ပုဂံကိုခရီးသွားသည့်အခါ ဆောင်ထားသင့်သည့် Application များ

မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော်တစ်ခုဖြစ်တဲ့ ပုဂံဒေသကို ဘုရားဖူးအလည်အပတ်ခရီးတွေသွားတဲ့အခါ သွားချင်တဲ့နေရာ တွေကို လမ်းမသိလို့ ဘုရားအစုံမဖူးခဲ့ရတာမျိုးတွေရှိပါတယ်။ မိသားစုလိုက်ဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ဖြစ်စေ အဖွဲ့လိုက် ကားငှားပြီး ပုဂံဒေသကို ဘုရားဖူးခရီးသွားတဲ့အခါ ပုဂံမြို့မှာရှိတဲ့ နာမည်ကြီးဘုရားစေတီအားလုံးကို သွားလာဖူး မြော်ဖို့အတွက် လမ်းကြောင်းကျွမ်းကျင်ဖို့လည်း အရေးကြီးပါတယ်။ အဲ့လိုမှမကျွမ်းကျင်ရင် ပုဂံမှာရှိတဲ့ဘုရားအားလုံးကို သွား လာဖို့ အဆင်မပြေပါဘူး။တကယ်တော့ ဘယ်ဘုရားပြီးရင် ဘယ်ဘုရားကိုဆက်သွားမယ်ဆိုပြီးကြိုတင် Plan ချထားမယ်ဆို ရင် အချိန်တိုတိုနဲ့ဘုရားအစုံဖူးခွင့်ပိုရကြမှာပါ။

 

Photo Source – https://bit.ly/2TrXCDo

ဒီအတွက်လည်း သွားလာရမယ့် လမ်းကြောင်းကို ကိုယ်ကိုတိုင်ကျွမ်းကျင်သိရှိဖို့လိုသလို ကိုယ်နဲ့အတူလိုက်ပါမယ့်မိတ် ဆွေကိုလည်း ကြိုတင်ပြောပြလို့ရမှာပါ။ ဘုရားဖူးကားကြီးတွေနဲ့သွားတယ်ဆိုရင်တောင်မှ ဘယ်နေရာရောက်နေတယ်။ ဘယ်ဘုရားကိုဆက်သွားနေတယ်ဆိုတာ ကိုယ်ကကြိုသိနေတာကလည်း အားသာချက်တစ်ခုပါ။ ဒါမှမဟုတ် ကိုယ့်အစီအ စဉ်နဲ့ကိုယ်သွားလည်ရင်လို့ စက်ဘီးငှားပြီးပုဂံမှာလျှောက်လည်တဲ့အခါ ကိုယ်သွားချင်တဲ့နေရာတိုင်းကို သူများတွေကိုလိုက် မေးနေစရာမလိုပဲ ကိုယ်ဘာသာဖုန်းထဲကကြည့်ပြီးသွားနိုင်တော့ အရမ်းကိုအဆင်ပြေသွားတတ်ပါတယ်။

ပုဂံကိုလည်ပတ်ခဲ့အခါ ဘုရားသမိုင်းတစ်ခုခြင်းစီကို အစအဆုံးလေ့လာဖို့အချိန်မရကြပါဘူး။ အဲ့ဒီအတွက် ဘုရားတစ်ဆူခြင်း စီရဲ့ သမိုင်းကြောင်းတွေကို စာအုပ်ယူသွားစရာမလိုပဲ သွားရင်းလာရင်းဖုန်းဖွင့်ပြီး ကားပေါ်မှာဖတ်ရှု လေ့လာသွားလို့ရတာ ကလည်း ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။
အဲ့ဒါကြောင့် ပုဂံဒေသကို ခရီးသွားတဲ့အခါ ခုပြောပြတဲ့ Mobile Application တွေကများစွာအသုံးဝင်ပြီးအထောက်အ ကူဖြစ်စေမှာအသေအချာပါပဲ။

Photo Source- Screenshot by Myanmar Tech Press

(၁) Bagan Application
ဒီ Application ကတော့ ပုဂံဒေသမှာရှိတဲ့ ဘုရားတွေကို ဓာတ်ပုံနဲ့တကွပြသထားပြီးရောက်ရှိနေတဲ့နေရာနဲ့ ကိုယ်သွား လိုတဲ့နေရာကိုရွေးချယ်လိုက်ပါက သွားလာရမယ့်အကွာအဝေးအတိုင်းအတာကိုလည်းဖော်ပြထားပါတယ်။ အသုံးပြုရအ ဆင်ပြေပြီး အင်တာနက်အသုံးပြုရတဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ အသုံးပြုနေတဲ့အချိန်မှာလည်း GPS ဖွင့်ထားရမှာဖြစ်ပါ တယ်။ ပုဂံမှာရှိတဲ့ ဘုရားတွေစတင်တည်ထားခဲ့တဲ့ ခုနှစ်နဲ့တည်ထားကိုးကွယ်ခဲ့သူအမည်ကိုလည်းထည့်သွင်းဖော်ပြထားပါ တယ်။

Photo Source- Screenshot by Myanmar Tech Press

(၂) Bagan Bagoda Application
ဒီ Application ကတော့ ပုဂံမှာရှိတဲ့ ဘုရားသမိုင်းတွေကို တစ်ခုခြင်း ရှင်းပြထားတဲ့အတွက် ဘုရားသမိုင်းတွေကို စိတ်ဝင်စား တဲ့သူတွေအတွက် မဖြစ်မနေဆောင်ထားသင့်တဲ့ Application တစ်ခုဖြစ်ပါတယ်။ မြန်မာဘာသာဖြင့်ဖော်ပြထားပြီး ဖတ်ရသူ အဆင်ပြေအောင် ရှင်းလင်းလွယ်ကူစွာရေးသားဖော်ပြထားပါတယ်။
အောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=au.com.gpone.Bagan
https://play.google.com/store/apps/details?id=com.bagan.pagoda