Content Management System (CMS) Platforms များအကြောင်း (၁)

CMS နည်းပညာ ဆိုတာကတော့ အခြေခံအားဖြင့် Website တစ်ခုမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေ အချက်အလက်တွေကို Website ရေးသားနည်း မတတ်ကျွမ်းဘဲ သာမာန် အသုံးပြုသူတွေ ဖန်တီးနိုင်အောင် စီမံထားတဲ့ နည်းပညာ တစ်ခုဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Dynamic website တစ်ခုကို coding တွေ အများကြီး မရေးဘဲ အလွယ်တကူ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ CMS ကိုယ်တိုင် ဟာလည်း အမှန်တော့ web app တစ်ခုဘဲဖြစ်ပါတယ်။ သူ့မှာ front end နဲ့ back end ကဲ့သို့သော interface နှစ်ခုပါဝင်မှာဖြစ်ပါတယ်။ Front end ဆိုတာကတော့ user တွေအသုံးပြုမယ့် interface ဖြစ်ပြီးတော့ backend ဆိုတာကတော့ Website ရဲ့ content တွေကိုစီမံနိုင်တဲ့ management interface တစ်ခုဖြစ်ပါတယ်။ Backend management ပိုင်းကိုတော့ permission ရှိတဲ့ web master ကသာ အသုံးပြုနိုင်အောင် password protect လုပ်ထားမှာဖြစ်ပါတယ်။ Individual မဟုတ်ဘဲ Team အနေနဲ့ လဲ စီမံနိုင်မှာဖြစ်ပေမယ့် authority ပေးထားဖို့တော့ လိုအပ်ပါတယ်။

Phtoto Source https://web.facebook.com/RainbowTechnology.Myanmar/?ref=page_internal

CMS တွေက အဓိကအားဖြင့် content ကဲ့သို့သော အချက်အလက်များစီမံနိုင်ခြင်း၊ User Account များစီမံနိုင်ခြင်း၊ Content Meta လို့ခေါ်တဲ့ category များ tag များ စီမံနိုင်ခြင်း၊ design layout များစီမံနိုင်ခြင်း၊ page များ post များ ကို လွယ်ကူမြန်ဆန်စွာ စီမံနိုင်ခြင်း၊ အစရှိတဲ့ အရေးပါတဲ့ လုပ်ဆောင်ချက်များစွာကို စီစဉ်ပေးထားလေ့ရှိပါတယ်။
CMS တွေကို developers ပေါင်းများစွာက နှစ်ပေါင်းများစွာ အသုံးပြုလာခဲ့ကြပြီး လိုအပ်ချက်များကို ပြုပြင်လာခဲ့ကြတဲ့အတွက် သူတို့လောက် ပြည့်စုံကောင်းမွန် တဲ့ စနစ်တစ်ခုကို ဖန်တီးဖို့ဆိုရင် အချိန် ငွေ လုပ်အား များစွာ ပေးဆပ်ရမှာဘဲဖြစ်ပါတယ်။ လုံခြုံရေးပိုင်း၊ ပြုပြင်ထိမ်းသိမ်းရလွယ်ကူမှု အပိုင်း၊ စွမ်းဆောင်ရည်ပိုင်း တွေမှာ ဘက်စုံအောင်လုပ်ရတာ မလွယ်ကူလှတဲ့အတွက် ဒီလို့ အသင့် သုံးလို့ရတာတွေကို ထိရောက်အောင် ရယူသုံးစွဲနိုင်ခြင်းဟာလည်း အားသာချက် တစ်ရပ်ဖြစ်လာပါတယ်။
ဒီနေရာမှာ website နဲ့ web app ကိုရောထွေးတတ်ကြပါတယ်။ CMS တွေဆိုတာ content based website အမျိုးမျိုးကို တည်ဆောက်ရာမှာ အသုံးဝင်ပေမယ့် App တွေ customized function တွေ structure တွေနဲ့ app တွေကို ဖန်တီးရာမှာတော့ ကိုယ်တိုင်ရေးသားသည်ဖြစ်စေ၊ web app framework တွေကိုသုံး၍ဖြစ်စေ တည်ဆောက်ယူကြရမှာဘဲဖြစ်ပါတယ်။
(၁) CMS Platforms
ယနေ့ ခေတ်မှာတော့ CMS platform များစွာ ပေါ်ပေါက်လာခဲ့ပါတယ်။ သူတို့ဟာ ကိုယ်စီကောင်းကျိုး တွေနဲ့ရပ်တည်နေခဲ့ကြပြီး တစ်ချို့ကိုတော့ open source အနေနဲ့ free အသုံးပြုနိုင်မှာဖြစ်ပြီး တစ်ချို့ကိုတော့ Commercial အနေနဲ့ ထုတ်လုပ်ထားတာဘဲဖြစ်ပါတယ်။ ယနေ့ ထိတိုင် အထင်ရှားဆုံးနဲ့ လူသုံးအများဆုံးတွေကတော့များများစားစား မရှိလှပါဘူး။ အဲ့ဒါတွေကတော့ WordPress, Joomla နဲ့ Drupal တို့ဘဲဖြစ်ပါတယ်။ အကြောင်းကတော့ သူတို့ သုံးခုလုံးဟာ website နဲ့ပတ်သက်တဲ့ အချက်အလက်တော်” များ” ကို cover ဖြစ်နေတာကြောင့် General purpose CMS လို့လည်းခေါ်နိုင်ပါတယ်။ ဒါကြောင့် CMS လောကမှာ အသုံးအများဆုံး သုံးခု ဖြစ်နေတာဘဲဖြစ်ပါတယ်။ ထို CMS တွေနဲ့ company အမျိုးမျိုးရဲ့ website တွေ web portal တွေ၊ သတင်းမီဒီယာ website တွေ၊ eCommerce website တွေအထိဖန်တီးနိုင်လို့ဖြစ်ပါတယ်။
(၂) WordPress
Wordpress ဆိုတာကတော့ ကမ္ဘာပေါ်မှာ လူသုံးအများဆုံးနဲ့ community အကျယ်ပြန့်ဆုံး CMS platform ဘဲဖြစ်ပါတယ်။ 2021 ရဲ့စစ်တမ်းအရ internet ပေါ်မှ CMS အသုံးပြုထားတဲ့ website ပေါင်း 64 millions ရှိတဲ့အနက်မှ 43.41% ကိုတော့ wordpress နဲ့ဖန်တီး ထားတာဖြစ်ပြီး အကြီးဆုံး market တစ်ခုလဲ ဖြစ်နေပါတယ်။ Matt Mullenweg နဲ့ Mike Little လို့ခေါ်တဲ့ developer (၂) ဦးက စတင်တည်ဆောက်ခဲ့ကြပြီး ပထမဆုံး version ကို May 2003 မှာ Announce လုပ်ခဲ့ပါတယ်။ WordPress ကိုများသောအားဖြင့် Blog, News and Magazine, Business, E-Commerce, Photography, Portfolio စတဲ့ website တွေမှာ မသုံးပြုလေ့ရှိပါတယ်။ Free plugin ပေါင်း 54000 ကျော်ရှိတဲ့အတွက် မိမိလိုအပ်တဲ့ function တွေအတွက် စိတ်ကြိုက် plugin တွေကိုယူသုံးနိုင်မှာဖြစ်လို့ website အတွက် functionality နဲ့ features ပိုင်းကို extend လုပ်နိုင်မှာဖြစ်ပါတယ်။
ထိုနေရာမှာ wordpress.org နဲ့ wordpress.com ကဲ့သို့ ကွဲပြားနေပါတယ်။ ထိုနှစ်ခုရဲ့ အဓိက ကွာခြားချက်ကတော့ hosted နဲ့ self-hosted ဘဲဖြစ်ပါတယ်။ Main wordpress ရဲ့ software package ကိုတော့ wordpress.org ကနေ download လုပ်နိုင်မှာဖြစ်ပါတယ်။ အသေးစိတ် သိချင်ရင်တော့ ထို sites တွေမှာ သွားရောက်လေ့လာနိုင်ပါတယ်။
အထူးသဖြင့် wordpress အသုံးပြုဖို့ရန် coding ဗဟုသုတ တွေမရှိဘဲလည်း ဖန်တီးနိုင်ပါတယ်။ WordPress နဲ့ရေးထားတဲ့ website ကနေ စိတ်ကြိုက် ပိုက်ဆံရှာနိုင်ပါတယ်။ Free theme တွေ plugin တွေများစွာရှိသလို ပိုက်ဆံပေးရတာတွေလည်းရှိပါတယ်။ WordPress မှာ SEO အတွက်လည်း သေသေချာချာလုပ်ထားပါတယ်။ SEO အတွက်အဆင်ပြေတဲ့ url တွေ category တွေ tag တွေ လွယ်”ကူ” ဖန်တီးနိုင်ပါတယ်။ လူဝင်ကြည့်တာ များစေချင်လည်း SEO အတွက် သီးသန့် plugin တွေရှိပါတယ်။ Open source ဖြစ်တဲ့အပြင် free ရတဲ့အတွက် community ကလည်းကြီးမားပါတယ်။

Source Rainbo Technology Myanmar