Wave Money ငွေလွှဲငွေထုတ်ဝန်ဆောင်မှုများ ပုံမှန်အတိုင်းဆက်လက်အသုံးပြုနေနိုင်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း အင်တာနက်လိုင်းကွန်ရက်ပြတ်တောက်မှုများကြောင့် Wave Money ငွေလွှဲ၊ ငွေထုတ် လုပ်ငန်းများ ယာယီရပ်နားထားခဲ့ရသော်လည်း ယခုအခါတွင် ပုံမှန်အတိုင်းပြန်လည်အသုံးပြုနိုင်နေပြီဖြစ်ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်မှစတင်ကာ နိုင်ငံအတွင်း ဆက်သွယ်ရေးကွန်ရက်ယာ ယီပြတ်တောက်မှုများကြောင့် Wave Money ဆိုင်များနှင့် WavePay အက်ပလီကေးရှင်းတို့မှတဆင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများပေးရန် နှောင့်နှေးမှုများကြုံ တွေ့ခဲ့ကြရသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့နှင့် ၇ ရက်နေ့ များတွင်လည်း ဆက်သွယ်ရေးညွှန်ကြားချက်များအရ ကွန်ရက်ယာယီထိန်းသိမ်းမှုများကြောင့် Wave Money ငွေလွှဲ၊ ငွေ ထုတ်လုပ်ငန်းများနှင့် WavePay Application လုပ်ငန်းလုပ်ဆောင်ချက်များရပ်တန့်ခဲ့ကြရသည်။
“ကျွန်မတို့ဆိုင်ကတော့ အကောင့်ထဲမှာ ငွေလည်းရှိမယ်။ အင်တာနက်လိုင်းလည်းကောင်းမွန်တယ်ဆိုရင်တော့ ငွေလွှဲ၊ ငွေ ထုတ်တာကို ဆက်လက်လုပ်ဆောင်ပေးနေပါတယ်။ အခုလည်း အင်တာနက်လိုင်းလည်းအဆင်ပြန်ပြေနေပြီး အကောင့်ထဲ မှာ ငွေရှိသေးတာနဲ့ ငွေလွှဲ၊ ငွေထုတ်တာတွေကို ဆက်လက်လုပ်ကိုင်ပေးနေပါတယ်။ ငွေထုတ်၊ ငွေလွှဲတဲ့သူတွေလည်း များ နေဆဲပါပဲ”ဟု Wave Money ငွေလွှဲ၊ ငွေထုတ်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

Photo Source https://www.wavemoney.com.mm

ငွေလွှဲ၊ ငွေထုတ်ပြုလုပ်နေစဉ်ကာလအတွင်း ရုတ်တရက်ဆက်သွယ်မှုပြတ်တောက်သွားပါကလည်း ငွေသွင်း၊ ငွေထုတ်ပြု လုပ်နေသည့်စာရင်းသည်လည်း နဂိုမှုလအတိုင်းသာရှိနေမည်ဖြစ်ကြောင်း Wave Money မှ ထုတ်ပြန်ထားသည်။
“အခုလို ဘဏ်တွေမဖွင့်တဲ့ကာလမှာ ငွေလွှဲ၊ ငွေထုတ် လုပ်ဖို့က Wave Money ကပိုအဆင်ပြေတာကြောင့် ကွန်ရက်ရပ် တန့်မှုမဖြစ်စေချင်ဘူး။ Wave Money နဲ့ ငွေလွှဲ၊ ငွေထုတ်တာ လုပ်လို့ရနေတော့ လုပ်ငန်းကိစ္စတွေလည်း ပိုအဆင်ပြေစေပါ တယ်။ အဲ့ဒါကြောင့် ကွန်ရက်ရပ်တန့်သွားမှာလည်း စိုးရိမ်ပါတယ်”ဟု Wave Money နှင့် ငွေလွှဲငွေထုတ်ပြုလုပ်နေသူ လုပ် ငန်းရှင်တစ်ဦးကပြောသည်။
Wave Money အနေဖြင့်လည်း ဝန်ဆောင်မှုအကူအညီများရယူလိုပါက Wave Money customer service သို့ဆက်သွယ် နိုင်ရန်ဖုန်းနံပါတ်များထုတ်ပြန်ထားသည်။ Telenor အသုံးပြုသူများက 900 နှင့် အခြားအော်ပရေတာများက 09790009000 သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။ ထို့အပြင် Wave Money နှင့် WavePay အသုံးပြုသူများအနေဖြင့် Wave Money ၏ Facebook နှင့် Messenger အား ဆက်သွယ်ရန်အခက်အခဲရှိပါက ၂၄ နာရီ ဝန်ဆောင်မှုပေးနေသော အထက်တွင် ဖော်ပြပေးထားသော ဖုန်းနံပါတ်များသို့ဆက်သွယ်နိုင်မည်ဖြစ်သည်။
Wave Money ၏ ဝန်ဆောင်မှုနှင့်သက်ဆိုင်သော သတင်းအချက်အလက်များအား Wave Money ၏ တရားဝင် Website၊ Facebook၊ WavePay Application (သို့) call center တို့မှ တဆင့်အချိန်နှင့် တစ်ပြေးညီ ဖော်ပြပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ Wave Money Official Facebook Page ဖြစ်သော Wave Money နာမည်ဘေးတွင် Blue Mark(အပြာ ရောင်အမှန်ခြစ်) ပါမှသာ Wave Money Facebook Page အစစ်ဖြစ်ကြောင်း အထူးသတိပြုရန်လိုအပ်ကြောင်းလည်း ထုတ် ပြန်ထားသည်။

Photo Source https://www.wavemoney.com.mm

WavePay သုံးစွဲသူများအနေဖြင့်လည်း PIN နံပါတ်၊ OTP နံပါတ်၊ လျှို့ဝှက်နံပါတ်နှင့် အခြားကိုယ်ပိုင်အချက်အလက်များ အား မည်သူ့ကိုမှ မပြောပြပေးရန်ရန်၊ Wave Money customer service ဝန်ထမ်းများသည်လည်း သုံးစွဲသူတို့၏အချက် အလက်များနှင့်တစ်ဦးတည်းသာသိသင့်သော အချက်အလက်များအား မေးမြန်းခြင်းမရှိပါကြောင်းထုတ်ပြန်ထားသည်။ Wave Money သုံးစွဲသူများကိုလည်း တရားဝင် channel များမှသာ ဆက်သွယ်ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။
Wave Money သည် ၂၀၂၀ ခုနှစ် ကိုဗစ် – ၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်းတွင်လည်း ငွေလွှဲပမာဏ မြန်မာကျပ်ငွေ ၁၂ ထရီလီယံ( အမေရိကန်ဒေါ်လာ ၈.၇ ဘီလီယံ) အထိ ငွေလွှဲ၊ ငွေထုတ်မှုများပြုလုပ်နိုင်ခဲ့သည်။ ထို့အပြင် ကိုယ်စားလှယ် ဝန်ဆောင်ခအဖြစ်လည်း မြန်မာကျပ်ငွေ ၈၈ ဘီလီယံ(အမေရိကန်ဒေါ်လာ ၆၅ မီလီယံ) အထိ ပေးအပ်ခဲ့သည်။ ထိုကာလ အတွင်း Wave Money ငွေလွဲ၊ ငွေထုတ် ဝန်ဆောင်မှုအား လစဉ် ၃.၉ သန်းကျော်ရှိခဲ့ပြီး WavePay အသုံးပြုသူ လစဉ်အသုံး ပြုသူ ၁.၅ သန်းကျော် ရှိခဲ့ကြောင်းသိရသည်။