VPG (vivo Process Guardian) နည်းပညာကို အသုံးပြု အဆင့်မြှင့်တင်ထားတဲ့ vivo Y50 စမတ်ဖုန်း၏ လျှို့ဝှက်ချက်များ

VPG (vivo Process Guardian) နည်းပညာကို အသုံးပြု အဆင့်မြှင့်တင်ထားတဲ့ vivo Y50 စမတ်ဖုန်း၏ လျှို့ဝှက်ချက်များ ကို vivo Y50 စမတ်ဖုန်းသုံးစွဲတဲ့သူတိုင်း သိထားသင့်တာအသေချာပါပဲ။ 6.53 လက်မအရွယ်ရှိတဲ့ iView Display က အရှေ့ကင်မရာကို သေးငယ်စေပြီး စိတ်လှုပ်ရှားစရာ မြင်ကွင်းရရှိအောင် ပိုမို ချဲ့ထွင်ပေးပါတယ်။
90.77% screen-to-body ratio ရှိပြီး မက်မောစရာ 19.5:9 aspect ratio နဲ့ ပြုလုပ်ထားတဲ့အပြင် 2340×1080 FHD+ resolution ရှိပါတယ်။ ပြီးပြည့်စုံခြင်းဆိုတဲ့ ခြေလှမ်းတစ်လှမ်းကို တက်လှမ်းနိုင်ဖို့ အက်ပလီကေးရှင်းတွေရဲ့ interface တွေကို သီးသန့် ဖန်တီးထားတော့ ပိုမို ချောမွေ့တဲ့ မျက်နှာပြင် အသုံးပြုမှုအတွေ့အကြုံကို ရရှိစေမှာပါ။ Y50 က စွဲမက်ဖွယ်ရာ မြင်ကွင်း တွေကို ပေးစွမ်းနိုင်မယ်ဆိုတာ အာမခံနေတာပါ။
Y50 ရဲ့ ကိုယ်ထည်ကို ကျက်သရေရှိ လှပစေဖို့ အသေးစိတ်ကအစ ဖန်တီးပုံဖော်ထားပါတယ်။ နူးညံ့သိမ်မွေ့တဲ့ 3D အချိုးလေးတွေကို သေချာစွာ ဒီဇိုင်းရေးဆွဲထားပြီး ဘေးအနားဘောင်တွေကို ရှားပါးလွန်းတဲ့ ချောချောမွေ့မွေ့လိုင်းလေး တွေရအောင် ပုံဖော်ထားပါတယ်။ ရေတံခွန်လို စီးဆင်းနေတဲ့ အလင်းရောင်အကွက်လေးတွေက ချောမွေ့တဲ့ အလွှာလေး တွေအဖြစ် တည်ရှိနေပြီး ကျက်သရေရှိ လှပတဲ့ Pearl White အရောင်နဲ့ ခမ်းနားကြီးကျယ်တဲ့ Starry Black အရောင် ၂ ရောင်လုံးက အထက်တန်းကျကျ အနုပညာဆန်တဲ့ အလှကို ပေးစွမ်းပေးပါတယ်။ vivo Y50 စမတ်ဖုန်းရဲ့ Face Beauty ပါဝင်တဲ့ 16MP အရှေ့ကင်မရာက လှပမှုတွေကို အားစိုက်ထုတ်စရာမလိုဘဲ ဖန်တီး နိုင်မှာလည်းဖြစ်ပါတယ်။

Photo Source https://www.vivo.com/mm

Multi-Turbo 3.0 ကို စမတ်ဖုန်းနယ်ပယ်ရဲ့ ပထမတန်းစား VPG (vivo Process Guardian) နည်းပညာကို အသုံးပြု အဆင့်မြှင့်တင်ထားပြီး အရှိန်မြှင့်မြှင့် အထစ်အငေါ့မရှိ အသုံးပြုနိုင်ဖို့ အဓိကစနစ်ထိန်းချုပ်မှုအတွက် Center Turbo နဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်မှုကိုချမှတ်နိုင်ရန် AI Turbo တို့ တပ်ဆင်ထားပါတယ်။ အခြားပြင်ပ အက်ပလီကေး ရှင်းတွေကြောင့် ပေါ်ပေါက်လာနိုင်တဲ့ စနစ်မမှန်ကန်မှုကို ခန့်မှန်းပြီး မပေါ်ပေါက်ခင် ကြိုတင် ကာကွယ်ပေးပါတယ်။ တိကျတဲ့ စနစ် ပုံစံမမှန်မှုတွေအတွက် 75 ရာခိုင်နှုန်း ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်ပေးပြီး တိကျတဲ့ ပြင်ပအက်ပလီကေး ရှင်းတွေအတွက် ပွတ်တိုက်မှုတွေကို 80 ရာခိုင်နှုန်း လျော့ကျစေပါတယ်။
AI Turbo က intelligent scheduling က တစ်ဆင့် ပိုမိုမြန်တဲ့အရှိန်နှုန်းကို ရရှိစေပါတယ်။ သူက အက်ပလီကေး ရှင်းလုပ်ဆောင်မှု နည်းဗျူဟာကို ခန့်မှန်းပေးပြီး AI pre-loading အသုံးပြုကာ သင်သုံးစွဲထားတဲ့ ပြင်ပ အက်ပလီကေး ရှင်းတွေကို 20 ရာခိုင်နှုန်း မြန်ဆန်စေဖို့ လုပ်ဆောင်ပေးပါတယ်။

Photo Source https://www.vivo.com/mm

Ultra Stable Video System ကတော့ မိုဘိုင်းလ် videos တွေကို ရုပ်ရှင်ပိတ်ကားတွေနဲ့အပြိုင် တည်ငြိမ်ပြတ်သားစွာ ကြည့်ရှုနိုင်မှာပါ။ video တွေရိုက်တဲ့အခါ သဘာဝအလျောက် ဖြစ်လာတဲ့ လက်တုန်မှုတွေကို စမတ်ဖုန်းနယ်ပယ်ရဲ့ ထိပ်တန်း stabilization algorithm နဲ့ ရွေ့လျားမှု ဆင်ဆာတို့က မီလီမီတာအထိ တိတိကျကျ တည်ငြိမ်မှုပေးနိုင်ပါတယ်။
5000mAh Battery ပါဝင်တဲ့အတွက် သီချင်းတွေ၊ TV ဒရာမာတွေနဲ့ စိတ်လှုပ်ရှားစရာ ဂိမ်းတွေမှာ စီးမျောခံစားနိုင်ပါတယ်။ ဒါ့အပြင် ခရီးသွားနေတဲ့ အချိန်တွေမှာ သင့်ရဲ့ ဘက်ထရီအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ Funtouch OS 10 က USB cable သွင်းလိုက်ချိန်၊ screen အဖွင့်အပိတ် လုပ်ချိန်တို့မှာ ပတ်ဝန်းကျင်အလင်းနဲ့ ထင်ရှားတဲ့ animations တွေကို ပေးစွမ်းနိုင်ပါတယ်။ သင့်အနေနဲ့ ပိုမို ဂရုစိုက် ထိတွေ့မှု မိုဘိုင်းလ် အသုံးပြုမှု အတွေ့အကြုံကို ခံစားရစေမှာပါ။
Jovi Smart Scene လုပ်ဆောင်ချက်ကတော့ အသက်အရွယ်၊ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ရေဓာတ်ပြည့်ဝစေဖို့ ရေအမြဲသောက်ဖို့ သတိပေးနေမှာပါ။ အားကစား စီစဉ်မှု အချက်ပြ tools တွေကလည်း ဖုန်းအသုံးပြုသူရဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး လမ်းလျှောက်ဖို့၊ တောင်တက်ဖို့တွေ သတိပေးနေမှာဖြစ်ပြီး လုပ်ဆောင်ချက်တွေကို အမြဲ မှတ်တမ်းတင်နေမှာပါပဲဖြစ်ပါတယ်။