OPPO မှ OPPO INNO DAY 2020 တွင် ထုတ်ကုန်ဆန်းသစ်မှုပုံစံ သုံးမျိုးကို ပြသသွားမည်

OPPO မှ ၎င်း၏ နှစ်စဉ် OPPO INNO DAY အခမ်းအနားကို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့တွင် တရုတ်ပြည်နယ်၊ ရှန်ကျန်းမြို့၌ “Leap into the Future” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် OPPO ၏ နောက်ဆုံးပေါ် အတွေး အခေါ်များနှင့် Internet of Experience ခေတ်တွင် ကုမ္ပဏီ၏ ထိုးဖောက်ကျော်လွှားနိုင်မှုများကို ထုတ်ဖော်ပြသသွားမည်ဖြစ်သည်။
OPPO ၏ Founder နှင့် CEO ဖြစ်သူ Tony Chen နှင့် OPPO Vice President နှင့် Head of Research Institute ဖြစ်သူ Levin Liu တို့မှ ကုမ္ပဏီ၏ နည်းပညာပိုင်းဆိုင်ရာ ရည်မှန်းချက်နှင့် ခေတ်သစ်အတွက် စီးပွားရေးဆိုင်ရာ အတွေး အခေါ်များနှင့်ပတ်သက်၍ မိန့်ခွန်းပြောကြားသွားမည်ဖြစ်ပြီး ထုတ်ကုန်ပုံစံသစ် သုံးမျိုးကို ပြသသွားမည်ဖြစ်သည်။

Photo Source https://www.facebook.com/oppomyanmar/

၂၀၁၉ ခုနှစ်တွင် ပထမဆုံးကျင်းပပြုလုပ်ခဲ့သော OPPO INNO DAY သည် အနာဂတ်တွင် ထွက်ပေါ်လာနိုင်သည့် နည်းပညာများကို စူးစမ်းရှာဖွေနေစဉ်အတွင်း အဓိကနည်းပညာဆိုင်ရာ ထိုးထွင်းသိမြင်မှုများကို မျှဝေရန် ကုမ္ပဏီအတွက် အရေးပါသော အခမ်းအနားတစ်ခု ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့်နှစ်တွင် OPPO သည် Intelligent Connectivity နှင့် ပတ်သက်သော အကြံဉာဏ်ကို တင်ပြခဲ့သည်။ ယခုနှစ်တွင် Internet of Experience သဘောတရားနှင့် ပတ်သက်၍ အဆင့်မြှင့် ရှင်းလင်းတင်ပြပေးသွားမည်ဖြစ်သည်။ OPPO မှ Intelligent Connectivity သည် အခြေခံအုတ်မြစ်သာဖြစ်၍ ရိုးရိုးသာမန် ဆက်သွယ်မှုများထက် သာလွန်သောအရာများ၏ ပေါင်းစည်းမှုဖြစ်သော Internet of Experience သည် အနာဂတ်တွင် အရေးပါလာမည်ဖြစ်သည်ဟု ယုံကြည်ထားသည်။
ဤအတောအတွင်း Smart Watch၊ 5G၊ CPE နှင့် AR glasses များစသော Gadget ပစ္စည်းများနှင့်အတူ စိတ်လှုပ်ရှားဖွယ် ဆန်းသစ်တီထွင်ထားသော အောင်မြင်မှုများဖြစ်သည့် Flash Charging၊ 5G၊ Imaging နှင့် Software Optimization တို့ကို ထုတ်ဖော်ပြသခဲ့သည်။ ယခုနှစ်တွင် ပိုမိုဆန်းသစ်ထားသော နည်းပညာများကို ပြသသွားမည်ဖြစ်သည်။
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည့် “Leap into the Future” ကို အတူတကွ တက်ရောက်၍ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုများကို ကြည့်ရှုနိုင်မည်ဖြစ်သည်။ OPPO INNO DAY 2020 အခမ်းအနားနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို https://events.oppo.com/en/innoday2020/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။
OPPO ၏ နောက်ဆုံးပေါ် အဆင့်မြင့်နည်းပညာ ထုတ်ဖော်ပြသမှုတွေ ပြုလုပ်သွားမည့် OPPO INNO DAY 2020 ကို အောက်ဖော်ပြပါ Youtube Link မှ တစ်ဆင့် နိုဝင်ဘာလ ၁၇ ရက်နေ့၊ မြန်မာစံတော်ချိန် နေ့လယ် ၂:၃၀ အချိန်တွင် Live Stream ဝင်ရောက်ကြည့်ရှုနိုင်သည်။
Youtube Livestream Link – https://youtu.be/3uWl0Qs0Yr4

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကမ္ဘာ့ စမတ်ဖုန်းထုတ်လုပ်သူများအနက် ရှေ့ဆောင် Brand တစ်ခုဖြစ်သည်။ ပထမဦးဆုံး smartphone “Smiley Face”ကို ၂ဝဝ၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှ စ၍ OPPO သည် စိတ်ကျေနပ်ဖွယ် ဒီဇိုင်းနှင့် ဆန်းသစ်သော နည်းပညာများ၏ ပေါင်းစပ်မှုကို ရရှိနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းလာခဲ့ရာ ယနေ့အခါတွင် Find နှင့် Reno Series တို့မှ ဦးဆောင်၍ အမျိုးအစား စုံလင်သည့် F series ၊ A series အစရှိသော smart devices များ၊ ColorOS operating systemနှင့် OPPO Cloud နှင့် OPPO+ စသည့် Internet Service များကိုပါ ဝန်ဆောင်မှုပေးလျက်ရှိသည်။ OPPO သည် နိုင်ငံပေါင်း ၄ဝကျော်တွင် လည်ပတ်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် Research Institutes ၆ ခု ၊ R&D Centers ၄ ခု၊ London မြို့တွင် International Design Center တစ်ခု ရှိပြီး OPPO ဝန်ထမ်း ၄၀,၀၀၀ ကျော်သည် သုံးစွဲသူတို့ ဘဝ အဆင့်မြင့် တိုးတက်‌ရေးအတွက် ကြိုးပမ်းလျက် ရှိသည်။