WavePay အကောင့်ထဲမှ ငွေထုတ်ယူသုံးစွဲခွင့်ကို တစ်နေ့လျှင် ကျပ်သုံးသိန်းအထိသာ ထုတ်ယူခွင့်သာရှိကြောင်းထုတ်ပြန်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ယာယီညွှန်ကြားချက်အရ ၂၀၂၁ ၊ မတ်လ ၇ ရက်နေ့မှစတင်၍ WavePay အကောင့်ထဲမှ ငွေထုတ်ယူခွင့်ကို တစ်နေ့လျှင် သုံးသိန်းကျပ်အထိပြောင်းလဲသတ်မှတ်ထားပြီး မိမိအကောင့်နှင့်ချိတ်ဆက်ထားသော ရိုးမဘဏ်အကောင့်သို့ ငွေလွှဲခွင့်ကိုလည်း သုံးသိန်းကျပ်အထိပြောင်းလဲသတ်မှတ်ထားကြောင်း Wave Money မှ ထုတ်ပြန် ထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်တာနက်လိုင်းကွန်ရက်ပြတ်တောက်မှုများကြောင့် Wave Money ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းများ ယာယီရပ်နားထားခဲ့ရသော်လည်း ယခုအခါတွင် ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်ကာ နိုင်ငံအတွင်း ဆက်သွယ်ရေးကွန်ရက်ယာ ယီပြတ်တောက်မှုများကြောင့် Wave Money ဆိုင်များနှင့် WavePay အက်ပလီကေးရှင်းတို့မှတဆင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးရန် နှောင့်နှေးမှုများကြုံ တွေ့ခဲ့ကြရသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင်လည်း ဆက်သွယ်ရေးညွှန်ကြားချက်များအရ ကွန်ရက်ယာယီထိန်းသိမ်းမှုများကြောင့် Wave Money ငွေလွှဲ၊ ငွေ ထုတ်လုပ်ငန်းများနှင့် WavePay Application လုပ်ငန်းလုပ်ဆောင်ချက်များရပ်တန့်ခဲ့ကြရသည်။

Photo Source https://www.wavemoney.com.mm

Wave Money အနေဖြင့်လည်း ဝန်ဆောင်မှုအကူအညီများရယူလိုပါက Wave Money customer service သို့ဆက်သွယ် နိုင်ရန်ဖုန်းနံပါတ်များထုတ်ပြန်ထားသည်။ Telenor အသုံးပြုသူများက 900 နှင့် အခြားအော်ပရေတာများက 09790009000 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။ ထို့အပြင် Wave Money နှင့် WavePay အသုံးပြုသူများအနေဖြင့် Wave Money ၏ Facebook နှင့် Messenger အား ဆက်သွယ်ရန်အခက်အခဲရှိပါက ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော အထက်တွင် ဖော်ပြပေးထားသော ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်မည်ဖြစ်သည်။
Wave Money ၏ ဝန်ဆောင်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်များအား Wave Money ၏ တရားဝင် Website၊ Facebook၊ WavePay Application (သို့) call center တို့မှ တဆင့်အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ Wave Money Official Facebook Page ဖြစ်သော Wave Money နာမည်ဘေးတွင် Blue Mark(အပြာ ရောင်အမှန်ခြစ်) ပါမှသာ Wave Money Facebook Page အစစ်ဖြစ်ကြောင်း အထူးသတိပြုရန်လိုအပ်ကြောင်းလည်း ထုတ် ပြန်ထားသည်။
WavePay သုံးစွဲသူများအနေဖြင့်လည်း PIN နံပါတ်၊ OTP နံပါတ်၊ လျှို့ဝှက်နံပါတ်နှင့် အခြားကိုယ်ပိုင်အချက်အလက်များ အား မည်သူ့ကိုမှ မပြောပြပေးရန်ရန်၊ Wave Money customer service ဝန်ထမ်းများသည်လည်း သုံးစွဲသူတို့၏အချက် အလက်များနှင့်တစ်ဦးတည်းသာသိသင့်သော အချက်အလက်များအား မေးမြန်းခြင်းမရှိပါကြောင်းထုတ်ပြန်ထားသည်။ Wave Money သုံးစွဲသူများကိုလည်း တရားဝင် channel များမှသာ ဆက်သွယ်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။

Photo Source https://www.wavemoney.com.mm

Wave Money သည် ၂၀၂၀ ခုနှစ် ကိုဗစ် – ၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်းတွင်လည်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၁၂ ထရီလီယံ( အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) အထိ ငွေလွှဲ၊ ငွေထုတ်မှုများပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ် ဝန်ဆောင်ခအဖြစ်လည်း မြန်မာကျပ်ငွေ ၈၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၅ မီလီယံ) အထိ ပေးအပ်ခဲ့သည်။ ထိုကာလ အတွင်း Wave Money ငွေလွဲ၊ ငွေထုတ် ဝန်ဆောင်မှုအား လစဉ် ၃.၉ သန်းကျော်ရှိခဲ့ပြီး WavePay အသုံးပြုသူ လစဉ်အသုံး ပြုသူ ၁.၅ သန်းကျော် ရှိခဲ့ကြောင်းသိရသည်။
Wave Money သည်လွန်ခဲ့သော သုံးနှစ်ခန့်က ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လာခဲ့ပြီး သမာရိုးကျငွေထုတ်ယူမှုများ ဖြစ်သော ဘဏ်များ၊ ATM စက်များဖြင့် ငွေထုတ်ယူမှုကို သာလွန်ကာသုံးစွဲသူပေါင်း ၁၅ သန်းကျော်၊ ကိုယ်စားလှယ်ပေါင်း ၅၄၀၀၀ ကျော်နှင့်လည်ပတ်လျက်ရှိသည်။