OPPO F17 စမတ်ဖုန်း မြန်မာနိုင်ငံဈေးကွက်သို့ စတင်ရောက်ရှိ

OPPO မှ ဖက်ရှင်ကျသော အဆင့်မြင့်သားရေပုံစံ နောက်ဘက်ကာဗာဒီဇိုင်းနှင့်အတူ အားသွင်းမြန်ပြီး ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်ကို ပေးစွမ်းနိုင်မည့် OPPO F17 ကို OPPO F17 အနုပညာရှင် မင်းသွေးခန့်မှ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် OPPO Official Facebook Page နှင့် မင်းသွေးခန့် Page တို့တွင် Online Flash Launch အစီအစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ကာ မြန်မာနိုင်ငံဈေးကွက်သို့ တရားဝင် စတင်မိတ်ဆက်ပေးခဲ့သည်။
အဆိုပါ ပေါ့ပါးကျစ်လစ် ခံစားမှုအသစ် OPPO F17 ကို မြန်မာနိုင်ငံဈေးကွက်တွင် နိုဝင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ မြန်မာငွေ 339,900 ကျပ်ဖြင့် မြန်မာနိုင်ငံအမြို့မြို့ အနယ်နယ်ရှိ OPPO အရောင်းဆိုင်များနှင့် Shop.com.mm တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သိရသည်။

Photo Source https://www.facebook.com/oppomyanmar/posts/1787092218115325

OPPO F17 သည် အကောင်းဆုံးအသွင်အပြင်၊ ပြောင်မြောက်သော စွမ်းရည်နှင့် အားသွင်းမြန်ပြီး ကျယ်ပြန့်သော 6.44-inch FHD+ AMOLED Waterdrop Display တို့ ပါဝင်သော စမတ်ဖုန်းဖြစ်သည်။ 7.45mm ဖုန်းအထူနှင့် အလေးချိန် 163g သာရှိပြီး ပါးလွှာပြီးပေါ့ပါးသော ကိုယ်ထည်ဒီဇိုင်းအပြင် ဖုန်းအနောက်ဘက်ကာဗာကို အဆင့်မြင့် သားရေပုံစံ ခေတ်မီ ဒီဇိုင်းနှင့် ဖန်တီးထုတ်လုပ်ထားသောကြောင့် လက်ဗွေရာမထင်ဘဲ အကောင်းဆုံး Handfeeling နှင့် ခေတ်မီသော Premium Look ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။ ဂိမ်းကစားခြင်း၊ ဗီဒီယိုကြည့်ခြင်းနှင့် ဗီဒီယိုခေါ်ဆိုမှုများ ပြုလုပ်ရာတွင်လည်း ဖုန်း၏ ကြီးမားသော 4000mAh ဘက်ထရီ၊ 30W VOOC Flash Charge 4.0 နှင့် ပါးလွှာ ပေါ့ပါးမှုကြောင့် လက်မညောင်းစေဘဲ အချိန်ကြာရှည်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ ထို့ပြင် OPPO F17 ၏ အဆင့်မြင့် သားရေပုံစံ အနောက်ဘက်ကာဗာကို ယခု ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် လူငယ်များအကြား ရေပန်းစားနေသော ဝင့်ကြွားပေါ်လွင်သည့် Dynamic Orange အရောင်နှင့် Navy Blue အရောင်ဟူ၍ ရွေးချယ်နိုင်ပြီး မြန်မာငွေ 339,900 ကျပ်ဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့မှစတင်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ OPPO အရောင်းကောင်တာများနှင့် Shop.com.mm (https://bit.ly/2U9rPbK) တွင် ပို့ဆောင်ခ အခမဲ့ဖြင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ ထို့ပြင် OPPO F17 ဝယ်ယူအားပေးသော Mytel Sim Card အသစ် ကိုင်ဆောင်သူများအတွက် Mytel 10GB Data Package ကို လက်ဆောင်များ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။
ပေါပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 တွင် 16MP Front Camera နှင့် 16MP Main Camera၊ 8MP Ultra Wide Angle Lens၊ 2MP Mono Lens နှင့် 2MP Mono Lens ဟူ၍ Rear Camera ၄ လုံးပါရှိသည်။ ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုကို အကောင်းမွန်ဆုံး ရရှိစေရန် ဖန်တီးပေးမည့် AI Dazzle Color၊ Ultra Wide Angle၊ Ultra Clear 108MP Image၊ နှင့် AI Beautification 2.0 စသည့် ထပ်ဆောင်းလုပ်ဆောင်ချက်များလည်း ပါဝင်လာသည့်အတွက် မိမိစိတ်ကြိုက် ပုံရိပ်များကို ရိုက်ကူးပုံဖော်စေနိုင်မည်ဖြစ်သည်။
ပေါ့ပါးကျစ်လစ် ခံစားမှုအသစ်နှင့် OPPO F17 ၏ 6.44-inch AMOLED Display တွင် အဆင့်မြင့်၍ သာလွန်ကောင်းမွန် မြန်ဆန်သော In-display Fingerprint Scanner အပါအဝင် All-day Eye-caring စနစ်ဖြင့် Sunlight Screen၊ Moonlight Screen တို့နှင့် အားဖြည့်ပေးထားသောကြောင့် နေရောင်အောက်တွင်ဖြစ်စေ၊ ညမအိပ်မီ ဘေးပတ်ဝန်းကျင် မှောင်နေသော အချိန်တွင်ဖြစ်စေ Brightness ကို အလိုအလျောက် ထိန်းညှိပေးမည်ဖြစ်ကာ သုံးစွဲသူများ၏ မျက်လုံး ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1787092218115325

OPPO F17 သည် ဈေးနှုန်းတူဖုန်းများထဲတွင် အကြီးမားဆုံးသော 8GB RAM+128GB ROM Storage ပါသော ဖုန်းဖြစ်သည့်အပြင် အခြားမည်သည့်ဖုန်းများတွင် မရှိသေးသော RAM+ လုပ်ဆောင်ချက်လည်း ပါဝင်လာ၍ ROM ၏ ပိုနေသောနေရာများကို နောက်ခံရှိ APP များ လည်ပတ်ရန် RAM အဖြစ် ပြောင်းလဲပေးသောကြောင့် System ၏ မှတ်ဉာဏ်နေရာများကို တိုးချဲ့ကာ ဖုန်းအသုံးပြုခြင်းကို ပိုမိုချောမွေ့စေသည့်အတွက် သီချင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများနှင့် ဂိမ်းအကြီးစားများကို စိတ်ကြိုက်ထည့်သွင်းနိုင်သည်။ ထို့ပြင် သုံးစွဲသူများ၏ ဖုန်းသုံးစွဲမှု အတွေ့အကြုံကို အဆင်ပြေစေမည့် OPPO F17 ၏ Bullet Notification လုပ်ဆောင်ချက်ကြောင့် အရေးကြီးသတင်းများကို မလွတ်ဘဲ လွယ်ကူအဆင်ပြေ စေမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/posts/1787092218115325

OPPO F17 ကို 4000mAh နှင့် ပြောင်မြောက်သော 30W VOOC Flash Charge 4.0 တို့ ထည့်သွင်းတပ်ဆင်ထားသည့် အတွက် မိနစ် ၃၀ အားသွင်းရုံဖြင့် ၇၂ ရာခိုင်နှုန်းအထိကို လည်းကောင်း၊ ၅၆ မိနစ် အားသွင်းရုံဖြင့် အားအပြည့်အထိကို လည်းကောင်း အချိန်တိုအတွင်း ဘေးအန္တာရာယ်ကင်းရှင်းစွာဖြင့် လျင်မြန်စွာဖြည့်သွင်းနိုင်မည်ဖြစ်သည်။ ၅ မိနစ် အားသွင်း၍ ၄ နာရီကြာ ဖုန်းပြောနိုင်မည်ဖြစ်သည့်အပြင် Youtube မှ ဗီဒီယိုများကိုလည်း ကြည့်ရှုနိုင်သည်။ အခြား ပြောင်မြောက်သည့် စွမ်း‌ဆောင်ရည်များဖြစ်သော Super Power Saving Mode နှင့် Super Nighttime Standby တို့ ပါဝင်လာပြီး Super Power Saving Mode ကို အသုံးပြု၍ ဘက်ထရီ ၅ ရာခိုင်နှုန်း ကျန်ရုံဖြင့် ၃၅ မိနစ် Grab အသုံးပြုခြင်း၊ ၇၀ မိနစ် ဖုန်းခေါ်ဆိုခြင်းနှင့် ၃၀ မိနစ် Google Map အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။
OPPO F17 အကြောင်း အသေးစိတ်သိရှိလိုပါက OPPO F17 Facebook Page နှင့် OPPO F17 Website Page တို့တွင် ဝင်ရောက်လေ့လာနိုင်သည်။