အမြန်အားသွင်းစနစ်ကို အသုံးပြုထားသည့် HUAWEI Y7a ကို ဒီဇင်ဘာလဆန်း တွင် စတင်ရောင်းချဖွယ်ရှိ

HUAWEI Y series စမတ်ဖုန်းအမျိုးအစားများသည် ကင်မရာပိုင်းသင့်တင့်ကောင်းမွန်မှု၊၊ ဘက်စုံအသုံးပြုမှုအတွက် သင့်တော်ပြီး အကြမ်းခံနိုင်မှု စသည့် အချက်များကြောင့် မြန်မာနိုင်ငံေးဈးကွက်အတွင်း နာမည်ကောင်းရပြီးသား စမတ်ဖုန်းအမျိုးအစားများဖြစ်ပါသည်။
ယခုနှစ်လယ်ပိုင်းတွင်လည်း HUAWEI မှ တင်သွင်းရောင်းချခဲ့သည့် HUAWEI Y6p အမျိုးအစားဆိုလျင်လည်း ဈေးနှုန်းတင့်သင့်ပြီး ဘက်စုံအသုံးတည့်မှုကြောင့် မြန်မာနိုင်ငံဈေးကွက်အတွင်း ရောင်းအားကောင်းခဲ့သည့် အမျိုးအစား တစ်ခုလည်းဖြစ်ပါသည်။ ယခုအချိန်တွင်လည်း HUAWEI Y Series အမျိုးအစားသစ်ကို ဒီဇင်ဘာလအတွင်း အမျိုးအစား အသစ်ကို စတင်ဝယ်ယူရရှိနိုင်ဦးမှာလည်း ဖြစ်သည်။
ယခုတင်သွင်းရောင်းချလာမည့် HUAWEI Y7a စမတ်ဖုန်း အသစ်သည် Super Charge နည်းပညာကို အသုံးပြုလာမည့် ပထမဆုံး Y Series ဖြစ်လာဖွယ် ရှိပြီး အဆိုပါ Super Charge နည်းပညာ ပါဝင်လာခြင်းက လက်ရှိဈေးကွက်အတွင်း Entry Level စမတ်ဖုန်းများအကြားတွင် ပွဲဆူလာဦးမည့် နည်းပညာတစ်ခုကို HUAWEI Y7a အသစ်တွင် ထုတ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM

HUAWEI SuperCharge နည်းပညာသည် HUAWEI မှ Flagship Device များနှင့် Mid-Range စမတ်ဖုန်းများတွင်သာ တွင်ကျယ်စွာအသုံးပြုနေရာမှ ယခုအချိန်တွင် သုံးစွဲသူတို့အတွက် ပိုမိုကောင်းမွန်သည့် အတွေ့အကြုံသစ်များ ရရှိစေရန် ရည်ရွယ်ပြီး Y Series စမတ်ဖုန်းများတွင် စတင် အသုံးပြုလာတော့မှာပဲဖြစ်ပါသည်။ HUAWEI မှ ထုတ်ပြန်ထားချက်များအရ ဘက်ထရီ ပမာဏများများနှင့် နာမည်ကျော် HUAWEI SuperCharge နည်းပညာတို့ဖြင့် ဝင်ရောက်လာဖွယ်ရှိပြီး တစ်နာရီဝန်းကျင်အတွင်း စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်မည်ဖြစ်၍ ယခင်ကလို ဖုန်းအားသွင်းချိန် ကြာမြင့်စွာ စောင့်စိုင်းရန်မလိုပဲ အသုံးပြုနိုင်မှာဖြစ်ပါသည်။ HUAWEI Y7a သည် 22.5W Super Charge နည်းပညာဖြင့် ဝင်ရောက်လာဖွယ်ရှိပြီး သူနှင့် ဈေးတန်းတူ စမတ်ဖုန်းများနှင့် အချို့သော Midrange စမတ်ဖုန်းများထက် ပိုမိုလျင်မြန်စွာ အားသွင်းစေနိုင်မည်လည်းဖြစ်သည်။
ဓာတ်ပုံရိုက်ကူးမှုနှင့် ကင်မရာပိုင်းသည် HUAWEI ၏ လူသိအများဆုံးနှင့် အသာလွန်ဆုံး အားသာချက်ဖြစ်သည့် အတွက် ယခု ထွက်ရှိလာမည့် HUAWEI Y7a စမတ်ဖုန်းတွင်လည်း HUAWEI အနေနှင့် Entry Level စမတ်ဖုန်းများအကြား မည်ကဲ့သို့ သာလွန်ကောင်းမွန်အောင် စွမ်းဆောင်ရည်မျိုးဖြင့် ပွဲထွက်လာမည်ကို ရင်ခုန်စိတ်လှုပ်ရှားစွာနှင့် စောင့်မျှော်ကြည့်ရှုရဦးမည် ဖြစ်ပါသည်။ HUAWEI မှ ထုတ်ပြန်ထားသည့် Teaser ပုံရိပ်များအရ Ultra Clear Quad Camera ဟု သုံးနှုန်းထားပြီး ပိုမိုကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရိုက်ကူးနိုင်စေမည့် နောက်ကျောဘက် ကင်မရာ ၄လုံးကို တပ်ဆင်ပြီး ပွဲထွက်လာဖွယ် ရှိနေသည်ဟု ယူဆရပါသည်။

Photo Source https://web.facebook.com/HuaweimobileMM

ထို့အပြင် HUAWEI မှ ထုတ်ပြန်ထားသည့် Teaser ပုံရိပ်များတွင်ကြော်ငြာထားချက်များအရ အမြန်အားသွင်းစနစ်နှင့် ဘက်ထရီပမာဏ များများ၊ ကြည်လင်ပြတ်သားသည့် ပုံရိပ်များဖမ်းယူနိုင်မည့် Quad Camera တို့ တပ်ဆင်ထားမည့်အပြင် HUAWEI Y7a တွင် အရည်အသွေးကောင်းမွန်ပြီး ကြည်တောက်ရှင်းပုံရိပ်များကို အမြင်အာရုံသက်တောင့်သက်သာဖြင့် ကြည့်ရှုနိုင်မည့် အတွေ့အကြုံကို ယူဆောင်လာမည့် မျက်နှာပြင်ကျယ်ကျယ်လည်း ပါဝင်လာဖွယ် ရှိကြောင်းသိရသည်။ မျက်နှာပြင်ကျယ်ကျယ်ကို အသုံးပြုထားသည့် ဖုန်းများတွင် ဘက်ထရီသုံးစွဲမှုအပိုင်းတွင် သမရိုးကျစမတ်ဖုန်းများထပ်များပြား တတ်သော်လည်း ယခု Y7a တွင် ဘက်ထရီပမာဏ ကြီးကြီးနှင့် အတူ HUAWEI SuperCharge အမြန်အားသွင်းစနစ်ကို ထည့်သွင်းတပ်ဆင်ပေးထားသောကြောင့် ဘက်ထရီပမာဏ လုံလုံလောက်လောက်နှင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်စေ မှာလည်း ဖြစ်သည်။
HUAWEI Y7a စမတ်ဖုန်းသစ်တွင် ပါဝင်လာမည့် Storage ပမာဏ ကို ထုတ်ပြန်ထားခြင်း မရှိသေးသော်လည်း ဒေသတွင်း နိုင်ငံများတွင်ထုတ်ပြန်ထားသည့် အချက်အလက်များနှင့် Teaser ပုံရိပ်တို့ကြောင့် 128GB Storage ပမာဏဖြင့် မြန်မာနိုင်ငံသို့ တင်သွင်းလာဖွယ်ရှိသည်။ HUAWEI Y7a သာ 128GB ဗားရှင်းနှင့် ရောင်းချမည်ဆိုလျင် သုံးစွဲသူတို့အတွက် ငွေကြေးကုန်ကျမှု သက်သာစွာဖြင့် သိုလှောင်မှုပမာဏ များများကို ဝယ်ယူရရှိစေနိုင်မှာလည်းဖြစ်ပြီး ဓာတ်ပုံ၊ ဗီဒီယို၊ ဂိမ်း အစရှိသည့် နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်ချက်များကို အဆင်ပြေချောမွေ့စွာ သိုလှောင်သိမ်းဆည်းစေနိုင်မှာလည်း ဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM

အထက်တွင်ဖော်ပြခဲ့သည့် ဈေးနှုန်းသင့်တင့်ပြီး ဘက်စုံအသုံးတည့်စေမည့် HUAWEI Y7a ကို လာမည့် နိုဝင်ဘာလ (၂၀) ရက်နေ့မှ ဒီဇင်ဘာလ (၄) ရက်နေအထိ Pre-Order မှာယူရရှိနိုင်မည်ဖြစ်ပြီး ဈေးနှုန်းနှင့်အသေးစိပ်အချက်အလက်များကို HUAWEI Mobile (MM) Facebook Page တွင် ထုတ်ပြန်ကြေငြာပေးသွားမည် ဖြစ်ကြောင်းလည်းသိရပါသည်။