ဂျပန်နိုင်ငံကို ပညာတော်သင်သွားလိုသူများအတွက် Online Study in Japan Fair 2022 ကျင်းပမည်

ဂျပန်နိုင်ငံကို ပညာတော်သင်သွားလိုသူများအတွက် Online Study in Japan Fair 2022 ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ Study in Japan Fair ကို ဒီနှစ်မှာလည်း ဇန်နဝါရီလ 17ရက်နေ့မှ ဖေဖော်ဝါရီလ 18ရက်နေ့အထိ Onlineမှတဆင့် ကျင်းပပေးသွားမှာဖြစ်ပါတယ်။

Photo Source https://web.facebook.com/MyanmarAssociationOfJapanAlumniMAJA/posts/2200938690059862

ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်ချင်ပေမဲ့ ဘယ်ကဘယ်လိုစလုပ်ရမှန်း မသိတဲ့သူတွေ၊ ပညာသင်ဆု(MEXT,JASSO scholarship,etc.) အကြောင်း သိချင်တဲ့သူများ၊ တက္ကသိုလ်၊ကျောင်းဝင်ခွင့်ရဖို့ လိုအပ်တဲ့အချက်တွေနဲ့ ကျောင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အသေးစိတ်သိလိုတဲ့သူများ စသဖြင့် ဂျပန်နိုင်ငံရဲ့ ပညာရေးစနစ်အကြောင်း စိတ်ဝင်စားတဲ့သူများအားလုံးကို တက်ရောက်ကြသင့်တဲ့ Event တစ်ခုလည်းဖြစ်ပါတယ်။
ယခုနှစ် Online Study in Japan Fair 2022 မှာလည်း ဂျပန်နိုင်ငံမှ တက္ကသိုလ် (၄၈) ကျောင်း၊ ကောလိပ် (၃) ကျောင်းနဲ့ ဂျပန်စာသင် ကျောင်း (၅) ကျောင်းက ပါဝင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ အဲ့လိုကျောင်းတွေထဲကမှ မိမိစိတ်ဝင်စားတဲ့ ကျောင်းရှိရင်လည်း အသေးစိတ်အချက်အလက်တွေကို ၂၀၂၂ ဖေဖော်ဝါရီလ 14 ရက်နေ့ကနေ 18 ရက်နေ့အတွင်းမှာ ပြုလုပ်မယ့် Zoom Group Consultation အစီအစဉ်မှာ ဂျပန်နိုင်ငံက ဆရာဆရာမတွေနဲ့ တိုက်ရိုက် ဆွေးနွေးနိုင်မှာဖြစ်တဲ့အတွက် လက်လွတ်မခံသင့်တဲ့ အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။

Photo Source https://web.facebook.com/MyanmarAssociationOfJapanAlumniMAJA/posts/2200938690059862

Online Study in Japan Fair 2022 မှာ ပါဝင်လိုသူတွေကတော့ 2022 ခုနှစ်January လ 17ရက်နေ့ကနေစပြီး အောက်ဖော်ပြပါ လင့်ခ်မှတစ်ဆင့် registration စတင်လုပ်ဆောင်နိုင်ပါပြီဖြစ်ပါတယ်။
ဂျပန်နိုင်ငံကို ပညာတော်သင်သွားလိုသူများအတွက် Online Study in Japan Fair 2022 အောက်ပါလင့်ခ်ကနေ စာရင်းပေးသွင်းနိုင်ပါတယ်။
http://studyinjapan-asean.com/