YouTube မှ Web Design ကိုလေ့လာတဲ့သူတိုင်း မဖြစ်မနေသိထားသင့်သည့် အချက်များ

ယနေ့ခေတ်မှာ လူငယ်များအကြား ရေပန်းစားလာတဲ့ လုပ်ငန်းတစ်ခုကတော့ Web Design ရေးဆွဲနည်း လုပ်ငန်းတစ်ခုပါပဲ။ အဲ့ဒီပညာရပ်တစ်ခုကို လူငယ်တွေသင်ကြားနိုင်ဖို့အတွက်လည်း ယခုအခါ Online သင်တန်းတွေအပြင် လက်တွေ့သင်ကြား ရေးပိုင်းတွေလည်း ပိုမိုလုပ်ဆောင်လာကြပါပြီ။ သင်တန်းအတွက် အချိန်မပေးနိုင်လို့ Online ပေါ်ကနေ လေ့လာချင်သူတွေ ကလည်း YouTube ကနေ အလွယ်တကူလေ့လာနိုင်နေကြပါပြီ။ အဲ့ဒါကြောင့် YouTube မှ Web Design ကိုလေ့လာတဲ့ သူတိုင်း မဖြစ်မနေသိထားသင့်သည့် အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

Photo Source https://web.facebook.com/groups/572540212764868/permalink/5300106130008229

(၁) YouTube မှာ ကိုယ့်ရဲ့ Mentor ရှာရန်။
(၂) Mentor လဲ ရပီ ဆိုရင်တော့ Tutorial တခုချင်းဆီမှာလေ့လာတာမျိုးမဟုတ်ပဲနဲ့ playlist ထဲကို ဝင်ရှာကြည့်ကြည့်ပါ။
Web Design For Beginners,CSS Full Crash Course,HTML Beginners Courses အဲ့လိုမျိုး Full Course တွေကို Playlist က လေ့လာကြည့်စေချင်ပါတယ်။ အဲ့ဒါက Tutorial တခုချင်းစီ Random Channel တွေမှာလေ့လာတာထပ်စာရင် အများကြီး ပိုပီးတော့ထိရောက်မှုရှိပါတယ်။
(၃) YouTube ကနေ Self Learning လုပ်မယ် ဆိုရင် နားမလည်လဲကြည့်သာကြည့်ပါ ။
English စာမကောင်းလို့ Self Learning လို့အဆင်မပြေဘူး ဆိုတဲ့ ကလေးတွေ အတွက်ပါ ဘာလဲဆိုတော့ ကိုယ်တိုင် YouTube မှာလေ့လာတာ English လိုပြောလို့နားမလည်ဘူး ဆိုလဲကြည့်သာကြည့်ပါလို့ပြောချင်ပါတယ်။ ဒီတိုင်းကြည့်ပါ များတော့ တဖြည်းဖြည်းချင်းနားလည်လာပါလိမ့်မယ်။
(၄) Speed Coding ရှာကြည့်ပါ။
Speed Coding ဆိုတာ Website တခုလုံး ဒါမှမဟုတ် Application တခုလုံးကို Develop လုပ်တဲ့ Tutorial ကိုပဲ x2 လောက်နဲ့ အမြန် ရေးပြထားတဲ့ Tutorial ကိုပြောတာပါ။
(၅) နောက်ဆုံး တချက်ကတော့ ကိုယ့်ကိုကိုယ် Web Developer ဖြစ်ချင်တဲ့သူဆို Web Developer ၊ Programmer ဖြစ်ချင်တဲ့သူဆို Programmerဆိုပီး ခံယူထားဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်က Hello World ပဲရေးတတ်ပါစေ ခံယူချက်ရှိမို့လိုအပ်ပါတယ်။ မတတ်တာက တ‌ဖြည်းဖြည်းချင်းလေ့လာလို့ရပေမဲ့ အလုပ်ကိုချစ်တဲ့စိတ် ဝါသနာကို ရူးသွပ်နေတဲ့ စိတ်ရှိဖို့က ပိုပီးအရေးကြီးပါတယ်။
နောက်ပီးတော့ Practice လုပ်ဖို့လိုပါတယ်။ တကယ်လို့ကိုယ်က computer တာတွေ ဘာတွေမရှိလို့ မလုပ်နိုင်ဘူးဆိူရင် W3school တို့ online editor တွေ မှာ ရေးကြည့်ကြည့်ပါ။ နောက်တခုက ကိုယ်က စလဲမရေးချင်သေးဘူးဆိုရင် Design ကိုကြည့်ပီး ဘယ်လိုရေးကြည့်မလဲဆိုတာ စိတ်ကူးနဲ့ရေးကြည့်ကြည့်မို့အကြံပေးချင်ပါတယ်။ အဓိကက တခုခုလုပ်နေမို့ပဲ စမ်းလုပ်ကြည့်မို့အကြံပေးချင်ပါတယ်။