ရုပ်ရှင်လတ်မှတ်တွေကို အလွယ်တကူရယူနိုင်မယ့် JCGV application

ဒီနေ့ခေတ်မှာတော့လူအများက အားလပ်ရက်တွေနဲ့ အချိန်တွေကို ရုပ်ရုင်ရုံတွေမှာ သူငယ်ချင်းတွေနဲ့ မိသားစုတွေကို ခေါ်ပြီးသွားကြည့်တဲ့အလေ့အထက ပိုများလာတွေကို တွေ့မြင်ရမှာပါ။ အထူးသဖြင့် စားသောက်ဆိုင်တွေလဲ သွားရတာ ငြီးငွေ့လာ အေးဆေးလေးနေရင်း ရသတွေကို ခံစားချင်တယ်ဆိုရင်တော့ ရုပ်ရှင်ကြည့်ခြင်းက သင့်အတွက်ရွေးချယ်စရာကောင်းတစ်ခုပါပဲ။ ရုပ်ရှင်ရုံမှာ ကြည့်ရှုသူများပြားလာတာနဲ့အမျှ လတ်မှတ်တွေက ဝယ်ယူဖို့ အရင်ကထက် ပိုခက်ခဲလာပါတယ်။ အထူးသဖြင့် ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်က hit ဖြစ်တဲ့ ရုပ်ရှင်၊ social media မှာ အုန်းအုန်းကျွက်ကျွက်ကျွက် ခေတ်စားနေလို့ အညွှန်းတွေဖတ်ပြီး သွားကြည့်ဖို့ စိတ်ကူးမိတယ်ဆိုရင်တော့ သင်လတ်မှတ်ရဖို့က ပိုမိုခက်ခဲသွားပါပြီ။ သူငယ်ချင်းချစ်သူခင်သူတွေကို ရုပ်ရှင်သွားကြည့်ဖို့ ချိန်းဆိုထားပြီးမှ လတ်မှတ်မရလို့ အိမ်ပြန်လာရတာမျိုးစတဲ့ အသေးအဖွဲပြသနာများက သင့်ကိုစိတ်ဒုက္ခမဖြစ်ရလေအောင် သင့်ဘက်မှ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

 

အင်တာနက်ကျေးဇူးကြောင့်ပဲ လူအများက နောက်ပိုင်းရုပ်ရှင်လတ်မှတ်များကို ကြိုတင်ဘိုကင်ခြင်းကို ပြုလုပ်လာနိုင်ပါပြီ။ ဒါ့အပြင် စာရေးသူတို့က ရုပ်ရှင်ကြည့်တဲ့ အခါ ခုံနေရာကို ချေးများတက်ကြပါတယ်။ ဈေးတူတဲ့ ခုံတန်းများဖြစ်ရင်တောင် အနောက်ဆုံးရောက်တဲ့ အတန်းကနေထိုင်ချင်တယ်။ Soundbox ကအသံတွေနားငြီးလို့ ဘေးမှာမထိုင်ချင်ဘူး၊ အလယ်ထိုင်ခုံနေရာက ကြည့်ရတာပိုကောင်းတယ်။ သူငယ်ချင်းတွေနဲ့ ကပ်လျက်တစ်တန်းထဲထိုင်ချင်တယ် စသဖြင့်ပေါ့။ ဒီလိုမျိးတော်တော်များများ ရွေးချယ်ချင်ကြတာမို့ လူတွေက နောက်ပိုင်းအွန်လိုင်းကနေ ဘိုကင်တင်ခြင်းကိုဆောင်ရွက်လာကြပါတယ်။ အခုဆိုရင်တော့ applicationကို သုံးရင်း အိမ်ကနေပြီး သက်တောင့်သက်သာနဲ့ပဲ လုပ်ဆောင်လို့ရနေပါပြီ။
JCGV ရုပ်ရှင်ရုံတွေဟာဆိုရင်တော့ ရုပ်ရှင်ချစ်ပရိသတ်များနဲ့ မိတ်ဆက်ပေးစရာမလိုလှအောင် ရင်းနှီးပြီးသားဖြစ်မှာပါ။ ရန်ကုန်မြို့သာမက မြို့ကြီးများရှိ ဈေးဝယ်စင်တာများမှာ အဆင်မြင့်ရုပ်ရှင်ရုံကြီးများနဲ့ ပြည်တွင်းပြည်ပရုပ်ရှင်ရုံများကို ပြသနေတာပဲဖြစ်ပါတယ်။ 3D၊ 2D ဇာတ်ကားများပြသနေတဲ့အပြင် ယခုဆိုရင် premium ရုပ်ရှင်ရုံများအထိ ရှိလာပဲဖြစ်ပါတယ်။ JCGV ကနေပြီး မကြာသေးခင်ကပဲ ကြည့်ရှုသူပရိသတ်များ ပိုမိုချောမွေ့စွာ ကြည့်ရှုနိုင်ရန်အတွက် ကြိုတင် ဘိုကင်တင်ခြင်းကို ပြုလုပ်ဆောင်ရွက်နေပြီပဲဖြစ်ပါတယ်။ ဖုန်းနဲ့ဘိုကင်တင်ခြင်းအပြင် ယခုဆိုရင် Facebook Messenger Bot ထိုမှတစ်ဆင့် Application အထိရှိလာပြီပဲဖြစ်ပါတယ်။

 

အွန်လိုင်းကနေ ဘိုကင်တင်ခြင်းရဲ့ အကောင်းမွန်ဆုံး အကျိုးကျေးဇူးများကတော့ သင်ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်များ၊ နှစ်သက်ရာ ထိုင်ခုံများကို တစ်ခါထဲရွေးချယ်နိုင်ခြင်းပဲဖြစ်ပါတယ်။ JCGV application မှာဆိုရင် ပြသနေတဲ့ ရုပ်ရှင်ကားများ၊ နောင်ရုံမှာတင်သွားမဲ့ ရုပ်ရှင်ကားများကို ဖော်ပြထားတာကို မြင်တွေ့ရမှာပါ။ ပြသနေတဲ့ ရုပ်ရှင်ကားများ အသီးသီးရဲ့ ကြာချိန်၊ ဒါရိုက်တာအမည်၊ ဇာတ်ကားတွေ အဓိက ပါဝင်ထားသော သရုပ်ဆောင်များ၊ ထုတ်လုပ်သူများ နဲ့ ဖြန့်ချိသူများကိုပဲ အသေးစိတ်ဖော်ပြထားပြီး ထိုအောက်တွင် ပြသနေသာရုပ်ရှင်ရုံများကိုပါ တစ်ခါထဲဖော်ပြထားပါတယ်။ ထို့နောက် ရုပ်ရှင်ဘိုကင်တင်ခြင်း နှင့် တစ်ခါထဲ လတ်မှတ်ဝယ်ယူခြင်း နှစ်မျိုးကို ဆောင်ရွက်နိုင်ပါတယ်။

ဘိုကင်တင်လိုပါက Cinema List တွင် မိမိကြည့်ရှုလိုသော ရုပ်ရှင်ရုံအား ရွေးချယ်ပြီး
• လတ်မှတ်ဝယ်ယူလိုသောရက်ကို ရွေးချယ်ရပါမယ်။
• ကြည့်ရှုလိုသော ရုပ်ရှင်ဇာတ်ကားပြသချိန်ကို ရွေးချယ်ရပါမယ်။
• မိမိရွေးချယ်လိုသော ခုံကိုဖော်ပြထားတဲ့ ဇယားကွက်မှာနှိပ်ပြီးရွေးချယ်ရပါမယ်။
• ထို့နောက် နာမည်နဲ့ ဖုန်းနံပါတ်ကို ဖြည့်ပြီးဘိုကင် တင်မယ်

ဆိုရင်တော့ ဘိုကင်တင်ခြင်းအဆင့်ပြီးမြောက်ပြီပဲဖြစ်ပါတယ်။ ထို့နောက် Booking Receipt ရရှိမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ Booking Expired Time မတိုင်မီ E-commerce လျှောက်ထားပြီးသော MPU ဖြင့်လည်းကောင်း၊ နီးစပ်ရာ G&G store များတွင်လည်းကောင်း၊ OK$ အကောင့်ဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်ရုံသို့ တိုက်ရိုက်လာရောက်ဝယ်ယူ၍သော်လည်းကောင်း ငွေပေးချေပြီး ရမှာဖြစ်ပါတယ်။ ထို့အပြင် လတ်မှတ်ကိုတစ်ခါထဲ ဝယ်ယူလိုသူများကလဲ Booking အစား Buy ကိုရွေးချယ်ကာ ဖော်ပြထားတဲ့ အွန်လိုင်းငွေပေးချေမှုစနစ်တွေနဲ့ တစ်ခါထဲငွေပေးချေလို့ရမှာဖြစ်ပါတယ်။ Applicationထဲတွင် ရုရှိနိုင်တဲ့ အစားအသောက်တွေကိုပါ တစ်ခါထဲဖော်ပြထားတာမို့ ရုပ်ရှင်လတ်မှတ်သွားထုတ်တဲ့အခါ အသင့်ဝယ်စားလိုက်ရုံပါပဲ။

Photos Source – http://wn.com/

နည်းပညာကို အသုံးချပြီး အချက်အလက်များကို ကြိုတင်သိရှိနိုင်တာမို့ အွန်လိုင်း ဘိုကင်တင်ခြင်းက သင့်ကိုကြိုက်နှစ်သက်တဲ့ ရုပ်ရှင်တွေနဲ့ ထိုင်ခုံများကို ပိုမိုလွယ်ကူစွာရွေးချယ်ခွင့် ရရှိစေမှာပါ။ ရုပ်ရှင်လတ်မှတ်ဘိုကင်တြင်ခင်းမှာတော့ အွန်လိုင်းကိုအသုံးပြုုခြင်းက ရုံရောက်မှ ရွေးချယ်ဝယ်ယူခြင်းထက် ပိုမိုအဆင်ပြေချော့မွေ့စေမှာပြဲဖစ်ပါတယ်။ အွန်လိုင်းကနေ ကြိုတင်ဘိုကင်တင်ပြီး လတ်မှတ်များကို self-service အနေနဲ့ ထုတ်ယူနိုင်သေးတာမို့ သင်လတ်မှတ်ကောင်တာမှာ တန်းစီဖို့လဲ မလိုအပ်တော့ပဲ ရုပ်ရှင်ကြည့်ခြင်း အစအဆုံးက လွယ်လွယ်ကူကုူပဲ Application ကိုသုံးရင်း ဆောင်ရွက်နိုင်သွားပြီဖြစ်ပါတယ်။

Download ရယူရန်

Android – https://play.google.com/store/apps/details?id=com.minthittun.showtime&hl=en