်ရွေးချယ်၍သိမ်းဆည်းသွားနိုင်မည်ဖြစ်သည်။ အလွန်မြန်ဆန်၍မငြိမ်သက်သော အနေအထားတွင် ရိုက်ကူးနေရသည်ပင်ဖြစ်စေအဆင့်မြှင့်တင်ထားသော 60 fps ရိုက်ကူးနိုင်မှုစွမ်းရည်ပါရှိသည့် Super Steady လုပ်ဆောင်ချက်နှင့်အတူပြေပြစ်လှပသော ပုံရိပ်များအားဖမ်းယူရိုက်ကူးသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် ယခု Galaxy S21 Series စမတ်ဖုန်းများတွင်မှ စတင်ထည့်သွင်းပေးထားသည့် Director’s View လုပ်ဆောင်ချက်သည်လည်း ရိုက်ကူးထား သမျှပုံရိပ်များထဲမှအကောင်းဆုံးနှင့် စိတ်ကြိုက်အဖြစ်ဆုံးပုံရိပ်များအားအလွယ်တကူရွေးချယ်သိမ်းဆည်းနိုင် စေရန်ကူညီပေး သွားမည်ဖြစ်သည်။
အလားတူပင်သုံးစွဲသူများသည် Vlogger View လုပ်ဆောင်ချက်နှင့် အတူရှေ့ကင်မရာနှင့် နောက် ကင်မရာ၂ခုစလုံးအားအသုံးပြု၍တစ်ပြိုင်နက်တည်း ဗီဒီယိုရိုက်ကူးသွားနိုင်မည်ဖြစ်သည့်အပြင်angle နှင့် zoom ချိန်ညှိခြင်း များကိုလည်း အလွယ်တကူလုပ်ဆောင်သွားနိုင်မည်ဖြစ်သည်။ ထို့အပြင် Samsung ၏ Galaxy Buds Pro နှင့်တွဲဖက်အသုံးပြုပါကသုံးစွဲသူများသည် multiple mic recording လုပ်ဆောင်ချက်အားအသုံးပြု၍ ၎င်းတို့ စကားပြောဆိုနေသည့်အသံနှင့်ပတ်ဝန်းကျင်မှအသံများအားတစ်ပြိုင်နက်တည်းဖမ်းယူသွားနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ အကယ်၍ သုံးစွဲသူများအနေနှင့်Galaxy S21 စမတ်ဖုန်းအားtripodပေါ်တွင်တင်ကာPro Video Mode ဖြင့်ရိုက်ကူးမည် ဆိုပါကBuds Pro အားမိုက်ကရိုဖုန်းတစ်ခုအနေနှင့် အသုံးပြုနိုင်မည်ဖြစ်သည့်အတွက် လှုပ်ရှားနေရင်းဖြင့် စကားပြောဆို သံများ၊ပတ်ဝန်းကျင်မှအသံများအားကြည်လင်ပြတ်သားစွာဖမ်းယူနိုင်မည်ဖြစ်သည်။ အလားတူပင်စွမ်းဆောင်ရည်မြင့်မား သောAI စနစ်၏အထောက်အပံ့နှင့်အတူ Galaxy S Series ၏လူကြိုက်အများဆုံးSingle Take လုပ်ဆောင်ချက်ဖြင့် ခလုတ်တစ်ချက်နှိပ်ရုံဖြင့်အမျိုးမျိုးသောဓာတ်ပုံနှင့်ဗီဒီယိုများအားရိုက်ကူးသွားနိုင်မည်ဖြစ်သည်။

Photo Source http://news.samsung.com
Galaxy S21 နှင့်Galaxy S21+ တို့၏ AI နည်းပညာအသုံးပြု triple-lens (မှန်ဘီလူး၃လုံး) ပရော်ဖက်ရှင်နယ်အဆင့်pro-grade ကင်မရာသည်သုံးစွဲသူများအားထူးခြားခမ်းနားသော အခိုက်အတန့်များကို ဖန်တီးသိမ်းဆည်းနိုင်စေရန်များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည်။ Portrait Mode တွင် AI နည်းပညာအသုံးပြုကင်မရာသည် ပုံရိပ်များအား အဆင့်မြှင့်တင်ထားသည့် 3D နည်းပညာဖြင့်ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းရှိသည့်အတွက် မိမိအာရုံစိုက်လိုသည့် အရာဝတ္တု၏ ပုံရိပ်နှင့်နောက်ခံbackground အားပိုမိုတိကျစွာခွဲထုတ်ပေးနိုင်မည်ဖြစ်သည်။
ထို့အပြင်ပုံရိပ်အား Virtual Studio Lighting (ပုံရိပ်ယောင်စတူဒီယိုအလင်းပေးစနစ်) နှင့် AI နည်းပညာအသုံးပြုနောက်ခံ background effect များဖြင့်စိတ်ကြိုက်ပြင် ဆင်နိုင်စေရန်လုပ်ဆောင်ပေးထားသည့်အတွက်လည်း ရိုက်ကူးထားသည့် ပုံရိပ်များအားပိုမိုရုပ်လုံးကြွလာစေမည်ဖြစ်သည်။ အလားတူပင် ရိုက်ကူးရန်ခက်ခဲသည့်အဝေးမှပုံရိပ်များကိုလည်း အဆင့်မြှင့် တင်ထားသည့် Space Zoom လုပ်ဆောင် ချက်ဖြင့်ကြည်လင်ပြတ်သားထင်ရှားစွာရိုက်ကူးသွားနိုင်မည်ဖြစ်သည်။ ထို့အပြင် အသစ်ထည့်သွင်းပေးထားသည့် Zoom Lock လုပ်ဆောင်ချက်သည်ပုံရိပ်များအားရိုက်ကူးရာတွင် လက်တုန်ခါမှု အနည်းဆုံးဖြစ်စေရန် လျှော့ချပေးနိုင် မည်ဖြစ်သည့်အတွက် Galaxy S21 နှင့်Galaxy S21+ များ၏အဆ ၃၀ အထိရိုက်ကူးနိုင်သည့် 30 x Zoom လုပ်ဆောင်ချက်နှင့် focal point အားဖရိန်၏အလယ်ဗဟိုတွင်အမြဲရှိနေစေမည့် AI စနစ်များနှင့် တွဲဖက်၍ ပိုမိုကြည်လင်ပြတ်သားသောပုံရိပ်များအား စိတ်တိုင်းကျရိုက်ကူးသွားနိုင်မည်ဖြစ်သည်။