သင်္ကြန်သီချင်းတွေစုံစုံလင်လင်နားဆင်နိုင်တဲ့ သင်္ကြန်သီချင်း Application များ

၂၀၁၉ သင်္ကြန်နီးလာတော့ သင်္ကြန်သီချင်းလေးတွေကို နေရာတိုင်းလိုလိုမှာကြားနေကြရပါပြီ။ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေမှာလည်း သင်္ကြန်နားနီးလာတာနဲ့အမျှ သင်္ကြန်သီချင်းတွေကိုဖွင့်ပြီး ၂၀၁၉ သင်္ကြန်ကာလကို ကြိုဆိုနေကြ တတ်ကြတာ မြန်မာလူမျိုးတို့ရဲ့ထုံးစံပါပဲ။ ရေဒီယိုတွေမှာကအစသင်္ကြန်သီချင်းလေးတွေ စတင်ထုတ်လွှင့်နေကြပါပြီ။သင်္ကြန်ကန်နားနီးလာတော့ သင်္ကြန်သီချင်းခွေတွေကလည်း ပိုမိုအရောင်းသွက်ကြသလိုကိုယ်လိုချင်တဲ့ သင်္ကြန်သီချင်းခွေက ဆိုင်မှာမရှိတဲ့အခါလည်း အခက်တွေ့စေတာအမှန်ပါပဲ။

Photo Source – https://bit.ly/33uzPrf

သင်္ကြန်သီချင်းခွေမဝယ်ပဲ ဖုန်းထဲကနေတိုက်ရိုက် ဖွင့်ပြီးနားထောင်ချင်တဲ့သူတွေ၊ ဖုန်းနဲ့ချိတ်ဆက်ပြီး ကိုယ်ကြိုက်တဲ့သင်္ကြန် သီချင်းကိုပဲရွေးချယ်ဖွင့်ချင်တဲ့သူတွေအတွက်တော့ အသုံးပြုရတာအဆင်ပြေစေတဲ့ Application တွေကိုကြိုတင်သိထား တော့ ကိုယ်အတွက်ရှာဖွေရတာအပန်းမကြီးတော့ပါဘူး။

 

Photo Source – https://bit.ly/2H3KU8X

သင်္ကြန်သီချင်းခွေဆိုတာကလည်း ဝယ်ထားပြီးလို့ သင်္ကြန်ရက်ကျော်သွားတာနဲ့ မဖွင့်ဖြစ်တော့တာဖြစ်တဲ့အတွက် အိမ်မှာ ထားရင်းနဲ့ပဲ ပျောက်ပျက်သွားတာမျိုးတွေလည်းဖြစ်တတ်ကြပါတယ်။ ကိုယ့်ဆိုင်မှာပဲဖြစ်ဖြစ် အိမ်မှာပဲဖြစ်ဖြစ် သင်္ကြန်သီချင်း အေးအေးလေးတွေဖွင့်ပြီး ၂၀၁၉ သင်္ကြန်ကို ကြိုဆိုချင်တယ်။ သင်္ကြန်သီချင်းခွေအများကြီးလည်း မဝယ်ချင်ဘူးဆိုရင်တော့ ခုပြောပြမယ့် Mobile Application တွေက များစွာအထောက်အကူဖြစ်စေမှာ သေချာပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၁) ၂၀၁၉ သင်္ကြန်Application
ခု Application ကတော့ သင်္ကြန်သီချင်းအေးအေးလေးတွေနဲ့ မြူးမြူးကြွကြွ DJ သီချင်းဆိုပြီး နှစ်မျိုးပါရှိပါတယ်။ အင်တာ နက်အသုံးပြုပြီး သင်္ကြန်သီချင်းတွေကို တိုက်ရိုက်ဖွင့်လို့ရသလို Download ဆွဲပြီးမှ နားထောင်ချင်တယ်ဆိုရင်လည်း အဆင်ပြေစေပါတယ်။ မြန်မာသင်္ကြန်သီချင်းအေးအေးလေးတွေက အရေအတွက်နည်းပေမယ့် သင်္ကြန် DJ သီချင်းတွေက တော့ များပါတယ်။ App ဗားရှင်းကတော့ 1.0 ဖြစ်ပြီး ဖိုင်ဆိုဒ်ကတော့ 3.9 M ဖြစ်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၂) Myanmar Video Song HD(A-Z)
ခု Application ကတော့ သင်္ကြန်သီချင်းအေးအေးပေါင်းမြောက်များစွာပါရှိသလို မြူးမြူးကြွကြွသင်္ကြန်သီချင်းတွေလည်း ပါရှိ ပါတယ်။ လွန်ခဲ့ပြီးသောနှစ်တွေက ထွက်ရှိထားပြီးသားသင်္ကြန်သီချင်းများကို တစ်စုတစ်စည်းတည်းဖော်ပြထားပြီး မိမိကြိုက် နှစ်သက်ရာကို ရွေးချယ်ဖွင့်လှစ်နားဆင်နိုင်ပါတယ်။ အင်တာနက်ဖွင့်ပြီး အသုံးပြုရတဲ့ Application တစ်ခုဖြစ်ပါတယ်။ ဒီ App ထဲမှတော့ သင်္ကြန်သီချင်းတွေအပါအဝင် အခြားခေတ်ပေါ်ခေတ်ဟောင်း သီချင်းအများအပြားပါရှိတာမို့ သုံးစွဲသူအကြိုက် ရွေးချယ်ဖွင့်လှစ်နားဆင်နိုင်ပါတယ်။ ဗားရှင်းကတော့ 1.3 ဖြစ်ပြီး ဆိုဒ်ကတော့ 7.1 M ဖြစ်ပါတယ်။
အောက်ပါ Link မှ Install ပြုလုပ်နိုင်ပါတယ်။
https://play.google.com/store/apps/details?id=com.hma.thingyansongs
https://play.google.com/store/apps/details?id=myanmar.a_z_videosong