Design အသစ်၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ အသုံးပြုသူတွေဆီရောက်ရှိလာမယ့် Gmail App

Google ရဲ့ Google Workspace Update Blog Post တစ်ခုမှာ Personal Google Accounts တွေအတွက် Update ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မှာ စတင်ပေးသွားမယ်လို့ ဖော်ပြထားပါတယ်။

Update မှာပါဝင်လာမှာတွေကတော့ Gmail, Chat နဲ့ Meet တွေကို မတူညီတဲ့ တစ်နေရာစီကနေ အသုံးပြုစရာ မလိုတော့ဘဲ Gmail App တစ်ခုတည်းမှာပဲ ပေါင်းစပ်အသုံးပြုလို့ရမယ့် Integrated Gmail ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Photo Source: https://workspaceupdates.googleblog.com/

Google App တွေကို အကုန်လုံးကို Menu မှာဝင်ရောက်ကြည့်ရှုနိုင်ပြီး   App Name တွေကိုနှိပ်လိုက်တာနဲ့ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ Chat Tab ကိုအသုံးပြုပြီးလည်း Individual ဒါမှမဟုတ် Group Chat Message တွေကို ဝင်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ စာအသစ်ဝင်တာပဲဖြစ်ဖြစ် Notification ပေါ်တာပဲဖြစ်ဖြစ် အောက်ခြေ ဘယ်ဘက်ထောင့်မှာ ဖော်ပြပေးမှာဖြစ်ပါတယ်။

Google ရဲ့ App တွေပေါင်းစပ်ပြီး Design ပိုင်းပြောင်းလဲထားတဲ့ Gmail App နဲ့ပက်သက်ပြီး ထပ်မံသိချင်တဲ့အကြောင်းအရာတွေအတွက် New Integrated Gmail နဲ့ YouTube Video မှာကြည့်ရှုနိုင်ပါတယ်။