၂၀၂၂ ခုနှစ်အတွက် ၁၇ ကြိမ်မြောက်ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ကျင်းပမည်

ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲနှင့် ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲသည် ဂျပန်စာပေ ဘာသာပြန်သူများ ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ ဂျပန်ခေတ်ပြိုင် စာပေများကိုမြန်မာဘာသာသို့ ပြန်ဆိုပြီး၊ ပြည်တွင်း/ပြည်ပမှ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ဘာသာပြန်ဆိုရမည့် စာမူကို ပါဝင်ယှဉ်ပြိုင်သူထံသို့ Email ဖြင့်ပေးပို့ပြီး အောက်ပါသတ်မှတ်ကာလ အတွင်း မြန်မာဘာသာ ပြန်ဆို၍ ပြန်လည်ပေးပို့ရပါမည်။

Photo Source https://web.facebook.com/MyanmarAssociationOfJapanAlumniMAJA/

လျှောက်ထားရမည့်ကာလမှာ ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အတွင်းဖြစ်ပြီး ပြိုင်ပွဲဝင်များထံသို့ စာမူပေးပို့မည့်ရက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ရက်နေ့ (အင်္ဂါနေ့)ဖြစ်သည်။ ဘာသာပြန်စာမူ ပြန်လည်ပေးပို့ရမည့်ရက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၁ရက်နေ့)(တနင်္လာနေ့)ဖြစ်သည်။
ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်သည်။
https://docs.google.com/…/1FAIpQLScSApwzXLF…/viewform…
Japanese Literature Translation Junior Level Contest (ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ) အတွက် ပါဝင်ယှဉ်ပြိုင်သူသည် အသက် (၂၅) နှစ်အောက်ရှိရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာအရည်အချင်း N3 အဆင့် ရှိသောသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ လွယ်ကူရိုးရှင်းသော ဂျပန်စာပေဖြင့် ရေးသားထားသည့် စာမူကို မြန်မာဘာသာသို့ပြန်ဆိုရမည် ဖြစ်သည်။ ဂျပန်စာပေအပေါ် စိတ်ဝင်စားမှုတိုးပွားလာစေရန် အတွက်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ Zoom Online System ဖြင့် (၃) နာရီကြာ ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဂျပန်ဘာသာဖြင့် ရေးသားထားသော စာမူကို မြန်မာဘာသာသို့ ပြန်ဆိုကာ ပေးပို့ယှဉ်ပြိုင်ရမည်ဖြစ်သည်။
လျှောက်ထားရမည့်ကာလမှာ ၁၃.၁.၂၀၂၂ မှ ၃၁.၁.၂၀၂၂ အတွင်းဖြစ်ပြီး ကျင်းပမည့်ရက်မှာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်၊ အချိန် နံနက် ၉ နာရီမှ ၁၂ နာရီ အထိဖြစ်သည်။
ဂျပန်စာပေဘာသာပြန် အငယ်တန်းအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်မည့်သူများသည် အောက်ပါ Google form link တွင် ဖြည့်စွက် လျှောက်ထားနိုင်သည်။
https://docs.google.com/…/1FAIpQLScBRD5JYre…/viewform…
ဘာသာပြန်ပြိုင်ပွဲတွင် မိမိ ကြိုက်နှစ်သက်ရာ အဘိဓာန်ကို အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲနှင့် ပတ်သတ်သည့်အသေးစိတ် အချက်အလက်များကို လျှောက်ထားသူများထံသို့ ပေးပို့သွားမည်ဖြစ်သည်။