သိထားသင့်သည့် KBZPay App ကို ATM ကတ်အဖြစ်အသုံးပြုနည်းများ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အင်တာနက်လိုင်းများ ယာယီပြတ်တောက်ခဲ့ပြီး KBZPay အပါအဝင်အခြား ငွေ လွှဲငွေထုတ် App များလည်း ယာယီရပ်တန့်ခဲ့ရသည်။ ယခုအခါတွင် KBZPay အပါအဝင်အခြားငွေလွှဲ၊ ငွေထုတ် App များ လည်းပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်နေပြီဖြစ်သည်။
ယခင်ကတည်းက KBZPay ကို မိုဘိုင်းပိုက်ဆံအိတ်နှင့် ATM ကတ်အဖြစ် နှစ်မျိုးအသုံးပြုနိုင်သောကြောင့် အသုံးပြုသူများ အနေဖြင့် ငွေသားအရေးပေါ်လိုအပ်ချိန်တွင် ပိုက်ဆံအိတ်နှင့်ဘဏ်ကတ် မရှိသော်လည်း မိုဘိုင်းဖုန်းနှင့် အလွယ်တကူ ထုတ်ယူနိုင်မည်လည်းဖြစ်သည်။
KBZPay အသုံးပြုသူများသည် မိုဘိုင်းပိုက်ဆံအိတ်တွင် ငွေများထိန်းသိမ်းထားနိုင်ပြီး နေ့စဉ်ဝန်ဆောင်မှုများ အသုံးပြုရာတွင် ငွေပေးချေနိုင်သည့်အပြင် လိုအပ်သည့်အခါ အချိန်မရွေးငွေသားထုတ်ယူနိုင်မည် ဖြစ်သည်။ ATM Cash Out ဝန်ဆောင်မှု သည် ပြည်သူများအတွက် ဒစ်ဂျစ်တယ်ဦးစားပေး လူနေမှုဘဝဆီသို့ မြှင့်တင်ပေးနိုင်ရေး ပံ့ပိုးကူညီလျက်ရှိသည့် KBZPay ၏ ဖုန်းငွေဖြည့်ခြင်း၊ အင်တာနက်ဒေတာများ ဝယ်ယူခြင်း၊ တစ်ဦးနှင့်တစ်ဦး ငွေလွှဲခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်းနှင့် ဘေလ်ပေးဆောင်ခြင်း စသည့်လုပ်ဆောင်ချက်များအတွင်း ထပ်မံထည့်သွင်းလိုက်သော နောက်ဆုံးပေါ် လုပ်ဆောင်ချက် တစ်ခုလည်းဖြစ်ကြောင်းသိရသည်။ ထို့ကြောင်း KBZPay ဖြင့် ATM တွင် ငွေထုတ်ယူပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါ သည်။

Photo Source http://www.facebook.com/KBZPay

KBZPay ဖြင့် ATM Cash Out လုပ်ဆောင်ချက် အသုံးပြုပုံမှာအောက်ပါအတိုင်းဖြစ်သည်။
ပုံမှန်အားဖြင့် ATM စက်တွင် ငွေထုတ်မည်ဆိုပါက ATM ကတ်၏ သံလိုက်အစင်းနေရာတွင် မှတ်သားထား သည့် ATM PIN တစ်ခုနှင့် အချက်အလက်များကို အသုံးပြုပြီး ကတ်ကိုင်ဆောင်သူဖြစ်ကြောင်း အတည်ပြုမှသာ စက်မှလက်ခံမည်ဖြစ်ပါ သည်။ KBZPay ATM Cash Out တွင် KBZPay အက်ပလီကေးရှင်းမှ ထုတ်ပေးလိုက်သည့် ကိန်းဂဏန်းကုဒ်များကို မိုဘိုင်းဖုန်းသို့ ပေးပို့မည်ဖြစ်သည်။ KBZPay ATM Cash Out အသုံးပြုရန် လွယ်ကူရိုးရှင်းသည့် အဆင့်အနည်းငယ်သာ လိုအပ်ပါသည်။
(၁) KBZPay အက်ပလီကေးရှင်း၏ ပင်မစာမျက်နှာတွင် “ငွေထုတ်” အား ရွေးချယ်ပါ။ VPN App အသုံးပြုသူများ ယာရီ ပိတ်ထားရမည်ဖြစ်သည်။
(၂) KBZPay အက်ပလီကေးရှင်း၏ “ATM” အား အသုံးပြုပြီး အနီးဆုံးတွင်ရှိသော ATM စက်ထံ သွားပါ။ (အကယ်၍ သင်က ATM စက်တွင် ရှိနေပါက နောက်အဆင့်ကို ချက်ချင်းလုပ်ဆောင်နိုင်ပါသည်။)
(၃) ATM စက်သို့ ရောက်ရှိပါက KBZPay အက်ပလီကေးရှင်းမှ “ကုတ်တောင်းခံခြင်း (Request Code)” အား နှိပ်ပြီး မိမိ၏ KBZPay အကောင့်လျှို့ဝှက်နံပါတ်အား ရိုက်ပါ။
(၄) မိမိ၏ KBZPay အကောင့်လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီးပါက အက်ပလီကေးရှင်းက ATM မှ ငွေထုတ်ရန် ကုဒ်နံပါတ် (၆) လုံး နဲ့ (၄) လုံး စသည့် PIN ကုဒ်နှစ်ခု ထုတ်ပေးပါမည်။
(၅) ATM စက် မျက်နှာပြင်တွင် ‘KBZPay Cash out’ အားရွေးချယ်ပြီး အထက်ကပေးပို့ထားသည့် လျှို့ဝှက်နံပါတ် နှစ်ခုအား ရိုက်ထည့်ပါ။
(၆) ထုတ်ယူလိုသော ငွေပမာဏကိုရိုက်ထည့်ပြီး ငွေထုတ်ရန်အတွက် “လုပ်ဆောင်မည်” ကို နှိပ်ပါက ATM စက်မှငွေသား ထွက်လာပါမည်။

Photo Source http://www.facebook.com/KBZPay

ကြိုတင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးသွားသည့် PIN ကုဒ်တစ်ခုဖြင့် ငွေထုတ်ရန်ကြိုးပမ်းနေသည်ကို ATM စက်က စစ်ဆေးသိရှိပါက ငွေထုတ်မည့်လုပ်ဆောင်ချက်မှာ အလိုအလျောက် ပျက်ပြယ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။ ဝန်ဆောင်မှုစမ်းသပ် ကာလအတွင်းတွင် KBZPay Cash Out လုပ်ဆောင်ချက်ကို အခမဲ့အသုံးပြုနိုင်မည်ဖြစ်သော်လည်း တစ်လအတွင်း ငွေသားပမာဏ အမြောက်အမြားထုတ်ယူရန်ဆန္ဒရှိသူများအတွက် ထပ်လောင်းဝန်ဆောင်ခကို နောက်ပိုင်း တွင် သတ်မှတ်ကောက်ခံသွားမည်ကြောင်းလည်းသိရသည်။
အသေးစိတ် ပိုမိုသိရှိလိုပါက http://www.kbzpay.com နှင့် http://www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။