Prudential Myanmar မှ PRUAdvisor Business Opportunity Event ကျင်းမည်

နှစ်သစ်မှာ အပိုဝင်ငွေရနိုင်မယ့် ငွေကြေးဆိုင်ရာရည်မှန်းချက်အိပ်မက်တွေကို အကောင်အထည်ဖါ် ဖို့ စီစဉ်နေသူများ အတွက် ပရူဒန်ရှယ်အာမခံရဲ့ ငွေကြေးဆိုင်ရာ အကြံပေးအဖြစ် အချိန်ပြည့်ဖြစ်ဖြစ်၊ လက်ရှိအလုပ်ကိုလည်း မထိခိုက်စေဘဲ အားလပ်ချိန်တွေမှာ အချိန်ပိုင်းဖြစ်ဖြစ်၊ အချိန်မရွေး နေရာမရွေး လုပ်ကိုင်နိုင်ပြီး အပိုဝင်ငွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။
ထိုအခွင့်အလမ်းနဲ့အတူ ငွေကြေးဆိုင်ရာ အနာဂါတ်အိပ်မက်တွေကို အကောင်အထည် ဖေါ်နိုင်ဖို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ည (၇)နာရီမှ (၈)နာရီအထိ ကျင်းပမယ့် ပရူဒန်ရှယ်အာမခံရဲ့ “PRUAdvisor Business Opportunity Event” ကို Zoom Link ကတစ်ဆင့် ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/PrudentialMyanmarLifeInsurance/posts/834663237935333

အောက်ပါ Link မှာဝင်ရောက်စာရင်းပေးသွင်းနိုင်ပါတယ်။
https://web.facebook.com/PrudentialMyanmarLifeInsurance/posts/834663237935333
Prudential Myanmar Life Insurance (Prudential Myanmar) ဆိုတာ Prudential Corporation Asia လက်အောက်မှာရှိပြီး မြန်မာနိုင်ငံမှာ တစ်ဦးပိုင်အဖြစ် လုပ်ကိုင်နေတဲ့ အသက်အာမခံကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ Prudential Myanmar ဟာ ၂၀၁၉ ခုနစ် နိုဝင်ဘာလမှာ မြန်မာနိုင်ငံ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာ (MoPF) က ပေးအပ်တဲ့ အသက်အာမခံလုပ်ငန်း ဆောင်ရွက်ခွင့်လိုင်စင်ရရှိခဲ့ပြီး မြန်မာနိုင်ငံပြည်သူတွေအတွက် ရေရှည် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုနဲ့ လိုအပ်ချိန်မှာ အထောက်အပံ့ဖြစ်စေမယ့် စုဆောင်းငွေတွေ ပိုမို တိုးပွားလာစေမယ့် အသက် အာမခံ ပေါ်လစီ ထုတ်ကုန်တွေနဲ့ ငွေကြေးဖြေရှင်းချက်တွေကို ဝန်ဆောင်မှု ပေးလျက်ရှိနေပါတယ်။
Prudential Myanmar အနေနဲ့ မြန်မာနိုင်ငံမှာ အသက်အာမခံ လုပ်ငန်းကဏ္ဍ တိုးတက်ပျံ့နှံ့လာစေဖို့နဲ့ ပြည်သူ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်ကို တိုးမြှင့်ဖော်ဆောင်ပေးနိုင်ဖို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အလေးထား ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ Prudential Myanmar ရဲ့ နည်းပညာ ဦးစားပေးချဉ်းကပ်မှုနဲ့ အာမခံ ဝန်ဆောင်မှုတွေကို ရိုးရှင်းလွယ်ကူပြီး အဆင်ပြေချောမွေ့စွာ ရယူနိုင်မယ့်အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိတဲ့ ပြည်သူတွေဆီကို ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ရောက်ရှိနိုင်စေဖို့ ကတိကဝတ်ပြုထားပါတယ်။
Prudential ဆိုတဲ့ အမှတ်တံဆိပ်တစ်ခုအနေနဲ့ customers တွေရဲ့ အိပ်မက်နဲ့ မျှော်လင့်ချက်တွေကို အလေးထား နားလည်ပေးပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ဖို့ အဓိကရည်ရွယ်ထားပါတယ်။ ကျွန်ူပ်တို့ရဲ့ ဈေးကွက်ထိပ်တန်း ဝန်ဆောင်မှု ပေးအပ်နိုင်တဲ့ ပလက်ဖောင်းကနေတစ်ဆင့် မြန်မာနိုင်ငံ ပြည်သူ၊ ပြည်သား အားလုံးအတွက် ငွေရေးကြေးရေး စိတ်ချယုံကြည်နိုင်မှုနဲ့ ရှေရှည် အကျိုးဖြစ်ထွန်းစေမယ့် ခံစားခွင့်တွေ ပေးအပ်နိုင်မယ့် အကာအကွယ်တွေ၊ ငွေကြေး စုဆောင်းမှုတွေ ပေးအပ်လျက် ရှိပါတယ်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://web.facebook.com/PrudentialMyanmarLifeInsurance/