MPTPay နှင့် uabpay အကောင့်အချင်းချင်း ငွေဖြည့်သွင်းနည်းများ

MPT Pay အကောင့်ထဲကို uabpay နဲ့ ငွေဖြည့်သွင်းမှုကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှစတင်ကာ လုပ်ဆောင်နိုင်နေပြီဖြစ်ပါ တယ်။ MPT Pay အကောင့်ထဲကနေတဆင့် uabpay ကိုရွေးချယ်ပြီးငွေဖြည့်သွင်းလို့ရနိုင်သလို uabpay အက်ပလီကေးရှင်း ကနေ MPT Pay ကိုရွေးချယ်ပြီးငွေဖြည့်သွင်းနိုင်ပါတယ်။
ငွေဖြည့်သွင်းမှုနည်းလမ်းတွေမှာလည်း အောက်ပါအတိုင်းဖြစ်ပါတယ်။ MPT Pay App မှအကောင့်ထဲသို့ uabpay နဲ့ ငွေဖြည့် ချင်သူတွေအတွက်တော့ အဆင့် ( ၉ ) ဆင့်လုပ်ဆောင်ရပါမယ်။

Photo Source https://www.facebook.com/MPTPayOfficial

(၁) ငွေသွင်းကို နိုပ်ပါ။
(၂) ဘဏ်ကိုရွေးပါ။
(၃) uab Bank ကိုရွေးပါ။
(၄) သက်ဆိုင်ရာဘဏ်၏ Mobile App ကို သွားနိုပ်ပါ။
(၅) uabpay အကောင့်ဖွင့်ထားသော ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။
(၆) Verifiation Code ရိုက်ထည့်ပါ။
(၇) လျှို့ဝှက်နံပါတ်ရိုက်ထည့်ပါ။
(၈) Customer ကိုရွေးပါ။ ဖုန်းနံပါတ်ထည့်ပါ။ ပမာဏထည့်ပါ။ Wallet ကိုရွေးပါ။
(၉) ငွေဖြည့်သွင်းမှုအောင်မြင်သွားပြီဖြစ်ပါတယ်။
Uabpay App မှ MPT Pay အကောင့်ထဲကို ငွေဖြည့်ချင်သူများအတွက်တော့ အောက်ပါ အချက် ( ၉ ) ချက်ကိုလုပ်ဆောင် ရမှာ ဖြစ်ပါတယ်။
(၁) uabpay အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကို ရိုက်ထည့်ပါ။
(၂) Verification Code ရိုက်ထည့်ပါ။
(၃) လျှို့ဝှက်နံပါတ်ရိုက်ထည့်ပါ။
(၄) ဝန်ဆောင်မှုများရွေးရန်နေရာကို နိုပ်ပါ။
(၅) Pay Bills ကိုနိုပ်ပါ။
(၆) Other Wallet Transfer ကိုနိုပ်ပါ။
(၇) MPT Pay ကိုနိုပ်ပါ။
(၈) Customer ကိုရွေးပါ။ ဖုန်းနံပါတ်ထည့်ပါ။ ပမာဏထည့်ပါ။ Wallet ကိုရွေးပါ။ Next ကိုနိုပ်ပါ။
(၉) ငွေဖြည့်သွင်းမှုအောင်မြင်သွားမှာဖြစ်ပါတယ်။

Photo Source https://www.facebook.com/MPTPayOfficial

MPT Pay သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း တိုးတက်မှုအမြန်ဆုံး မိုဘိုင်းငွေကြေးဝန်ဆောင်မှုတစ်ခုဖြစ်ပြီး သုံးစွဲသူများ အဆင်ပြေလွယ်ကူစေရန် နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၂၇၈ ခုမှ ကိုယ်စားလှယ်ပေါင်း ၂၇,၀၀၀ ကျော်ရှိသည့် ကိုယ်စားလှယ်ကွန်ရက်ဖြင့် လည်ပတ်နေသည်။
သုံးစွဲသူများအတွက် ရိုးရှင်းလွယ်ကူစေမည့် “MPT Pay” ၏ နည်းပညာကို အသုံးပြုခြင်းဖြင့် အီလက်ထရောနစ်စနစ်သုံး ငွေကြေးလွှဲပြောင်းခြင်းနှင့် ငွေပေးချေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များဖြစ်သည့် OTC (နှစ်ဦးနှစ်ဖက်တိုက် ရိုက်ငွေလွှဲပြောင်းခြင်း)၊ လစာပေးခြင်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ပင်စင်ဝန်ဆောင် မှုများ၊ Mobile Wallet ဖြင့် ငွေပေးချေခြင်း၊ MPT နှင့်အခြားသော အော်ပရေတာများသို့ ဖုန်းငွေဖြည့်သွင်းခြင်း နှင့် အင်တာနက်ပက်ကေ့ချ်များဝယ်ယူခြင်း၊ ငွေတောင်းခံလွှာများကို ပေးချေခြင်း၊ ဈေးဆိုင်များတွင် ငွေပေးချေခြင်း၊ CB ဘဏ် နှင့် AYA ဘဏ်များ၏ ATM တွင် ငွေသားထုတ်ယူနိုင်ခြင်း၊ “MPT Pay” ကိုယ်စားလှယ် ဆိုင်များတွင် ငွေသွင်း၊ ငွေထုတ်ခြင်းအပြင် လူအများသို့ ငွေထုတ် ပေးခြင်းနှင့် အခြားသော ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို သုံးစွဲသူများအနေဖြင့် လုံခြုံစွာနှင့် အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်စေမည်ဖြစ်သည်။
MPT Pay နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များနှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက “MPT Pay” ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာဖြစ်သော https://www.facebook.com/MPTPayOfficial သို့ ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။ “MPT Pay” အက်ပလီကေးရှင်း ကို Android အသုံးပြုသူများအနေဖြင့် Google Play Store နှင့် iOS အသုံးပြုသူများအနေဖြင့် Apple Store မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်၍ ရယူ အသုံးပြုနိုင်သည်။