KBZPay ဖြင့် ဖုန်းဘေဖြည့်တိုင်း ပြန်အမ်းငွေ ၁၀၀၀၀ ကျပ်အထိရယူနိုင်သည့် အစီအစဉ်သစ်စတင်

KBZPay အကောင့်မှတဆင့် မည်သည့်ဆက်သွယ်ရေးအော်ပရေတာဖုန်းများကိုမဆို ဖုန်းငွေဖြည့်သွင်းသည့်အခါ ထပ် ဆောင်းပြန်အမ်းငွေကျပ် ၁၀၀၀၀ ကျပ်အထိရယူနိုင်သော အစီအစဉ်သစ်ကို စတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ယခုအခါ တွင် KBZPay ၏ လုပ်ငန်းစဉ်ဝန်ဆောင်မှုများကို အသုံးပြုရာတွင် မြန်မာပြည်တွင်းဆက်သွယ်ရေးအော်ပရေတာများ၏ Mobile Data ကိုဖွင့်လှစ်အသုံးပြုနိုင်နေပြီလည်းဖြစ်သည်။
၂၀၁၈ ခုနှစ်မှစတင်ပြီး KBZPay သည် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ငွေရေးကြေး ရေးနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရင်း တစ်ဦးနှင့်တစ်ဦး အကြား ဘေးကင်းလုံခြုံမှုရှိစွာဖြင့် ပိုမို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံတစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်း KBZPay အသုံးပြုသူ (၆) သန်းကျော်ရှိနေပြီဖြစ်ပြီး နှစ်နှစ်မပြည့်မီအချိန်အတွင်း ဆောင်ရွက်ခဲ့သော ငွေကြေးလုပ်ဆောင်ချက်များ၏ ပမာဏ စုစုပေါင်းမှာ ငွေကျပ် (၁၅) ထရီလီယံကျော် ရှိခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သော ၂၀၂၀ ခုနှစ်၊ ဧပြီလမှစတင်၍ KBZPay ဖြင့် အသုံးပြုသူအချင်းချင်း ငွေကြေးလွှဲပြောင်းမှု ပြုလုပ်သည့် အရေအတွက် (၂၂၅ ရာခိုင်နှုန်း) အထိ တိုးတက်လာခဲ့ပြီး ငွေကြေးလွှဲပြောင်းမှု ပမာဏ (၁၄၈ ရာခိုင်နှုန်း) အထိ မြင့်တက်သွားခဲ့သည်။

Photo Source https://www.facebook.com/KBZPay

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

Photo Source https://www.facebook.com/KBZPay

သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင်များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။
အသေးစိတ်ပိုမိုသိရှိလိုပါက https://www.kbzpay.com နှင့် https://www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။