ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ customer များ KBZPay မှတဆင့် ဘဏ်ခွဲ appointment ရယူနိုင်

ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်မြို့များရှိ customer များအနေဖြင့် ဘဏ်ဝန်ဆောင်မှုများရယူရန် ဘဏ်ခွဲတွင် သွားရောက်တန်းစီရန် မလိုအပ်တော့ပဲ KBZPay အသုံးပြုသူ – အဆင့် ၁.၅ နှင့် ၂ ရှိသူများအနေဖြင့် KBZPay မှတဆင့် ဘဏ်ခွဲ appoinment ရယူနိုင်ပြီဖြစ်ကြောင်းသိရသည်။
Customer များသည် အက်ပလီကေးရှင်းမှတဆင့် ရယူလိုသော ဝန်ဆောင်မှုများကို ကြည့်ရှုစစ်ဆေးပြီး ဘဏ်ခွဲသို့သွားရောက်နိုင်မည့် နေ့ရက်နှင့်အချိန်ကို ကြိုတင်စာရင်း ပေးနိုင်မည်ဖြစ်သည်။ Appointment လက်ခံရရှိပြီးပါက screenshot ရယူထားပြီး ဘဏ်ခွဲသို့ ချိန်းထားသော နေ့ရက် နှင့်အချိန် အတိုင်း လာရောက်ရာတွင် ယူဆောင်လာရမည်ဖြစ်သည်။

Photo Source https://www.kbzpay.com/my/

KBZPay ဘဏ်ခွဲ appointment မှတဆင့် ရရှိနိုင်သော ဝန်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်သည်။
ငွေအပ်နှံခြင်း
ချက်လက်မှတ်အပ်နှံခြင်း
KBZPay သို့ ငွေသွင်း
ငွေထုတ် (ဘဏ်ခွဲ)
KBZPay မှ ငွေထုတ် (ဘဏ်ခွဲ)
KBZPay ကိုယ်စားလှယ်မှငွေထုတ်ခြင်း
အကောင့်ချင်းချင်း ငွေလွှဲ (MMK – MMK)
အကောင့်အချင်းချင်း ငွေလွှဲ (FC – MMK)
အခြားဘဏ်သို့ငွေလွှဲ (KBZ > အခြားဘဏ်များ)
အပ်ငွေစာရင်းဖွင့်ခြင်း (ကိုယ်ပိုင် / ပူးတွဲ)
KBZPay QuickPay
မိုဘိုင်း / အင်တာနက် ဘဏ်အကောင့်ဖွင့်ခြင်း
KBZPay (ကိုယ်စားလှယ်/အရောင်းဆိုင်) စာရင်းဖွင့်ခြင်း
PO ထုတ်ပေးခြင်း (ငွေသား)
PO ထုတ်ပေးခြင်း (AC Transfer)
ATM ကဒ်ထုတ်ပေးခြင်း / ကဒ်ပျောက်ခြင်းအတွက် အသစ်ထုတ်ပေးခြင်း
PIN နံပါတ် မေ့သွားခြင်း/error တက်ခြင်း (ATM/mBanking/iBanking)
Txn လော့ဒ်ကျခြင်း/error တက်ခြင်း (mBanking/iBanking)
ဘဏ်အကောင့်/ကဒ် statement/ငွေလက်ကျန် စစ်ခြင်း
ကိုယ်ရေးအချက်အလက်အသစ်ပြင်ဆင်ခြင်း (ဘဏ်/KBZPay)
ချက်လက်မှတ်စာအုပ်အသစ်ပြုလုပ်လိုခြင်း
ချက်လက်မှတ်စာအုပ်အသစ်ထုတ်ယူခြင်း
ချေးငွေပြန်ဆပ်ခြင်း
Safe Locker အပ်နှံခြင်း တို့ဖြစ်သည်။

Photo Source https://www.kbzpay.com/my/

KBZPay ဖြင့် Branch Appointment ရယူပုံအဆင့်ဆင့်ကို အောက်ပါ Link တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ https://youtu.be/aMhZq9iB0XI
KBZPay App ကို အောက်ပါ Link မှ ဒေါင်းလုတ်ရယူနိုင်မည်လည်းဖြစ်သည်။
iOS – https://apple.co/31igRU9
Android – http://bit.ly/2RP3U0N
အခုဝန်ဆောင်မှုကိုအသုံးပြုနိုင်ရန်အတွက် KBZPay အကောင့်ကိုအဆင့် ၁.၅ သို့မြှင့်တင်ထားရန်လိုအပ်ပါတယ်။ အဆင်မြှင့်တင်ရန် အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/watch?v=aMhZq9iB0XI